သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဆူဒန္ဆႏၵျပပဲြ လူ ၇ ဦးထပ္မံေသဆံုး


၂၀၂၁ ေအာက္တိုဘာလ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပေနတဲ့ ဆူဒန္ျပည္သူမ်ား (ဇန္န၀ါရီ ၆၊ ၂၀၂၂)

ဆူဒန္ႏိုင္ငံမွာ အာဏာသိမ္းမႈ ဆန႔္က်င္တဲ့ တနလၤာေန႔ ဆႏၵျပပြဲမွာ လုံၿခဳံေရးတပ္ေတြေၾကာင့္ ဆႏၵျပသူ ၇ ဦးေသဆုံးခဲ့ရတယ္လို႔ ဆူဒန္ဆရာဝန္မ်ား အဖြဲ႕ကေျပာပါတယ္။

လုံၿခဳံေရးတာဝန္ခံေတြ ကေတာ့ ႐ုန္းရင္းဆန္ခတ္မႈ ျဖစ္ေအာင္ လုပ္ရာမွာ တာဝန္ရွိသူ လို႔သတ္မွတ္သူေတြကို အေရးယူမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ဆူဒန္ျပႆနာ အေျဖရွာဖို႔ အေမရိကန္သံတမန္ဆူဒန္ကို မလာခင္မွာပဲ အခုလို ဆႏၵျပမႈေတြျဖစ္ပြါးခဲ့တာပါ။ တနလၤာေန႔မွာ ေနာက္ထပ္ ၇ ဦး ေသဆုံးခဲ့ရတဲ့အတြက္ အခုဆို ေအာက္တိုဘာလ ၂၅ ရက္ ဗိုလ္ခ်ဳပ္ႀကီး Abdel-Fattah Burhan အာဏာသိမ္းခဲ့ ခ်ိန္ကစၿပီး အာဏာသိမ္းဆန႔္က်င္သူ ၇၁ ဦး ေသဆုံးခဲ့ရၿပီျဖစ္ပါတယ္။
၂၀၁၉ မွာ သမၼတ Omar al-Bashir ကို ျဖဳတ္ခ်ခဲ့ခ်ိန္ကစၿပီး စစ္တပ္နဲ႔ အရပ္ဖက္ ပူးတြဲ အုပ္ခ်ဳပ္ေနရာကေန စစ္တပ္က အာဏာသိမ္းခဲ့တာ ျဖစ္ပါတယ္။
တနလၤာေန႔ ေသဆုံးခဲ့ရတဲ ဆႏၵျပသူ ၃ ဦးဟာ စစ္ေကာင္စီရဲ႕ လက္နက္ကိုင္အဖြဲ႕က ပစ္ခတ္တဲ့ က်ည္ဆန္ထိမွန္ေသဆုံးရတာလို႔ ဆူဒန္ က်န္းမားေရးဝန္ႀကီးဌာန ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အာဏာသိမ္းမႈဆန႔္က်င္တဲ့ ေဆးပညာရွင္တဦးက ေရးသားထားတာပါ။ ေနာက္ ၄ ဦးကေတာ့ ဆႏၵျပသူေတြကို အာဏာပိုင္ေတြၿဖိဳခြဲမႈ အတြင္း ေသဆုံးရတယ္လို႔ လြတ္လပ္တဲ့ ဆူဒန္ဆရာဝန္မ်ား ဗဟိုေကာ္မတီက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး Burhan ဟာ သူ႔ရဲ႕ လုံၿခဳံေရးတာဝန္ခံေတြနဲ႔ တနလၤာေန႔မွာ အေရးေပၚ အစည္းေဝး ေခၚယူခဲ့ၿပီး အၾကမ္းဖက္ႏွိမ္နင္းေရး တပ္ဖြဲ႕ဖြဲ႕စည္းဖို႔ သေဘာတူခဲ့ သလို ဆႏၵျပသူေတြဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပတာ မဟုတ္ေတာ့ပဲ ပရမ္းပတာ အေျခေနျဖစ္ေအာင္ လုပ္လာတာ ျဖစ္ၿပီး ဒီအၾကမ္းဖက္မႈမွာ ပါဝင္သူေတြကို ေျခမႈန္းမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ ဆူဒန္မွာ အုပ္ခ်ဳပ္ေနတဲ့ ေကာင္စီကေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

ဆူဒန္ဆႏၵျပပဲြ လူ ၇ ဦးထပ္မံေသဆံုး
please wait

No media source currently available

0:00 0:01:31 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------------

ဆူဒန်ဆန္ဒပြပွဲ လူ ၇ ဦးထပ်မံသေဆုံး

ဆူဒန်နိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ တနင်္လာနေ့ ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်တွေကြောင့် ဆန္ဒပြသူ ၇ ဦးသေဆုံးခဲ့ရတယ်လို့ ဆူဒန်ဆရာဝန်များ အဖွဲ့ကပြောပါတယ်။

လုံခြုံရေးတာဝန်ခံတွေ ကတော့ ရုန်းရင်းဆန်ခတ်မှု ဖြစ်အောင် လုပ်ရာမှာ တာဝန်ရှိသူ လို့သတ်မှတ်သူတွေကို အရေးယူမှာဖြစ်ကြောင်း ပြောပါတယ်။

ဆူဒန်ပြဿနာ အဖြေရှာဖို့ အမေရိကန်သံတမန်ဆူဒန်ကို မလာခင်မှာပဲ အခုလို ဆန္ဒပြမှုတွေဖြစ်ပွါးခဲ့တာပါ။ တနင်္လာနေ့မှာ နောက်ထပ် ၇ ဦး သေဆုံးခဲ့ရတဲ့အတွက် အခုဆို အောက်တိုဘာလ ၂၅ ရက် ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan အာဏာသိမ်းခဲ့ ချိန်ကစပြီး အာဏာသိမ်းဆန့်ကျင်သူ ၇၁ ဦး သေဆုံးခဲ့ရပြီဖြစ်ပါတယ်။
၂၀၁၉ မှာ သမ္မတ Omar al-Bashir ကို ဖြုတ်ချခဲ့ချိန်ကစပြီး စစ်တပ်နဲ့ အရပ်ဖက် ပူးတွဲ အုပ်ချုပ်နေရာကနေ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။
တနင်္လာနေ့ သေဆုံးခဲ့ရတဲ ဆန္ဒပြသူ ၃ ဦးဟာ စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တဲ့ ကျည်ဆန်ထိမှန်သေဆုံးရတာလို့ ဆူဒန် ကျန်းမားရေးဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာမှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆေးပညာရှင်တဦးက ရေးသားထားတာပါ။ နောက် ၄ ဦးကတော့ ဆန္ဒပြသူတွေကို အာဏာပိုင်တွေဖြိုခွဲမှု အတွင်း သေဆုံးရတယ်လို့ လွတ်လပ်တဲ့ ဆူဒန်ဆရာဝန်များ ဗဟိုကော်မတီက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး Burhan ဟာ သူ့ရဲ့ လုံခြုံရေးတာဝန်ခံတွေနဲ့ တနင်္လာနေ့မှာ အရေးပေါ် အစည်းဝေး ခေါ်ယူခဲ့ပြီး အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဖွဲ့စည်းဖို့ သဘောတူခဲ့ သလို ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတာ မဟုတ်တော့ပဲ ပရမ်းပတာ အခြေနေဖြစ်အောင် လုပ်လာတာ ဖြစ်ပြီး ဒီအကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ခြေမှုန်းမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆူဒန်မှာ အုပ်ချုပ်နေတဲ့ ကောင်စီကကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

XS
SM
MD
LG