သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြောင်းလုံခြုံရေး မူဝါဒသစ် ဂျပန် ပြဌာန်း


Japan's Prime Minister Fumio Kishida, right, speaks next to Minister of State for Ocean Policy Koichi Tani during a meeting at the prime minister's office in Tokyo, April 28, 2023.
Japan's Prime Minister Fumio Kishida, right, speaks next to Minister of State for Ocean Policy Koichi Tani during a meeting at the prime minister's office in Tokyo, April 28, 2023.

ဂျပန်နိုင်ငံရဲ့ ရေကြောင်းရန် ကာကွယ်ရေး ပိုမိုခိုင်မာအားကောင်းစေဖို့အတွက် ရေကြောင်းလုံခြုံရေးဆိုင်ရာ မူဝါဒသစ်တရပ်ကို ဂျပန်နိုင်ငံက အတည်ပြုလိုက်ပါတယ်။ ဂျပန် ကမ်းခြေစောင့်တပ်တွေရဲ့ စွမ်းရည်နဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မှုပါအဝင် ပင်လယ်သမုဒ္ဒရာရေကြောင်း လုံခြုံရေး ပိုအားကောင်းစေဖို့ ၅ နှစ်တာကျင့်သုံးမယ့် မူဝါဒသစ်ကို မနေ့ကပဲ ပြဌာန်းလိုက်တာပါ။

ဒေသတွင်းမှာ တရုတ်ရဲ့ ရေကြောင်းအင်အား တိုးချဲ့မှုနဲ့ ရန်လိုမှုတွေ တိုးလာနေချိန်မှာ ဂျပန်အစိုးရက အခုလို လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။ ရေအောက် စောင့်ကြည့် ထောက်လှမ်းမှုတွေ ထိထိရောက်ရောက် အရှိန်မြှင့် လုပ်နိုင်ဖို့အတွက် အလိုအလျောက် ထိန်းချုပ်သွားလာနိုင်တဲ့ ရေအောက် စောင့်ကြည့်ယာဉ်တွေနဲ့ စက်ရုပ်တွေ ပိုပြီးထားရှိသွားရလိမ့်မယ်လို့ ဝန်ကြီးချုပ် Fumio Kishida အစိုးရက ပြောပါတယ်။

အခုလို ရေကြောင်း လုံခြုံရေး တိုးမြှင့်ဖို့ လိုအပ်လာစေတဲ့ ခြိမ်းခြောက်မှုတွေထဲမှာတော့ ဂျပန်ရေပိုင်နက်ထဲမှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေ အကြိမ်ကြိမ် ဝင်ရောက်ကျူးကျော်တာ၊ ဂျပန် အထူးစီးပွားရေးဇုံထဲမှာ နိုင်ငံခြား စောင့်ကြည့်ရေယာဉ်တွေ တရားမဝင် ဝင်ရောက်ထောက်လှမ်းမှုတွေ ပိုများလာတာ၊ တရုတ်နဲ့ ရုရှား ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ တိုးလာတာနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေ အကြိမ်ကြိမ် ဖြစ်လာတာတွေကို ဖော်ပြထားပါတယ်။

XS
SM
MD
LG