သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရပ်အဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသမ္မတ မိန့်ခွန်းပြော


အာရပ်အဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (မေ ၁၉၊ ၂၀၂၃)
အာရပ်အဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (မေ ၁၉၊ ၂၀၂၃)

ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပနေတဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ် Arab League ထိပ်သီးစည်းဝေးပွဲဖွင့်ပွဲမှာ ယူကရိန်း သမ္မတ Volodymyr Zelenskyy ဒီနေ့ (မေ ၁၉) တက်ရောက် မိန့်ခွန်းပြောကြားပါတယ်။ Jeddah မြို့မှာ အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပတဲ့ အိမ်ရှေ့မင်းသား Mohammed Bin Salman ကိုကျေးဇူးတင်ကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ ဒီစည်းဝေးပွဲတက်ရောက်နေကြသူ အများစုက တရားမျှတမှုကို လိုလားကြမယ်လို့ သူမျှော်လင့်ကြောင်း ယူကရိန်းသမ္မတက မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ Arab League ထိပ်သီးစည်းဝေးပွဲကို သူတက်ရောက်မယ်လို့ ကြိုတင်ကြေညာထားခြင်း မရှိဘဲ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။

အာရပ်အဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲအတွင်း ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (မေ ၁၉၊ ၂၀၂၃)
အာရပ်အဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲအတွင်း ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (မေ ၁၉၊ ၂၀၂၃)

Arab League ထိပ်သီးစည်းဝေးပွဲတွေကို နှစ်နဲ့ချီကြာအောင် ဖိတ်ကြားမခံရတဲ့ ဆီးရီးယားသမ္မတ Bashar al-Assad လည်း ဒီတခေါက် စည်းဝေးပွဲကို တက်ရောက်နေပါတယ်။ ဆီရီးယားနိုင်ငံဟာ ရုရှားရဲ့ မဟာမိတ်နိုင်ငံတခုဖြစ်ပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့ပြီး ပြည်တွင်းစစ်ဖြစ်တဲ့အထိ အခြေအနေဆိုးခဲ့တဲ့ ဆီးရီးယားနိုင်ငံကို Arab League နိုင်ငံများစားရင်းကနေ ၂၀၁၁ ခုနှစ်မှာ ထုတ်ပယ်ခဲ့တာပါ။ ဒါပေမဲ့ ဆီးရီးယားမှာ သူ့ရဲ့အာဏာ ဆက်လက်ခိုင်မြဲနေတယ်ဆိုတာကို လက်ခံပြီးနောက်မှာ သူ့ကို ပြန်လည်လက်ခံတာဖြစ်ပါတယ်။

ကမ္ဘာမှာ ရေနံအများဆုံး တင်ပို့ရောင်းချတဲ့ ဆော်ဒီအာရေဗျနိုင်ငံက အရှေ့အလယ်ပိုင်းသာမက တခြားနိုင်ငံတွေမှာ သူ့ရဲ့ သံခင်း တမန်ခင်းဆက်ဆံရေးကို တိုးချဲ့နိုင်ဖို့ ကြိုးစားနေချိန်မှာ Arab League ထိပ်သီးစည်းဝေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG