သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ပဋိပက္ခ နှစ်ဘက် ဆွေးနွေးမှုစတင်


ဆူဒန်စစ်တပ် နဲ့ RSF ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ သံတမန်တွေဟာ နှစ်ဘက်ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့ကို ဒီနေ့မှာ ရောက်ရှိနေကြတယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဆူဒန်နိုင်ငံမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် နိုင်ငံတကာက ကြားဝင်စေ့စပ်သူတွေက ဖိအားပေးနေချိန်မှာပဲ နှစ်ဘက် ဆွေးနွေးမှုတွေလုပ်ဖို့ ဆော်ဒီနိုင်ငံကို ရောက်ရှိလာကြတာဖြစ်ပါတယ်။

ဆူဒန်နိုင်ငံ ခါတွန်မြို့တော်မှာ ၃ ပတ်ကြာ ဖြစ်လာနေတဲ့ တိုက်ပွဲတွေကို အဆုံးသတ်ဖို့အတွက် အမေရိကန်နဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက ဒီစစ်ပွဲအဆုံးသတ်ဖို့အတွက် ပထမဆုံးအကြိမ် အလေးအနက် ကြိုးပမ်းတာဖြစ်ပြီး၊ အခုလို ဆွေးနွေးမှုတွေကိုလည်း အမေရိကန်နဲ့ ဆော်ဒီ နှစ်နိုင်ငံစလုံးက ကြိုဆိုခဲ့ကြပြီး၊ ၂ ဘက်ဆွေးနွေးမှုတွေကို တက်တက်ကြွကြွလုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒါပေမဲ့လည်း ဆူဒန်စစ်တပ်နဲ့ ပြည်သူစစ်တပ်ဖွဲ့တွေကတော့ သူတို့အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲဖို့ပဲ ဆွေးနွေးမှာဖြစ်ပြီး၊ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဆွေးနွေးမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

ဒီဆွေးနွေးပွဲကနေ သူတို့ရည်မှန်းထားတဲ့အတိုင်း အရပ်သားတွေ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ဖို့ကိစ္စကို အောင်မြင်အောင် ဆွေးနွေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် Mohamed Hamdan Dagalo က ပြောပါတယ်။

XS
SM
MD
LG