သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၂၂ ခုႏွစ္ ျမန္မာ့ႏိုင္ငံေရး အားၿပိဳင္မႈအလားအလာနဲ႔ ၿငိမ္းခ်မ္းေရး အေျခအေန


ၿငိမ္းခ်မ္းေရးသေကၤတ ခ်ဳိးျဖဴငွက္

[[Zawgyi/Unicode]]

လာမယ့္ ၂၀၂၂ခုႏွစ္မွာျမန္မာျပည္ရဲ့ ႏိုင္ငံေရးအေျခအေနဟာ ႏိုင္ငံေရးၿပိဳင္ဆုိင္မႈေတြ ပိုမို ျပင္းထန္မယ့္အလားအလာေတြ ေတြ႔ျမင္ေနရၿပီး ၿငိမ္းခ်မ္းေရးကို ေမွ်ာ္မွန္းလုိ႔ မရႏိုင္ေသးေၾကာင္း တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ နဲ႔ ႏိုင္ငံေရးပါတီက ေခါင္းေဆာင္ေတြက သံုးသပ္ထားပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုရန္ႏိုင္က တင္ျပထားပါတယ္။

ကုန္ဆံုးေတာ့မယ္ ၂၀၂၁ခုႏွစ္မွာ စစ္တပ္က အာဏာသိမ္းယူခဲ့တဲ့ေနာက္ ျဖစ္ေပၚခဲ့တဲ့ ဆန္႔က်င္ကန္႔ ကြက္မႈေတြ၊ ပစ္ခတ္ႏွိမ္နင္းတာေတြ၊ ဖမ္းဆီးတာေတြ၊ သတ္ျဖတ္တာေတြ၊ မီးရိႈ႕တာေတြ၊ ေဒသအႏွံ႔တုိက္ပဲြေတြ ျဖစ္ခဲ့ၿပီး ျမန္မာျပည္သူေတြဟာ ၾကမ္းတမ္းခက္ခဲတဲ့ႏွစ္ တစ္ႏွစ္ကို ျဖတ္သန္းခဲ့ၾကရတာပါ။

လာမယ့္ႏွစ္သစ္မွာလည္း ျမန္မာ့ႏိုင္ငံေရးအေျခအေနဟာ လြန္ဆဲြမႈျပင္းထန္မယ့္ႏွစ္အျဖစ္ ရႈျမင္ေၾကာင္း NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔ရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔က ဗိုလ္မႉးႀကီးခြန္ဥကၠာကလည္း အခုလုိေျပာပါတယ္။

“အားလံုးတြက္ထားတာကေတာ့ျမန္မာျပည္ရဲ့ ၂၀၂၂ ကေတာ့ လြန္ဆဲြပဲြ၊ သူလည္း မႏိုင္၊ ကိုယ္လည္း မႏိုင္ ျပင္းထန္တဲ့ လြန္ဆဲြပဲြျဖစ္မယ္လို႔ ခန္႔မွန္းၾကတာကိုး။ Stalemate ေပါ့ဗ်ာ။ရင္ဆိုင္မႈက ပိုျပင္းထန္ႏိုင္တယ္။ တဘက္ကလည္း လက္ရိွ အေပၚစီးရေနတဲ့ စစ္ေကာင္စီက အေျခအေနအရပ္ရပ္ေပါ့။ သံတမန္ေရး၊ ႏိုင္ငံတကာအေရး၊ ျပည္တြင္းေရး အကုန္လံုးကို ၿခံဳၿပီးေတာ့ အလွည့္အေျပာင္းတစ္ခုအေနနဲ႔ အျခားနည္းနာကို ေျပာင္းခ်င္လည္း ေျပာင္းႏိုင္တယ္။ ဒါေပမဲ့ ေျပာင္းတဲ့ဟာက အေလွ်ာ့ေပးတာေတာ့ မဟုတ္ဘူး။ ဒါေၾကာင့္ ပိုၿပီးေတာ့ နည္းပရိယာယ္ႂကြယ္ၿပီးေတာ့ အေကြ႔အပတ္ အလိမ္ အလွည့္ပိုမ်ားတဲ့ႏွစ္ ျဖစ္ႏိုင္တယ္၊ လာမယ့္ႏွစ္က။ ”

အျခားနည္းနာကို အသံုးျပဳရာမွာ စစ္ေကာင္စီဘက္က ၂၀၂၁ခုႏွစ္မွာ ျပင္းထန္တဲ့ နည္းေတြကို အသံုးျပဳထားတာေၾကာင့္ ၂၀၂၂ ခုႏွစ္မွာေတာ့ အက်ဥ္းသားေတြ လႊတ္ေပးတာလို၊ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး ေတြ႔ဆံု ေဆြးေႏြးတာလို၊ သံတမန္ေရးအရ ျပန္လည္ခ်ဥ္းကပ္တာလို ေပ်ာ့ေျပာင္းတဲ့နည္းေတြ သံုးလာႏိုင္ေၾကာင္းလည္း တြက္ဆပါတယ္။

ရွမ္းအမ်ိဳးသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးစိုင္းလိတ္က ၂၀၂၂မွာ ၿငိမ္းခ်မ္းေရးကို ဦးတည္တဲ့အေနအထားမျမင္ေသးေၾကာင္းသံုးသပ္ ထားပါတယ္။

