သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္အိမ္ေရွ႕စံ မင္းသားႀကီး Charles ႏွစ္သစ္ဆုေတာင္းလႊာထဲ ျမန္မာ့အေရး ပါဝင္


ၿဗိတိန္ အိမ္ေရွ႕စံမင္းသားႀကီး Charles. (ဧၿပီ ၁၀၊ ၂၀၂၁)

(Zawgyi)

ျမန္မာ၊ အာဖဂန္နစၥတန္နဲ႔ ဆီးရီးယား စတဲ့ႏိုင္ငံေတြမွာ ႏိုင္ငံေရးနဲ႔ ဘာသာေရးအရ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြ အပါအဝင္ လူ႔အခြင့္အေရးအတြက္ တိုက္ပြဲဝင္ေနၾကသူေတြကို သတၱိရွိသူေတြလို႔ ၿဗိတိန္ အိမ္ေရွ႕စံမင္းသားႀကီး Charles က သူ႔ရဲ႕ ႏွစ္သစ္ကူး ဆုေတာင္းလႊာထဲမွာ ထည့္သြင္း ခ်ီးက်ဴးလိုက္ပါတယ္။

ႏွစ္သစ္ကို ကူးေျပာင္းလာတဲ့ အခါသမယမွာပဲ လြတ္ေျမာက္မႈနဲ႔ လူ႔အခြင့္အေရးတို႔အတြက္ ကမၻာတဝန္း တိုက္ပြဲဝင္ေနၾကသူေတြကို အမွတ္တရ ရွိေပးၾကဖို႔ လိုအပ္ပါတယ္လို႔ အိမ္ေရွ႕မင္းသား Charles က ေျပာပါတယ္။

“ျမန္မာ၊ အာဖဂန္နစၥတန္နဲ႔ ဆီးရီးယား အပါအဝင္ တျခားႏုိင္ငံေတြမွာ ႏိုင္ငံေရးနဲ႔ ဘာသာေရး ဖိႏွိပ္မႈေတြ၊ လုံၿခံဳမႈ မရွိတာေတြ စတဲ့ ၿခိမ္းေျခာက္မႈ အႏၲရာယ္ေတြအျပင္ စာနာမႈဆိုင္ရာ အခက္အခဲေတြနဲ႔ တိုးျမင့္ ရင္ဆိ္ုင္ေနၾကရေၾကာင္း၊ အဲဒီလို ေဘးဒုကၡ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရေပမယ့္လည္း ေဒသခံ လူမႈအဖြဲ႔အစည္းေတြနဲ႔ ႏိုင္ငံတကာက အကူအညီေပးေရး အဖြဲ႔အစည္းေတြဟာ အေရးပါတဲ့ အကူအညီေတြကို သတိၱေျပာင္ေျမာက္စြာ ကူညီ ေဆာင္ရြက္ေပးေနၾကပါတယ္” လို႔ အိမ္ေရွ႕မင္းသား Charles က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ပဋိပကၡေတြ ၿငိမ္းခ်မ္းစြာ ေျပလည္ႏိုင္ေရးအတြက္ သူ႔အေနနဲ႔ ဆုေတာင္းေပးပါေၾကာင္းနဲ႔ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အကူအညီ လိုအပ္ေနသူေတြကို ဝိုင္းဝန္းကူညီေပးၾကဖို႔အတြက္ တိုက္တြန္းပါေၾကာင္းလည္း အိမ္ေရွ႕မင္းသား Charles ရဲ႕ ႏွစ္သစ္ကူး ဆုေတာင္းလႊာမွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။

