သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပအင်အားကြီးသုံးနိုင်ငံနဲ့ အီရန် နျူးကလီးယားအရေးဆွေးနွေးမည်


FILE - Iran's foreign ministry spokesman Esmaeil Baghaei holds a weekly press conference in Tehran on Oct.28, 2024.
FILE - Iran's foreign ministry spokesman Esmaeil Baghaei holds a weekly press conference in Tehran on Oct.28, 2024.

ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီးသိပ်မကြာခင်မှာပဲ အီရန်က သူ့ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဥရောပက အင်အားကြီးနိုင်ငံ ၃ နိုင်ငံနဲ့ လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးမယ်လို့ အီရန်က တနင်္ဂနွေနေ့မှာပြောပါတယ်။ ပြင်သစ်၊ ဂျာမဏီနဲ့ ဗြိတိန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အီရန်တို့ကြား သောကြာနေ့မှာ ဆွေးနွေးကြမယ်လို့ အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဆိုပါတယ်၊ ဆွေးနွေးမယ့်နေရာကိုတော့ မပြောပါဘူး။

နျူကလီးယားအစီအစဥ်အပါအဝင် ပါလက်စတိုင်းနဲ့ လက်ဘနွန် စတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာအကြောင်းအရာတွေကိုပါ ဆွေးနွေးသွားမယ်လို့လည်း အီရန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခုလာမဲ့တွေ့ဆုံမှုဟာ နယူးယောက်မြို့မှာ စက်တင်ဘာလကကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံဘေးပန်းဆွေးနွေးပွဲရဲ့ အဆက်ဖြစ်တယ်လို့လည်း ပြောခွင့်ရသူကပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ကုလသမဂ္ဂအနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ ဘုတ်အဖွဲ့ဝင် ၃၅ နိုင်ငံတို့က အီရန်နိုင်ငံဖက်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုပြီး ပြစ်တင်ရှုတ်ချတဲ့ဆုံးဖြတ်ချက်တရပ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံက အနုမြူလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းလာမှာကို လေ့လာစောင့်ကြည့်သူတွေဖက်က စိုးရိမ်နေသလို အနုမြူအစီအစဉ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်လာချိန်မှာပဲ ခုလို အီရန်နဲ့ ဥရောပအင်အားကြီး ၃ နိုင်ငံတို့ကြားဆွေးနွေးဖို့ ဖြစ်လာတာပါ။ အီရန်ဖက်ကတော့ အနုမြူ လက်နက်ထုတ်ဖို့မဟုတ်ဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားတာဖြစ်ပါတယ်။

ဥရောပအင်အားကြီးသုံးနိုင်ငံနဲ့ အီရန် နျူးကလီးယားအရေးဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG