အီရန္နဲ႔ ေဆာ္ဒီ သံတမန္ဆက္ဆံေရး ျပန္လည္ထူေထာင္
အီရန္နဲ႔ ေဆာ္ဒီအာေရဗ် ဟာ ႏွစ္ေပါင္းမ်ားစြာ တင္းမာမႈေတြ ျဖစ္ခဲ့ၿပီးေနာက္မွာ အခုအခါ သံတမန္ဆက္ဆံေရး ျပန္လည္ထူေထာင္ဖို႔နဲ႔ သံ႐ုံးေတြ ျပန္လည္ဖြင့္လွစ္ဖို႔ သေဘာတူညီခဲ့ၾကၿပီး ေရွ႕လာမယ့္ ႏွစ္လ အတြင္း မွာ အျပန္အလွန္ သံ႐ုံးေတြ ျပန္ဖြင့္ၾကဖို႔ ရွိပါတယ္။
ဒီသေဘာတူညီခ်က္ကို ေသာၾကာေန႔က အီရန္၊ ေဆာ္ဒီအာေရဗ် နဲ႔ အတူ တ႐ုတ္ႏိုင္ငံကပါ ပူးတြဲ ထုတ္ျပန္ခဲ့ၿပီး ဒီ ကိစၥမွာ တ႐ုတ္က ၾကားဝင္ေစ့စပ္ေပးခဲ့တယ္လို႔ ယူဆရပါတယ္။
အီရန္နဲ႔ ေဆာ္ဒီအာေရဗ် သံတမန္ ဆက္ဆံေရး ျပန္ထူေထာင္မယ့္ ေၾကညာခ်က္ အၿပီးမွာ တ႐ုတ္နဲ႔ ဆက္ဆံေရး တင္းမာေနေပမယ့္ ယီမင္ျပည္တြင္းစစ္ရပ္စဲေရး အပါအဝင္ ေဒသတြင္း တင္းမာမႈေတြ ေလ်ာ့ပါးေစတဲ့ တ႐ုတ္ရဲ႕ ႀကိဳးပမ္းခ်က္ေတြကို ႀကိဳဆိုေၾကာင္း အေမရိကန္ဘက္ကလည္း ထုတ္ျပန္ပါတယ္။
ဒီသေဘာတူညီဟာ ေရရွည္ခိုင္မာၿပီး ယီမင္စစ္ အဆုံးသတ္ႏိုင္မယ္ဆိုရင္၊ တခါ ေဆာ္ဒီအာေရဗ်အေနနဲ႔ ယီမင္က အီရန္ ေထာက္ပံ့ခံ တပ္ဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြကို ဆက္ မရင္ဆိုင္ရေတာ့ဘူးဆိုရင္ ဘယ္သူ႔ အက်ိဳးစီးပြား အတြက္ပဲ ျဖစ္ျဖစ္။ ဘယ္သူက ၾကားဝင္ ေစ့စပ္ေပးလို႔ပဲ ျဖစ္ျဖစ္ ဒါကို အေမရိကန္အေနနဲ႔ ၾကဳဆိုရမွာပါလို႔ အိမ္ျဖဴေတာ္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီရဲ႕ ေျပာခြင့္ရ John Kirby က ေသာၾကာေန႔မွာပဲ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။
အီရန္ဘက္က သေဘာတူညီခ်က္အတိုင္း တကယ္ ေလးစားလိုက္နာမလားဆိုတာ ေစာင့္ၾကည့္ရမယ္လို႔လည္း သူက ဆိုပါတယ္။ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္မွာ သံ အဆက္အသြယ္ ျပန္လုပ္ဖို႔ အျပင္ ႏိုင္ငံေတြရဲ႕ အခ်ဳပ္အျခာအာဏာကို ေလးစားလိုက္နာဖို႔နဲ႔ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ဖို႔ေတြလည္း ပါဝင္ပါတယ္။
အီရန္၊ ေဆာ္ဒီအာေရဗ် ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြက ျမင့္တက္ေနတာ ႏွစ္အတန္ၾကာေနၿပီး ဒါက ေဒသတြင္း က ပဋိပကၡေတြကို မီးထိုးေပးခဲ့ပါတယ္။ အီရန္က ေဆာ္ဒီသံ႐ုံးကို ဆႏၵျပသူေတြ က်ဴးေက်ာ္ဝင္ေရာက္ခဲလို႔ ၂၀၁၆ မွာ ေဆာ္ဒီဟာ အီရန္နဲ႔ ဆက္ဆံေရး ျဖတ္ေတာက္ခဲ့တာပါ။ အဲဒီ မတိုင္ခင္မွာ ေဆာ္ဒီ ဟာ ထင္ရွားတဲ့ ရွီယိုက္ ဘာသာေရးဆရာတဦးကို ကြပ္မ်က္ခဲ့လို႔ အီရန္မွာ ဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ အာေရဗ်ကြၽန္းဆြယ္ေဒသမွာ အီရန္က ေထာက္ပံ့တဲ့ ရွီယာ Houthi ဟူသီသူပုန္ေတြက ေဆာ္ဒီရဲ႕ စီးပြားေရး အခ်က္အခ်ာ ေရနံလုပ္ငန္းကို မၾကခဏ တိုက္ခိုက္ တာေတြ ရွိလို႔ ႏွစ္ႏိုင္ငံ ပဋိပကၡက ႀကီးထြားခဲ့ပါတယ္။
အခုလို ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ ျပန္လည္ ေလွ်ာ့ခ်လာတာက ယီမင္ က ပဋိပကၡ ေတြ အျပင္ အေရွ႕အလယ္ပိုင္း ေဒသတြင္းက လက္ဘႏြန္၊ ဆီးရီးယားနဲ႔ အီရတ္ ႏိုင္ငံေတြ အတြက္ပါ အျပဳသေဘာေဆာင္တဲ့ ႐ိုက္ခတ္မႈေတြ ျဖစ္လာႏိုင္တယ္လို႔လည္း ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။
##
အီရန်နဲ့ ဆော်ဒီ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်
အီရန်နဲ့ ဆော်ဒီအာရေဗျ ဟာ နှစ်ပေါင်းများစွာ တင်းမာမှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ အခုအခါ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ သံရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့ သဘောတူညီခဲ့ကြပြီး ရှေ့လာမယ့် နှစ်လ အတွင်း မှာ အပြန်အလှန် သံရုံးတွေ ပြန်ဖွင့်ကြဖို့ ရှိပါတယ်။
ဒီသဘောတူညီချက်ကို သောကြာနေ့က အီရန်၊ ဆော်ဒီအာရေဗျ နဲ့ အတူ တရုတ်နိုင်ငံကပါ ပူးတွဲ ထုတ်ပြန်ခဲ့ပြီး ဒီ ကိစ္စမှာ တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့တယ်လို့ ယူဆရပါတယ်။
အီရန်နဲ့ ဆော်ဒီအာရေဗျ သံတမန် ဆက်ဆံရေး ပြန်ထူထောင်မယ့် ကြေညာချက် အပြီးမှာ တရုတ်နဲ့ ဆက်ဆံရေး တင်းမာနေပေမယ့် ယီမင်ပြည်တွင်းစစ်ရပ်စဲရေး အပါအဝင် ဒေသတွင်း တင်းမာမှုတွေ လျော့ပါးစေတဲ့ တရုတ်ရဲ့ ကြိုးပမ်းချက်တွေကို ကြိုဆိုကြောင်း အမေရိကန်ဘက်ကလည်း ထုတ်ပြန်ပါတယ်။
ဒီသဘောတူညီဟာ ရေရှည်ခိုင်မာပြီး ယီမင်စစ် အဆုံးသတ်နိုင်မယ်ဆိုရင်၊ တခါ ဆော်ဒီအာရေဗျအနေနဲ့ ယီမင်က အီရန် ထောက်ပံ့ခံ တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ဆက် မရင်ဆိုင်ရတော့ဘူးဆိုရင် ဘယ်သူ့ အကျိုးစီးပွား အတွက်ပဲ ဖြစ်ဖြစ်။ ဘယ်သူက ကြားဝင် စေ့စပ်ပေးလို့ပဲ ဖြစ်ဖြစ် ဒါကို အမေရိကန်အနေနဲ့ ကြုဆိုရမှာပါလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောခွင့်ရ John Kirby က သောကြာနေ့မှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အီရန်ဘက်က သဘောတူညီချက်အတိုင်း တကယ် လေးစားလိုက်နာမလားဆိုတာ စောင့်ကြည့်ရမယ်လို့လည်း သူက ဆိုပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်မှာ သံ အဆက်အသွယ် ပြန်လုပ်ဖို့ အပြင် နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့နဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့တွေလည်း ပါဝင်ပါတယ်။
အီရန်၊ ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား တင်းမာမှုတွေက မြင့်တက်နေတာ နှစ်အတန်ကြာနေပြီး ဒါက ဒေသတွင်း က ပဋိပက္ခတွေကို မီးထိုးပေးခဲ့ပါတယ်။ အီရန်က ဆော်ဒီသံရုံးကို ဆန္ဒပြသူတွေ ကျူးကျော်ဝင်ရောက်ခဲလို့ ၂၀၁၆ မှာ ဆော်ဒီဟာ အီရန်နဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့တာပါ။ အဲဒီ မတိုင်ခင်မှာ ဆော်ဒီ ဟာ ထင်ရှားတဲ့ ရှီယိုက် ဘာသာရေးဆရာတဦးကို ကွပ်မျက်ခဲ့လို့ အီရန်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် အာရေဗျကျွန်းဆွယ်ဒေသမှာ အီရန်က ထောက်ပံ့တဲ့ ရှီယာ Houthi ဟူသီသူပုန်တွေက ဆော်ဒီရဲ့ စီးပွားရေး အချက်အချာ ရေနံလုပ်ငန်းကို မကြခဏ တိုက်ခိုက် တာတွေ ရှိလို့ နှစ်နိုင်ငံ ပဋိပက္ခက ကြီးထွားခဲ့ပါတယ်။
အခုလို နှစ်နိုင်ငံကြား တင်းမာမှုတွေ ပြန်လည် လျှော့ချလာတာက ယီမင် က ပဋိပက္ခ တွေ အပြင် အရှေ့အလယ်ပိုင်း ဒေသတွင်းက လက်ဘနွန်၊ ဆီးရီးယားနဲ့ အီရတ် နိုင်ငံတွေ အတွက်ပါ အပြုသဘောဆောင်တဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။