သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီေျပာင္းလဲမႈအေရး လႈပ္ရွားသူ လူငယ္မ်ား ၿဗိိတိန္ဘုရင္မႀကီး ခ်ီးက်ဴးေျပာဆို


၂၀၁၉ ခရစၥမတ္စ္ စကားလက္ေဆာင္ ေျပာၾကားေနတဲ့ ၿဗိတိန္ဘုရင္မႀကီး Elizabeth (December 24, 2019)
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ရာသီဥတုေျပာင္းလဲမႈ တိုက္ဖ်က္ေရးနဲ႔ သဘာဝပတ္၀န္းက်င္္အေရး တက္ႂကြလႈပ္ရွားသူ လူငယ္ေတြရဲ႕ စြမ္းပကား၊ သတၱိေတြအေပၚ အထူးေလးစား အထင္ႀကီးမိတဲ့အေၾကာင္း ၿဗိတိန္ဘုရင္မႀကီး Elizabeth က သူ႔ရဲ႕ ခရစၥမတ္စ္ စကားလက္ေဆာင္မွာ ထည့္သြင္း ေျပာၾကားပါတယ္။
အခုလက္ရွိ မ်ိဳးဆက္သစ္လူငယ္ေတြ ရင္ဆိုင္ေနၾကရတဲ့ စိန္ေခၚမႈေတြနဲ႔ ဘုရင္မႀကီး ဆယ္ေက်ာ္သက္အရြယ္က ရင္ဆိုင္ခဲ့ရတဲ့ အေျခအေနေတြၾကား ကြာျခားခ်က္ေတြ ရွိတဲ့အေၾကာင္းကိုလည္း သက္ေတာ္ ၉၃ နွစ္ရွိၿပီျဖစ္တဲ့ ဘုရင္မႀကီးက ေျပာပါတယ္။
ကမာၻႀကီးပူေႏြးလာတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး အလ်င္အျမန္ ကာကြယ္ေဆာင္ရြက္ၾကဖို႔ အေရး တကိုုယ္ေတာ္လႈပ္ရွားသူ ၂၀၁၉ ခုနွစ္ Times မဂၢဇင္းရဲ႕ အထူးျခားဆံုး ပုဂၢိဳလ္အျဖစ္ ေရြးခ်ယ္ခံရတဲ့ ဆြီဒင္ႏိုင္ငံသူ ဆယ္ေက်ာ္သက္မိန္းကေလး Greta Thunberg ကို သန္းေပါင္းမ်ားစြာေသာ လူငယ္ေတြ အားက် အတုယူခဲ့ၾကတာပါ။

လူငယ္ေတြရဲ႕ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရးနဲ႔ ပတ္၀န္းက်င္ထိန္းသိမ္းေရး အသိနဲ႔ စြမ္းေဆာင္ခ်က္ေတြအေပၚ အံ့အား သင့္မိေၾကာင္းလည္း ဘုရင္မႀကီးကေျပာပါတယ္။
ၿဗိတိန္ဘုရင္မႀကီး Elizabeth ရဲ႕ သားေတာ္ႀကီး Charles မင္းသားဟာလည္း သဘာ၀ပတ္၀န္းက်င္အေရးနဲ႔ပတ္သက္ရင္ အျပင္းအထန္ ေ၀ဖန္ေျပာဆိုေလ့ရွိသူ တဦးျဖစ္ၿပီး အဲဒီအတြက္ေၾကာင့္ ၿဗိတိန္ အေပ်ာ္ဖတ္ သတင္းစာေစာင္ေတြက မၾကာခန ေလွာင္ေျပာင္ေရးသားေလ့ရွိပါတယ္။

---------------------

ဥတုရာသီပြောင်းလဲမှုအရေး လှုပ်ရှားသူ လူငယ်များ ဗြိတိန်ဘုရင်မကြီး ချီးကျူးပြောဆို

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေရဲ့ စွမ်းပကား၊ သတ္တိတွေအပေါ် အထူးလေးစား အထင်ကြီးမိတဲ့အကြောင်း ဗြိတိန်ဘုရင်မကြီး Elizabeth က သူ့ရဲ့ ခရစ္စမတ်စ် စကားလက်ဆောင်မှာ ထည့်သွင်း ပြောကြားပါတယ်။
အခုလက်ရှိ မျိုးဆက်သစ်လူငယ်တွေ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေနဲ့ ဘုရင်မကြီး ဆယ်ကျော်သက်အရွယ်က ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကြား ကွာခြားချက်တွေ ရှိတဲ့အကြောင်းကိုလည်း သက်တော် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးက ပြောပါတယ်။
ကမ္ဘာကြီးပူနွေးလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလျင်အမြန် ကာကွယ်ဆောင်ရွက်ကြဖို့အရေး တကိုယ်တော်လှုပ်ရှားသူ ၂၀၁၉ ခုနှစ် Times မဂ္ဂဇင်းရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရတဲ့ ဆွီဒင်နိုင်ငံသူ ဆယ်ကျော်သက်မိန်းကလေး Greta Thunberg ကို သန်းပေါင်းများစွာသော လူငယ်တွေ အားကျ အတုယူခဲ့ကြတာပါ။
လူငယ်တွေရဲ့ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိနဲ့ စွမ်းဆောင်ချက်တွေအပေါ် အံ့အား သင့်မိကြောင်းလည်း ဘုရင်မကြီးကပြောပါတယ်။
ဗြိတိန်ဘုရင်မကြီး Elizabeth ရဲ့ သားတော်ကြီး Charles မင်းသားဟာလည်း သဘာဝပတ်ဝန်းကျင်အရေးနဲ့ပတ်သက်ရင် အပြင်းအထန် ဝေဖန်ပြောဆိုလေ့ရှိသူတဦးဖြစ်ပြီး အဲဒီအတွက်ကြောင့် ဗြိတိန် အပျော်ဖတ် သတင်းစာစောင်တွေက မကြာခန လှောင်ပြောင်ရေးသားလေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG