သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အဲလိဇဘတ္ ဘုရင္မႀကီး နန္းသက္ ၇၀ ျပည့္ ဂုဏ္ျပဳပဲြ ခ်ားလ္စ္မင္းသား ဦးေဆာင္


ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘက္။ (ေမ ၂၉၊ ၂၀၁၉)

(Zawgyi / Unicode)

တနဂၤေႏြေန႔က က်ေရာက္တဲ့ ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘက္ရဲ႕ နန္းသက္ ၇၀ ျပည့္ ဂုဏ္ျပဳအခမ္းအနားကို သားေတာ္ျဖစ္သူ ၿဗိတိန္အိမ္ေရွ႕မင္းသား ခ်ားလ္စ္က ဦးေဆာင္ က်င္းပခဲ့ပါတယ္။ စည္းလံုးညီညြတ္ဖို႔နဲ႔ ဘုရင္မႀကီးရဲ႕ တိုင္းျပည္အတြက္ တာဝန္ထမ္းေဆာင္မႈကို ဂုဏ္ျပဳဖို႔ အခြင့္အလမ္း ျဖစ္တယ္လို႔ အခမ္းအနားမွာ အိမ္ေရွ႕မင္းသားက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ စေနေန႔က ဘုရင္မႀကီး အဲလိဇဘက္ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္အရ သူ႔အေနနဲ႔ ဘုရင့္အ႐ိုက္အရာ ထီးနန္းဆက္ခံခ်ိန္မွာ သူ႔ရဲ႕ၾကင္ယာေတာ္ Camilla ကို မိဖုရားျဖစ္လာဖို႔ ေမွ်ာ္လင့္ေၾကာင္း ေဖာ္ျပထားတဲ့အတြက္ မိခင္ျဖစ္သူ ဘုရင္မႀကီးကို ေက်းဇူးတင္ရွိေၾကာင္း Charles က သူ႔ရဲ႕ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

မိခင္ဆႏၵကို သူတို႔အေနနဲ႔ အေလးအနက္ ဂုဏ္ယူ အသိအမွတ္ျပဳေၾကာင္းနဲ႔ ဘုရင္မႀကီးနဲ႔အတူ တိုင္းသူျပည္သားေတြ အက်ဳိးအတြက္ တာဝန္ထမ္းေဆာင္ အလုပ္အေကၽြးျပဳဖို႔ သူတို႔ အတူတကြ ႀကိဳးပမ္းခဲ့ၾကသလို ၾကင္ယာေတာ္ျဖစ္သူ အေနနဲ႔လည္း သူ႔ကို ခိုင္ခိုင္မာမာ ပံ႔ပိုးကူညီ ရပ္တည္ခဲ့တယ္လို႔ ေရးသားထားပါတယ္။

အခုလို မႀကံဳစဘူးတဲ့ ဘုရင္မႀကီးရဲ႕ နန္းသက္ ပလက္တီနမ္ရတုႏွစ္ထိတိုင္ေအာင္ အမႈေတာ္ ထမ္းေဆာင္မႈကို ဂုဏ္ျပဳရတာဟာ ၿဗိတိန္ႏိုင္ငံအတြက္ အခြင့္အလမ္းတခု ျဖစ္ေၾကာင္းလည္း အိမ္ေရွ႕မင္းသား ခ်ားလ္စ္က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အဲလိဇဘတ် ဘုရင်မကြီး နန်းသက် ၇၀ ပြည့် ဂုဏ်ပြုပွဲ ချားလ်စ်မင်းသား ဦးဆောင်

တနင်္ဂနွေနေ့က ကျရောက်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ နန်းသက် ၇၀ ပြည့် ဂုဏ်ပြုအခမ်းအနားကို သားတော်ဖြစ်သူ ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်က ဦးဆောင် ကျင်းပခဲ့ပါတယ်။ စည်းလုံးညီညွတ်ဖို့နဲ့ ဘုရင်မကြီးရဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်မှုကို ဂုဏ်ပြုဖို့ အခွင့်အလမ်း ဖြစ်တယ်လို့ အခမ်းအနားမှာ အိမ်ရှေ့မင်းသားက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စနေနေ့က ဘုရင်မကြီး အဲလိဇဘက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ သူ့အနေနဲ့ ဘုရင့်အရိုက်အရာ ထီးနန်းဆက်ခံချိန်မှာ သူ့ရဲ့ကြင်ယာတော် Camilla ကို မိဖုရားဖြစ်လာဖို့ မျှော်လင့်ကြောင်း ဖော်ပြထားတဲ့အတွက် မိခင်ဖြစ်သူ ဘုရင်မကြီးကို ကျေးဇူးတင်ရှိကြောင်း Charles က သူ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မိခင်ဆန္ဒကို သူတို့အနေနဲ့ အလေးအနက် ဂုဏ်ယူ အသိအမှတ်ပြုကြောင်းနဲ့ ဘုရင်မကြီးနဲ့အတူ တိုင်းသူပြည်သားတွေ အကျိုးအတွက် တာဝန်ထမ်းဆောင် အလုပ်အကျွေးပြုဖို့ သူတို့ အတူတကွ ကြိုးပမ်းခဲ့ကြသလို ကြင်ယာတော်ဖြစ်သူ အနေနဲ့လည်း သူ့ကို ခိုင်ခိုင်မာမာ ပံ့ပိုးကူညီ ရပ်တည်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုလို မကြုံစဘူးတဲ့ ဘုရင်မကြီးရဲ့ နန်းသက် ပလက်တီနမ်ရတုနှစ်ထိတိုင်အောင် အမှုတော် ထမ်းဆောင်မှုကို ဂုဏ်ပြုရတာဟာ ဗြိတိန်နိုင်ငံအတွက် အခွင့်အလမ်းတခု ဖြစ်ကြောင်းလည်း အိမ်ရှေ့မင်းသား ချားလ်စ်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG