သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီလာရုစ်မှာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူလက်နက်တွေထားမည်


Russian Defense Minister Sergei Shoigu and his Belarusian counterpart Viktor Khrenin shake hands after signing a deal on the deployment of some of Russia's tactical nuclear weapons in Belarus, in Minsk, May 25, 2023. (Russian Defense Ministry via AFP)
Russian Defense Minister Sergei Shoigu and his Belarusian counterpart Viktor Khrenin shake hands after signing a deal on the deployment of some of Russia's tactical nuclear weapons in Belarus, in Minsk, May 25, 2023. (Russian Defense Ministry via AFP)

ဘီလာရုစ်မှာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူလက်နက်တွေထားမည်

ရုရှားနဲ့ ဘီလာရုစ် နှစ်နိုင်ငံဟာ ဘီလာရုစ်မှာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို သိမ်းဆည်းထားရှိမယ့် သဘောတူညီချက် တရပ်ကို ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ တာတိုပစ် နျူထိပ်ဖူးတပ် ဒုံးကျည်တွေ ထားရှိမှာဖြစ်ပြီး နျူလက်နက် ဘယ်လောက်များများ အိမ်နီးချင်း ဘီလာရုစ်မှာ ထားမလဲဆိုတာတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒီလက်နက်တွေကို ဘယ်တော့ ပို့မလဲဆိုတာ မကြေညာသေးပေမယ့် ဘီလာရုစ်က သိုလှောင်ရုံတွေဟာ ဇူလိုင် ၁ ရက် မှာ အပြီးသတ်နိုင်မယ်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တာ ၁၆ လ ရှိလာချိန်မှာပဲ အခုလို သဘောတူခဲ့တာ ဖြစ်ပါတယ်။ ဒါက မကြာခင် စတင်ဖို့ ပြင်ဆင်နေတဲ့ ယူကရိန်းရဲ့ နွေဦး တန်ပြန်ထိုးစစ်ကြီးကို တုံ့ပြန် ပြင်ဆင်တာလို့ ရုရှားနဲ့ ဘီလာရုစ် နှစ်ဖက် စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

“ရုရှားနဲ့ ဘီလာရုစ်ရဲ့ အနောက်ဘက်နယ်စပ်တွေက ခြိမ်းခြောက်မှုတွေ တဟုန်ထိုး တိုးလာနေလို့ နျူကလီးယားလက်နက်သုံး စစ်ရေးနည်းနဲ့ တန်ပြန်နိုင်ဖို့ ဒီလို ဆုံးဖြတ်ခဲ့ရတာ” လို့ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောပါတယ်။

“မိတ်ဆွေ မဟုတ်တဲ့ နိုင်ငံတွေရဲ့ ရန်လိုတဲ့ မူဝါဒတွေကို ထိထိရောက်‌‌ရောက်နဲ့ ပြန်လည် တုံ့ပြန်တာ"လို့ ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးကလည်း ပြောပါတယ်။

ယူကရိန်းဘက်က ပြင်ဆင်နေတဲ့ တန်ပြန်ထိုးစစ်က ယူကရိန်းအရှေ့ပိုင်း ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာပါ။

ယူကရိန်း ကျူးကျော်စစ်မှာ ရုရှားအနေနဲ့ နည်းဗျူဟာမြောက် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်လက်နက်တွေ မသုံးဖို့ အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ်တွေက မကြာခဏ သတိပေးခဲ့ကြပါတယ်တယ်။ ဒါပေမယ့် အခုလတ်တလော အခြေအနေမှာတော့ ရုရှား အနေနဲ့ နျူလက်နက်တွေကို အသုံးပြုမှာ မဟုတ်ဘူးလို့ မဟာမိတ်အဖွဲ့တွေက ယူဆထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG