သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ထီးနန္းအ႐ိုက္အရာ Charles မင္းသား ဆက္ခံ


(Zawgyi / Unicode)

ၿဗိတိန္ ေတာ္၀င္ မင္းသား Charles ဟာ ဘုရင္ အ႐ိုက္အရာ ဆက္ခံဖို႔ ဘ၀ တေလွ်ာက္လံုး ျပင္ဆင္လာခဲ႔သူပါ။ အခု အသက္ ၇၃ ႏွစ္ အရြယ္မွာေတာ့ အ႐ိုက္အရာ ဆက္ခံရေတာ့မွာ ျဖစ္ပါတယ္။ သူ႔မိခင္ ျဖစ္သူ ဘုရင္မႀကီး ဒုတိယေျမာက္ Elizabeth ကြယ္လြန္ၿပီးေနာက္ ၾကာသပေတးေန႔မွာဘဲ တတိယေျမာက္ Charles ဘုရင္ ျဖစ္လာခဲ႔ၿပီး ၿဗိတိန္ ထီးနန္းကို ဆက္ခံခဲ႔သူေတြထဲမွာ အသက္အႀကီးဆံုး ျဖစ္ပါတယ္။

နန္းတက္ပြဲ ရက္ကိုေတာ့ အတိအက် မသတ္မွတ္ရေသးပါဘူး။ ငယ္ရြယ္စဥ္ ကတည္းက ေလ႔က်င့္ ပ်ိဳးေထာင္လာခဲ႔ၿပီးေနာက္ Charles ဟာ ၿဗိတိန္ ဘုရင္စနစ္ရဲ႕ ေခတ္မီေျပာင္းလဲမႈကို ထင္ဟပ္ ေပၚလြင္ေစပါတယ္။ ၿဗိတိန္ ထီးနန္း အ႐ိုက္အရာကို ဆက္ခံသူေတြထဲမွာ သူဟာ အိမ္မွာ စာမသင္ရတဲ႔ ပထမဆံုးေသာသူ၊ တကၠသိုလ္ ဘြဲ႔ရတဲ႔ ပထမဆံုးေသာသူ ျဖစ္သလို မီဒီယာေတြက အျပင္းအထန္ အာရံုစိုက္ခံရတဲ႔ ကာလႀကီးမွာ ပထမဆံုး ႀကီးျပင္းရသူလည္း ျဖစ္ပါတယ္။

လူထု ခ်စ္ခင္တဲ႔ ေတာ္၀င္ မင္းသမီး Diana နဲ႔ အိမ္ေထာင္ကြဲမႈ အရႈပ္အေထြး၊ ေနာက္ အမ်ားျပည္သူဆိုင္ရာ အေရးကိစၥေတြမွာ ပါ၀င္ပတ္သက္မႈကို တားျမစ္တဲ႔ ေတာ္၀င္ မိသားစုရဲ႕ ကန္႔သတ္ခ်က္ေတြကို မလိုက္နာမႈ၊ သဘာ၀ ပတ္၀န္းက်င္ ကာကြယ္ေရးနဲ႔ ဗိသုကာ ဆိုင္ရာ ေရရွည္တည္တံ႔ေရးတို႔လို ကိစၥေတြမွာ အေျခအတင္ ေဆြးေႏြးမႈေတြနဲ႔ သူဟာ မတူကြဲျပားမႈ အမ်ားအျပား ရွိပါတယ္။

ေတာ္၀င္မိသားစု တာ၀န္ ထမ္းေဆာင္သူ အေရအတြက္ကို ေလွ်ာ့ခ်၊ အသံုးစာရိတ္ ျဖတ္ေတာက္ၿပီး ေခတ္မီ ၿဗိတိန္ႏိုင္ငံကို ပိုၿပီး ကိုယ္စားျပဳႏိုင္ေရး ေဆာင္ရြက္ဖို႔ ရည္ရြယ္ေၾကာင္းလည္း Charles က ေျပာဆိုထားတာပါ။

ၿဗိတိန္ထီးနန္းအ႐ိုက္အရာ Charles မင္းသား ဆက္ခံ
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

ဗြိတိန်ထီးနန်းအရိုက်အရာ Charles မင်းသား ဆက်ခံ


ဗြိတိန် တော်ဝင် မင်းသား Charles ဟာ ဘုရင် အရိုက်အရာ ဆက်ခံဖို့ ဘ၀ တလျှောက်လုံး ပြင်ဆင်လာခဲ့သူပါ။ အခု အသက် ၇၃ နှစ် အရွယ်မှာတော့ အရိုက်အရာ ဆက်ခံရတော့မှာ ဖြစ်ပါတယ်။ သူ့မိခင် ဖြစ်သူ ဘုရင်မကြီး ဒုတိယမြောက် Elizabeth ကွယ်လွန်ပြီးနောက် ကြာသပတေးနေ့မှာဘဲ တတိယမြောက် Charles ဘုရင် ဖြစ်လာခဲ့ပြီး ဗြိတိန် ထီးနန်းကို ဆက်ခံခဲ့သူတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပါတယ်။

နန်းတက်ပွဲ ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ ငယ်ရွယ်စဉ် ကတည်းက လေ့ကျင့် ပျိုးထောင်လာခဲ့ပြီးနောက် Charles ဟာ ဗြိတိန် ဘုရင်စနစ်ရဲ့ ခေတ်မီပြောင်းလဲမှုကို ထင်ဟပ် ပေါ်လွင်စေပါတယ်။ ဗြိတိန် ထီးနန်း အရိုက်အရာကို ဆက်ခံသူတွေထဲမှာ သူဟာ အိမ်မှာ စာမသင်ရတဲ့ ပထမဆုံးသောသူ၊ တက္ကသိုလ် ဘွဲ့ရတဲ့ ပထမဆုံးသောသူ ဖြစ်သလို မီဒီယာတွေက အပြင်းအထန် အာရုံစိုက်ခံရတဲ့ ကာလကြီးမှာ ပထမဆုံး ကြီးပြင်းရသူလည်း ဖြစ်ပါတယ်။

လူထု ချစ်ခင်တဲ့ တော်ဝင် မင်းသမီး Diana နဲ့ အိမ်ထောင်ကွဲမှု အရှုပ်အထွေး၊ နောက် အများပြည်သူဆိုင်ရာ အရေးကိစ္စတွေမှာ ပါဝင်ပတ်သက်မှုကို တားမြစ်တဲ့ တော်ဝင် မိသားစုရဲ့ ကန့်သတ်ချက်တွေကို မလိုက်နာမှု၊ သဘာ၀ ပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ဗိသုကာ ဆိုင်ရာ ရေရှည်တည်တံ့ရေးတို့လို ကိစ္စတွေမှာ အခြေအတင် ဆွေးနွေးမှုတွေနဲ့ သူဟာ မတူကွဲပြားမှု အများအပြား ရှိပါတယ်။

တော်ဝင်မိသားစု တာဝန် ထမ်းဆောင်သူ အရေအတွက်ကို လျှော့ချ၊ အသုံးစာရိတ် ဖြတ်တောက်ပြီး ခေတ်မီ ဗြိတိန်နိုင်ငံကို ပိုပြီး ကိုယ်စားပြုနိုင်ရေး ဆောင်ရွက်ဖို့ ရည်ရွယ်ကြောင်းလည်း Charles က ပြောဆိုထားတာပါ။

XS
SM
MD
LG