သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီး ကြယ္လြန္မႈ ကမာၻ႔ေခါင္းေဆာင္ေတြ ၀မ္းနည္းစကားပါး


(Zawgyi / Unicode)

ၿဗိတိန္ရဲ႕ နန္းသက္ အရွည္ဆံုး ျဖစ္တဲ႔ အသက္ ၉၆ ႏွစ္ အရြယ္ ဘုရင္မႀကီး ဒုတိယေျမာက္ Elizabeth ဟာ ၾကာသပေတးေန႔မွာ ကြယ္လြန္ခဲ႔ၿပီးေနာက္မွာေတာ့ ကမ ၻာတလႊားက ေခါင္းေဆာင္ေတြထံက ၀မ္းနည္းေၾကာင္း သတင္းစကားေတြပါးခဲ႔ၾကပါတယ္။

Balmoral စံအိမ္မွာ ဘုရင္မႀကီး ကြယ္လြန္တဲ႔ သတင္းေၾကာင့္ အားလံုး ယူက်ံဳးမရ ျဖစ္ရေၾကာင္း ၿဗိတိန္ ၀န္ႀကီးခ်ဳပ္သစ္ Liz Truss က ေၾကညာခ်က္ ထုတ္ပါတယ္။ ဥေရာပ ေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen ၊ အိုင္ယာလန္ ၀န္ႀကီးခ်ဳပ္ Michael Martin ၊ စေကာ့တလန္ ေခါင္းေဆာင္ Nicola Sturgeon တို႔ကလည္း ၀မ္းနည္းေၾကာင္း ေျပာဆိုၾကပါတယ္။

ဘုရင္မႀကီး Elizabeth ကြယ္လြန္မႈ အတြက္ ၀မ္းနည္းေၾကာင္း ေၾကညာခ်က္ေတြ ထုတ္ျပန္ ေျပာဆိုၾကသူေတြထဲမွာ ကေနဒါ ၀န္ႀကီးခ်ဳပ္ Justin Trudeau ၊ ၾသစေၾတးလ် ၀န္ႀကီးခ်ဳပ္ Anthony Albanese တို႔လည္း ပါ၀င္ပါတယ္။ နယူးဇီလန္ ၀န္ႀကီးခ်ဳပ္ Jacinda Arden ကေတာ့ ကြယ္လြန္သူ ဘုရင္မႀကီးကို ဂုဏ္ျပဳခဲ႔ၿပီး တတိယေျမာက္ Charles ဘုရင္ကိုလည္း ႏိုင္ငံ အႀကီးအကဲ အျဖစ္ ေသာၾကာေန႔မွာ ေၾကညာလိုက္ပါတယ္။

ဘဂၤလားေဒရွ္႕ ၀န္ႀကီးခ်ဳပ္ Sheikh Hasina နဲ႔ အိႏၵိယ ၀န္ႀကီးခ်ဳပ္ Narendra Modi တို႔ကလည္း ဘုရင္မႀကီး ကြယ္လြန္မႈ အတြက္ ၀မ္းနည္းရေၾကာင္း ေျပာဆိုထုတ္ျပန္ထားပါတယ္။ ဘုရင္မႀကီး ဒုတိယေျမာက္ Elizabeth ဟာ ကုလသမဂၢ အတြက္ မိတ္ေဆြေကာင္းျဖစ္တယ္၊ နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္ကို ႏွစ္ ၅၀ ေက်ာ္ ျခားၿပီး ၂ ႀကိမ္ လာေရာက္ခဲ႔ဖူးသူ ျဖစ္တယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေျပာပါတယ္။

ကက္သလစ္ သာသနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis ကေတာ့ ဘုရင္မႀကီး Elizabeth ကြယ္လြန္မႈ အတြက္ အထူး ၀မ္းနည္းေၾကာင္း၊ ထာ၀ရ ၿငိမ္းခ်မ္းေစဖို႔ သူမ အတြက္ ဆုေတာင္းေပးသလို ဘုရင္ ျဖစ္လာတဲ႔ သားျဖစ္သူ Charles အတြက္လည္း ဆုေတာင္းေပးေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဗြိတိန်ဘုရင်မကြီး ကွယ်လွန်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ဝမ်းနည်းစကားပါး

ဗြိတိန်ရဲ့ နန်းသက် အရှည်ဆုံး ဖြစ်တဲ့ အသက် ၉၆ နှစ် အရွယ် ဘုရင်မကြီး ဒုတိယမြောက် Elizabeth ဟာ ကြာသပတေးနေ့မှာ ကွယ်လွန်ခဲ့ပြီးနောက်မှာတော့ ကမ ္ဘာတလွှားက ခေါင်းဆောင်တွေထံက ဝမ်းနည်းကြောင်း သတင်းစကားတွေပါးခဲ့ကြပါတယ်။

Balmoral စံအိမ်မှာ ဘုရင်မကြီး ကွယ်လွန်တဲ့ သတင်းကြောင့် အားလုံး ယူကျုံးမရ ဖြစ်ရကြောင်း ဗြိတိန် ဝန်ကြီးချုပ်သစ် Liz Truss က ကြေညာချက် ထုတ်ပါတယ်။ ဥရောပ ကော်မရှင် အကြီးအကဲ Ursula von der Leyen ၊ အိုင်ယာလန် ဝန်ကြီးချုပ် Michael Martin ၊ စကော့တလန် ခေါင်းဆောင် Nicola Sturgeon တို့ကလည်း ဝမ်းနည်းကြောင်း ပြောဆိုကြပါတယ်။

ဘုရင်မကြီး Elizabeth ကွယ်လွန်မှု အတွက် ဝမ်းနည်းကြောင်း ကြေညာချက်တွေ ထုတ်ပြန် ပြောဆိုကြသူတွေထဲမှာ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ၊ သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese တို့လည်း ပါဝင်ပါတယ်။ နယူးဇီလန် ဝန်ကြီးချုပ် Jacinda Arden ကတော့ ကွယ်လွန်သူ ဘုရင်မကြီးကို ဂုဏ်ပြုခဲ့ပြီး တတိယမြောက် Charles ဘုရင်ကိုလည်း နိုင်ငံ အကြီးအကဲ အဖြစ် သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina နဲ့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi တို့ကလည်း ဘုရင်မကြီး ကွယ်လွန်မှု အတွက် ဝမ်းနည်းရကြောင်း ပြောဆိုထုတ်ပြန်ထားပါတယ်။ ဘုရင်မကြီး ဒုတိယမြောက် Elizabeth ဟာ ကုလသမဂ္ဂ အတွက် မိတ်ဆွေကောင်းဖြစ်တယ်၊ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်ကို နှစ် ၅၀ ကျော် ခြားပြီး ၂ ကြိမ် လာရောက်ခဲ့ဖူးသူ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။

ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ကတော့ ဘုရင်မကြီး Elizabeth ကွယ်လွန်မှု အတွက် အထူး ဝမ်းနည်းကြောင်း၊ ထာဝရ ငြိမ်းချမ်းစေဖို့ သူမ အတွက် ဆုတောင်းပေးသလို ဘုရင် ဖြစ်လာတဲ့ သားဖြစ်သူ Charles အတွက်လည်း ဆုတောင်းပေးကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG