သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထွေထွေညီလာခံ မိန့်ခွန်းမှာ ယူကရိန်းနဲ့ နိုင်ငံတကာအရေး သမ္မတဘိုင်ဒင် အလေးပေးပြောမည် 


အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် (မှတ်တမ်းဓါတ်ပုံ)
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် (မှတ်တမ်းဓါတ်ပုံ)

အမေရိကန် သမ္မတ Joe Biden အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဗုဒ္ဓဟူးနေ့ နံနက်ခင်း မိန့်ခွန်း ပြောဖို့ ရှိပါတယ်။

အထွေထွေညီလာခံ မိန့်ခွန်းမှာ ယူကရိန်းနဲ့ နိုင်ငံတကာအရေး သမ္မတဘိုင်ဒင် အလေးပေးပြောမည်

{{Zawgyi/Unicode}}
အမေရိကန် သမ္မတ Joe Biden အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဗုဒ္ဓဟူးနေ့ နံနက်ခင်း မိန့်ခွန်း ပြောဖို့ ရှိပါတယ်။ ကမ ္ဘာတလွှား စားနပ်ရိက္ခာ လုံခြုံရေး ပိုပြီး ခိုင်မာစေရေး ၊ AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါနဲ့ တခြားသော ကပ်ဘေးရောဂါများ တိုက်ဖျက်ရေး ရန်ပုံငွေ ထပ်မံ ဖြည့်တင်းရေး၊ ကုန်စည် စီးဆင်းမှုကွင်းဆက်အရေးနဲ့ ရာသီဥတု ပြောင်းလဲမှုအရေး ဖြေရှင်းဆောင်ရွက်ရေးတို့မှာ အမေရိကန်ရဲ့ အားထုတ် ကြိုးပမ်းမှုတွေကို သမ္မတ Biden အလေးထား ပြောကြားမှာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံတွင်းက ရုရှားရဲ့ ကျူးကျော်မှု ကိစ္စကိုလည်း သမ္မတ Biden က မိန့်ခွန်းမှာ အလေးထား ပြောမယ့် အကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်း နိုင်ငံတွင်းက ရုရှားရဲ့ မတရားတဲ့စစ်ကို သမ္မတက ပြင်းပြင်းထန်ထန် ရှုတ်ချမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တွေ့မြင်ခဲ့ရတဲ့ ရုရှားရဲ့ ကျူးကျော်မှုကို ကမ ္ဘာက ခိုင်ခိုင်မာမာ ဆက်လက် ဆန့်ကျင်ကြဖို့ကိုလည်း တိုက်တွန်းမယ့် အကြောင်း Sullivan က ပြောပါတယ်။

ပိုင်နက် တည်မြဲရေးနဲ့ အချုပ်အချာအာဏာပိုင်မှု ကိုင်ဆွဲပြီး လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် တနိုင်ငံက ပဋိညာဉ်ကို ထိုးနှက် တိုက်ခိုက်နေချိန်မှာ ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ အဓိကကျတဲ့ မူတွေကို ထပ်မံ အခိုင်အမာ ဖြစ်စေဖို့နဲ့ ကုလသမဂ္ဂရဲ့ ခိုင်မာအားကောင်း အရေးကြီးမှုကို သမ္မတက အလေးထား ပြောဆိုမှာ ဖြစ်ပါတယ်လို့လည်း သူက ပြောပါတယ်။

ရုရှားက အမြဲတမ်း အဖွဲ့ဝင် အဖြစ် ပါဝင်တဲ့ လုံခြုံရေး ကောင်စီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဗွီအိုအေက မေးမြန်းတာမှာတော့ အမျိုးသား လုံခြုံရေး အကြံပေး Sullivan က သမ္မတ Biden က အခိုင်အမာ ပြောဆိုမှာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

..........................................................................


{{Zawgyi/Unicode}}





XS
SM
MD
LG