သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ စစ်ပြိုင်တိုက်နေတဲ့ ၂ ဘက် စာနာမှုအကူအညီအတွက် ခေတ္တ အပစ်ရပ်


ဆူဒန်နိုင်ငံ ခါတွမ်းမြို့က လူနေရပ်ကွက်တွေမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဒုတိယမြောက်နေ့အဖြစ် တိုက်ခိုက်မှုတွေအတွင်း  မီးလောင်ကျွမ်းနေစဉ်။ (ဧပြီ ၁၆၊ ၂၀၂၃)
ဆူဒန်နိုင်ငံ ခါတွမ်းမြို့က လူနေရပ်ကွက်တွေမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဒုတိယမြောက်နေ့အဖြစ် တိုက်ခိုက်မှုတွေအတွင်း  မီးလောင်ကျွမ်းနေစဉ်။ (ဧပြီ ၁၆၊ ၂၀၂၃)

{{Zawgyi/Unicode}}

ဆူဒန်နိုင်ငံမှာ စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေက လူသားချင်းစာနာထောက် ထားရေးလုပ်ငန်းအတွက် သုံးနာရီကြာအပစ်ရပ်ဖို့ သဘောတူကြကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

စစ်တပ်အချင်းချင်းတိုက်ကြတဲ့ ဒီ တိုက်ပွဲမှာ စနေနေ့ကတည်းက လူအနည်းဆုံး ၅၆ ယောက် သေဆုံးခဲ့ပြီး ရာချီဒဏ်ရာရခဲ့ကြပါတယ်။ စစ်တပ်နဲ့ RSF ခေါ် မြန်မြန်ဆန်ဆန် ပံ့ပိုးကူညီရေးတပ်ဖွဲ့တွေက အဆိုပြု ရပ်နားချိန်အတိုင်းရပ်ကြဖို့ သဘောတူလိုက်ကြတာဖြစ်တယ်လို့ ကုလသမဂ္ဂ ကြေညာချက်က ဆိုပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းအထိ ဆူဒန်စစ်ဌာနချုပ်နဲ့ သမ္မတနန်းတော်အနီးတဝိုက်မှာ ကြီးကြီးမားမားပစ်ခတ်နေကြတာကို ကြားနေရပါတယ်။ စစ်တပ်ကရော RSFအဖွဲ့ကပါ မဟာဗျူဟာကျတဲ့နေရာတွေကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောကြပါတယ်။ စနေနေ့က ပစ်ကြခတ်ကြတဲ့အထဲ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ဝန်ထမ်းသုံးယောက် သေဆုံးသွားကြပြီးတဲ့နောက် WFP က သူ့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ကြေညာခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်ပွါးနေတဲ့ ခါတွန်မြို့လယ်ခေါင်က ကက်သိုလစ်ကျောင်းမှာ ကျောင်းသား ၂၅၀ ကျော်နဲ့ သမ္မတနန်းတော်ရဲ့အရှေ့ဘက် ဆူဒန် ကူဝိတ် စီးပွါးရေးစင်တာမှာ သတင်းစာဆရာ ၁၂ ယောက်လောက်ဟာ စနေနေ့ မနက်ကတည်းက ပိတ်မိနေကြပါတယ်။

အဲဒီနေရာတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး ပိတ်မိနေကြသူတွေအနေနဲ့ စားနပ်ရိက္ခာ ပြတ်နေကြပါတယ်။ အရပ်သား အုပ်ချုပ်ရေးကို ကူးပြောင်းဖို့အတွက် RSFအဖွဲ့ကို စစ်တပ်နဲ့ဘယ်လိုပေါင်းဖွဲ့ပြီး ဘယ်သူက အဲဒီလို ပေါင်းစည်းတဲ့ဖြစ်စဉ်ကို ကြီးကြပ်မလဲဆိုတဲ့ကိစ္စအပေါ် သဘောထား ကွဲပြားကြရာက စစ်တပ်နဲ့ RSF ကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဆိုကြပါတယ်။

စစ်တပ်က ၂၀၂၁ အောက်တိုဘာလမှာ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ အာဖရိကညီညွတ်ရေးအဖွဲ့ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီဟာ တနင်္ဂနွေနေ့က အထူးအစည်းအဝေးကျင်းပခဲ့ပြီး ဆူဒန်စစ်တပ်နဲ့ RSF ခေါင်းဆောင်တွေကို အပစ်ရပ်ကြပြီး ဆွေးနွေးညှိနှိုင်းကြဖို့ တိုက်တွန်းလိုက်ကြပါတယ်။ ကုလသမဂ္ဂနဲ့ အာရပ်လိဂ် အဖွဲ့ချုပ်ကလည်း အလားတူ တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------

{{Unicode}}








XS
SM
MD
LG