အာဖဂန္နစၥတန္ႏုိင္ငံမွာ တာလီဘန္ေတြ အာဏာရသြားၿပီးတဲ့ေနာက္ အေျခအေနေတြ ဆိုးရြားလာခဲ့သလို အိမ္ေရွ႕မင္းသား Charles ဟာ မၾကာေသးခင္ကပဲ ေဂ်ာ္ဒန္ႏိုင္ငံကို သြားေရာက္ခဲ့ၿပီး ဆီးရီးယားႏိုင္ငံက ဒုကၡသည္ေတြ အပါအဝင္ ေဒသတြင္း ႏိုင္ငံေတြက ဒုကၡသည္ေတြကို အေရွ႕အလယ္ပိုင္းေဒသက ႏိုင္ငံေတြက ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး လက္ခံထားရတဲ့ အခက္အခဲေတြကို ကိုယ္တိုင္ေတြ႔ျမင္ ၾကားသိခဲ့ရတာပါ။

တိုက္႐ိုက္ လင့္ခ္

-----------------

(Unicode)

ဗြိတိန်အိမ်ရှေ့စံ မင်းသားကြီး Charles နှစ်သစ်ဆုတောင်းလွှာထဲ မြန်မာ့အရေး ပါဝင်

မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယား စတဲ့နိုင်ငံတွေမှာ နိုင်ငံရေးနဲ့ ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေ အပါအဝင် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသူတွေကို သတ္တိရှိသူတွေလို့ ဗြိတိန် အိမ်ရှေ့စံမင်းသားကြီး Charles က သူ့ရဲ့ နှစ်သစ်ကူး ဆုတောင်းလွှာထဲမှာ ထည့်သွင်း ချီးကျူးလိုက်ပါတယ်။

နှစ်သစ်ကို ကူးပြောင်းလာတဲ့ အခါသမယမှာပဲ လွတ်မြောက်မှုနဲ့ လူ့အခွင့်အရေးတို့အတွက် ကမ္ဘာတဝန်း တိုက်ပွဲဝင်နေကြသူတွေကို အမှတ်တရ ရှိပေးကြဖို့ လိုအပ်ပါတယ်လို့ အိမ်ရှေ့မင်းသား Charles က ပြောပါတယ်။

“မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယား အပါအဝင် တခြားနိုင်ငံတွေမှာ နိုင်ငံရေးနဲ့ ဘာသာရေး ဖိနှိပ်မှုတွေ၊ လုံခြုံမှု မရှိတာတွေ စတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေအပြင် စာနာမှုဆိုင်ရာ အခက်အခဲတွေနဲ့ တိုးမြင့် ရင်ဆိုင်နေကြရကြောင်း၊ အဲဒီလို ဘေးဒုက္ခ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပေမယ့်လည်း ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ အရေးပါတဲ့ အကူအညီတွေကို သတ္တိပြောင်မြောက်စွာ ကူညီ ဆောင်ရွက်ပေးနေကြပါတယ်” လို့ အိမ်ရှေ့မင်းသား Charles က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပဋိပက္ခတွေ ငြိမ်းချမ်းစွာ ပြေလည်နိုင်ရေးအတွက် သူ့အနေနဲ့ ဆုတောင်းပေးပါကြောင်းနဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကူအညီ လိုအပ်နေသူတွေကို ဝိုင်းဝန်းကူညီပေးကြဖို့အတွက် တိုက်တွန်းပါကြောင်းလည်း အိမ်ရှေ့မင်းသား Charles ရဲ့ နှစ်သစ်ကူး ဆုတောင်းလွှာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာရသွားပြီးတဲ့နောက် အခြေအနေတွေ ဆိုးရွားလာခဲ့သလို အိမ်ရှေ့မင်းသား Charles ဟာ မကြာသေးခင်ကပဲ ဂျော်ဒန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေ အပါအဝင် ဒေသတွင်း နိုင်ငံတွေက ဒုက္ခသည်တွေကို အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေက ဆယ်စုနှစ်တွေနဲ့ချီပြီး လက်ခံထားရတဲ့ အခက်အခဲတွေကို ကိုယ်တိုင်တွေ့မြင် ကြားသိခဲ့ရတာပါ။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG