သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား- အီရန် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မည်


ရုရှားသမ္မတ Vladimir Putin နဲ့ အီရန်သမ္မတ Masoud Pezeshkian တို့တွေ့ဆုံနေစဉ် (ဇန်နဝါရီ ၁၇၊ ၂၀၂၅)
ရုရှားသမ္မတ Vladimir Putin နဲ့ အီရန်သမ္မတ Masoud Pezeshkian တို့တွေ့ဆုံနေစဉ် (ဇန်နဝါရီ ၁၇၊ ၂၀၂၅)

ရုရှားသမ္မတ Vladimir Putin နဲ့ အီရန်သမ္မတ မာဆွတ် ပက်ဇက်ရှ်ကီယံ တို့ သောကြာနေ့က မော်စကိုမြို့တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေး၊ ကူးသန်းသွားလာရေးနဲ့ စွမ်းအင်ဆိုင်ရာ ကဏ္ဍစုံမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ့်အကြောင်း ခေါင်းဆောင်နှစ်ဦးလုံးက ပြောဆိုခဲ့ကြသလို၊ တကယ့်ကို အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်လို့ ရုရှားသမ္မတ ပူတင် က သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ ရုရှားကြား အခုလို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တဲ့ကိစ္စက အနောက်နိုင်ငံတွေ အတွက်တော့ စိုးရိမ်စရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အီရန်သမ္မတ ပက်ဇက်ရှ်ကီယံ အနေနဲ့ သူ သမ္မတ တာဝန် စယူတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ပိုင်း ရုရှားကို ပထမဆုံး လာရောက်တာ ဖြစ်ပါတယ်။ မဟာဗျူဟာမြောက် သဘောတူညီစာချုပ် လက်မှတ် မထိုးခင်မှာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ နိုင်ငံတကာ ရေးရာတွေကိုလည်း ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပါတယ်။

အီရန်နဲ့ ဆက်ဆံရေးဟာ ဘယ်တုန်းကမှ အခုလောက်အထိ မနီးကပ်ခဲ့ဖူးတဲ့အကြောင်း ရုရှားအစိုးရက ဆွေးနွေးပွဲတွေ မတိုင်ခင် ချီးကျူး ပြောဆိုခဲ့ပါတယ်။ အီရန်ဟာ ရုရှားအတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်တဲ့အကြောင်းလည်း ရုရှား အစိုးရ ပြောခွင့်ရ Dmitry Peskov က သတင်းထောက်တွေကို ပြောပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ချိန်ကစလို့ ရုရှားဟာ အီရန် အပြင် အမေရိကန်နဲ့ အဆင်မပြေတဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့် တည်ဆောက်နေတာပါ။ သူ့ရဲ့ အိမ်နီးချင်း အနီးကပ် မဟာမိတ် ဘဲလားရုစ်၊ မြောက်ကိုရီးယား နဲ့ တရုတ် နိုင်ငံတွေနဲ့လည်း မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်တွေ လက်မှတ် ရေးထိုးထားပါတယ်။

ရုရှား- အီရန် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မည်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG