သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်အဆုံးသတ်ရေး အဆိုပြုချက်တွေ ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်မည်


ကုလသမဂ္ဂအထွေထွေညီလာခံခန်းမမြင်ကွင်းမှတ်တမ်းဓာတ်ပုံ။
ကုလသမဂ္ဂအထွေထွေညီလာခံခန်းမမြင်ကွင်းမှတ်တမ်းဓာတ်ပုံ။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်က မူကြမ်းရေးဆွဲထားသလို ယူကရိန်းကရေးဆွဲပြီး ဥရောပသမဂ္ဂက ထောက်ခံထားတဲ့မူကြမ်းတွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မဲခွဲ ဆုံးဖြတ်ကြဖို့ရှိပါတယ်။

ယူကရိန်းရဲ့ အဆိုပြုချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံက အရင် မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပြီး အဲဒီနောက်မှာမှ အမေရိကန်က အဆိုပြုမယ့်မူကြမ်းကို မဲခွဲမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အမေရိကန်ကတင်သွင်းထားတဲ့ အဆိုပြုချက်မူကြမ်းကို ဒီကနေ့ နှောင်းပိုင်းမှာပဲ သီးခြားမဲခွဲ ဆုံးဖြတ်ကြဖို့ရှိပါတယ်။

အမေရိကန်ရဲ့ မူကြမ်းမှာတော့ စစ်ပွဲအမြန်ဆုံးအဆုံးသတ်ရေးနဲ့ ယူကရိန်းနဲ့ရုရှားကြား ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ရှိရေးတို့ကို အဆိုပြုထားပါတယ်။

အမေရိကန်ရဲ့ မူကြမ်းမှာတော့ လွန်ခဲ့တဲ့ ၃ နှစ်တိတိက ရုရှားက ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်တဲ့အချက်ကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။

ကျယ်ကျယ်ပြန့်ပြန့်ရေးသားထားတဲ့ ယူကရိန်းရဲ့မူကြမ်းမှာတော့ ရုရှားရဲ့ ကျူးကျော်စစ်ဟာ ၃ နှစ်ကြာလာပြီဖြစ်ပြီး ယူကရိန်းတင်သာမကဘဲ ဒေသတွင်းနဲ့ တကမ္ဘာလုံးကို အကြီးအကျယ် ရေရှည်ထိခိုက်စေတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ ဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။

ယူကရိန်းစစ်အဆုံးသတ်ရေး အဆိုပြုချက်တွေ ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်မည်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG