သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီး ဈာပန သမၼတ Biden တက္ေရာက္မည္


Biden

ၿဗိတိန္ဘုရင္မႀကီး Queen Elizabeth ရဲ႕ ဈာပန အခမ္းအနားကို  အေမရိကန္ သမၼတ Joe Biden က တက္ေရာက္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။

ၿဗိတိန္ဘုရင္မႀကီး ဈာပန သမၼတ Biden တက္ေရာက္မည္

{{Zawgyi/Unicode}}
ၿဗိတိန္ဘုရင္မႀကီး Queen Elizabeth ရဲ႕ ဈာပန အခမ္းအနားကို အေမရိကန္ သမၼတ Joe Biden က တက္ေရာက္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ " အေသးစိတ္ကိုေတာ့ က်ေနာ္မသိရေသးေပမယ့္ က်ေနာ္ တက္ေရာက္မွာ ျဖစ္ပါတယ္ " လို႔ Joe Biden က သတင္းသမားေတြကို ေျပာပါတယ္။ သူအေနနဲ႔ေတာ့ တတိယေျမာက္ Charles III ဘုရင္နဲ႔ေတာ့ စကားမေျပားရေသးပါဘူးလို႔လည္း ေျပာပါတယ္။ Ohio ျပည္နယ္ Columbus ႏိုင္ငံတကာ ေလဆိပ္မွာ Air Force One ေလယာဥ္ေပၚကို မတက္ခင္ေလးမွာ သတင္းသမားေတြကို ေျပာဆိုလိုက္တာျဖစ္ပါတယ္။

စ်ာပန က်င္းပမဲ့ ရက္ကို အတိအက် အတည္မျပဳရေသးေပမဲ့လည္း ဒီလ စက္တင္ဘာ ၁၉ ရက္ေန႔မွာ London ၿမိဳ႕ေတာ္က Westminster Abbey မွာ ျပဳလုပ္လိမ့္မယ္လို႔ ယူဆေနၾကပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကလည္း သမၼတ Biden နဲ႔ သမၼတကေတာ္ Jill Biden တို႔ဟာ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာရွိတဲ့ ၿဗိတိန္ သံ႐ုံးကို သြားေရာက္ၿပီး ဝမ္းနည္းေၾကာင္း ေရးသားတဲ့ စာအုပ္မွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။ သူတို႔ကို အေမရိကန္ ႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး က ႀကိဳဆိုပါတယ္။

ဒါအျပင္ ၿဗိတိန္ဘုရင္မႀကီး ႐ုပ္ကလပ္ ကို သၿဂိဳလ္ၿပီးတဲ့အထိ အေမရိကန္ အလံကို ဝမ္းနည္းျခင္းအထိမ္းအမွတ္အေနနဲ႔ တိုင္ဝက္လႊင့္ထူၾကဖို႔လည္း သမၼတ Joe Biden က အမိန႔္ေပးလိုက္ပါတယ္။

ၿဗိတိန္ဘုရင္မႀကီး ဈာပန သမၼတ Biden တက္ေရာက္မည္
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

.................................................

ဗြိတိန်ဘုရင်မကြီး ဈာပန သမ္မတ Biden တက်ရောက်မည်

{{Zawgyi/Unicode}}
ဗြိတိန်ဘုရင်မကြီး Queen Elizabeth ရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ Joe Biden က တက်ရောက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ " အသေးစိတ်ကိုတော့ ကျနော်မသိရသေးပေမယ့် ကျနော် တက်ရောက်မှာ ဖြစ်ပါတယ် " လို့ Joe Biden က သတင်းသမားတွေကို ပြောပါတယ်။ သူအနေနဲ့တော့ တတိယမြောက် Charles III ဘုရင်နဲ့တော့ စကားမပြေားရသေးပါဘူးလို့လည်း ပြောပါတယ်။ Ohio ပြည်နယ် Columbus နိုင်ငံတကာ လေဆိပ်မှာ Air Force One လေယာဉ်ပေါ်ကို မတက်ခင်လေးမှာ သတင်းသမားတွေကို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဈာပန ကျင်းပမဲ့ ရက်ကို အတိအကျ အတည်မပြုရသေးပေမဲ့လည်း ဒီလ စက်တင်ဘာ ၁၉ ရက်နေ့မှာ London မြို့တော်က Westminster Abbey မှာ ပြုလုပ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း သမ္မတ Biden နဲ့ သမ္မတကတော် Jill Biden တို့ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ ဗြိတိန် သံရုံးကို သွားရောက်ပြီး ဝမ်းနည်းကြောင်း ရေးသားတဲ့ စာအုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ သူတို့ကို အမေရိကန် နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး က ကြိုဆိုပါတယ်။

ဒါအပြင် ဗြိတိန်ဘုရင်မကြီး ရုပ်ကလပ် ကို သဂြိုလ်ပြီးတဲ့အထိ အမေရိကန် အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တိုင်ဝက်လွှင့်ထူကြဖို့လည်း သမ္မတ Joe Biden က အမိန့်ပေးလိုက်ပါတယ်။

XS
SM
MD
LG