“တခုလံုးကို ၿခံဳၿပီး ေျပာမယ္ဆုိရင္ေတာ့ ၿငိမ္းခ်မ္းၿပီးေတာ့ ဖံြ႔ျဖိဳးတိုးတက္မႈကို လုပ္ေဆာင္ႏိုင္မယ့္ အေနအထား၊ ဒီမုိကေရစီထြန္းကားၿပီးေတာ့ ဖက္ဒရယ္ကို ဦးတည္တဲ့ အေနအထားေတြကေတာ့ အခုအခ်ိန္ထိ အရိပ္အေယာင္ မေတြ႔ရေသးဘူးလို႔ သံုးသပ္လုိပါတယ္။”

လက္ရိွအေျခအေနမွာ စစ္ေကာင္စီအေနနဲ႔ NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထုိးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႔ေတြ၊ ေနာက္ NCA လက္မွတ္ မထိုးေသးတဲ့ အဖဲြ႔ေတြနဲ႔ ေထာက္ခံမႈကို အျပည့္အဝ မရေသးသလို အခ်ဳိ႕ တုိင္းရင္းသားလက္နက္ကိုင္ေတြ၊ PDF အဖဲြ႔ေတြနဲ႔ ေဒသအႏွံ႔ တိုက္ပဲြျဖစ္ပြားေနေၾကာင္းလည္းေထာက္ျပပါတယ္။

ျပည္တြင္း၊ ျပည္ပ အေထြေထြ တင္းမာမႈေတြေၾကာင့္လည္း ၿငိမ္းခ်မ္းတဲ့အေျခအေနကို ဦးမတည္ႏိုင္တာ ျဖစ္ေၾကာင္း အခုလို ဆက္ေျပာပါတယ္။

“တဘက္မွာ စစ္ေကာင္စီက ၿငိမ္းခ်မ္းေရးလုပ္မယ္၊ ၿငိမ္းခ်မ္းေရးအသီးအပြင့္ေတြ ခံစားရဖုိ႔ ဘယ္လုိပဲ ေျပာေျပာ၊ လူထုရဲ့ ပူးေပါင္းပါဝင္မႈနဲ႔ လူထုရဲ႕အားကိုးယံုၾကည္မႈက ဘယ္လုိမွ ရိွမေနေသးဘူးဆုိတာေတာ့ လက္ေတြ႔၊ မ်က္ေတြ႔ပဲေလ။ ေနာက္ ႏိုင္ငံတကာရဲ့ဖိအား၊ ကုလသမဂၢနဲ႔ EU လိုအဖဲြ႔ အစည္းမ်ိဳးကေတာင္မွပဲ လူ႔အခြင့္အေရး က်ဴးလြန္ေဖာက္ဖ်က္မႈေတြကို ရပ္တန္းက ရပ္ဖို႔၊ အမ်ိဳးမ်ိဳးေတာင္းဆိုၿပီးမွ ဖိအားေတြလည္း ေပးေနတယ္။ ဒါေပမဲ့ တဘက္မွာ စစ္ေကာင္စီအေနနဲ႔ အေလွ်ာ့ေပးလုိတဲ့ ပံုစံမ်ိဳးလည္း ရိွမေနဘူးေလ။ အဲဒါေၾကာင့္ ဒီတင္းမာမႈေတြ၊ အေထြေထြေသာ ျဖစ္ေပၚေနမႈေတြက ပြတ္တိုက္မႈေတြ ဒီထက္ ျပင္းထန္ၿပီးေတာ့ ထိန္းမႏိုင္ သိမ္းမရတဲ့ Fail State ေခၚ က်ရႈံးႏိုင္ငံအျဖစ္ကို ဦးတည္သြားႏိုင္တယ္လုိ႔ပဲ ျမင္ပါတယ္။”

ေလာေလာဆယ္မွာစစ္ေကာင္စီဟာ အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ PDF အဖဲြ႔ေတြနဲ႔ တိုက္ပဲြျဖစ္ ပြားေနသလို NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထုိးထားတဲ့ ကရင္အမ်ိဳးသားအစည္းအရံုး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦးCNF ၊အပစ္မရပ္ေသးတဲ့ ကခ်င္လြတ္လပ္ေရးအဖဲြ႔ KIOနဲ႔ MNDAA ကိုးကန္႔တပ္ဖဲြ႔ေတြနဲ႔ တိုက္ပဲြျဖစ္ပြား ေနပါတယ္။

=============

[[Unicode]]

၂၀၂၂ ခုနှစ် မြန်မာ့နိုင်ငံရေး အားပြိုင်မှုအလားအလာနဲ့ ငြိမ်းချမ်းရေး အခြေအနေ

လာမယ့် ၂၀၂၂ခုနှစ်မှာမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ ပိုမို ပြင်းထန်မယ့်အလားအလာတွေ တွေ့မြင်နေရပြီး ငြိမ်းချမ်းရေးကို မျှော်မှန်းလို့ မရနိုင်သေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေက သုံးသပ်ထားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုရန်နိုင်က တင်ပြထားပါတယ်။

ကုန်ဆုံးတော့မယ် ၂၀၂၁ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့နောက် ဖြစ်ပေါ်ခဲ့တဲ့ ဆန့်ကျင်ကန့် ကွက်မှုတွေ၊ ပစ်ခတ်နှိမ်နင်းတာတွေ၊ ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေ၊ မီးရှို့တာတွေ၊ ဒေသအနှံ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး မြန်မာပြည်သူတွေဟာ ကြမ်းတမ်းခက်ခဲတဲ့နှစ် တစ်နှစ်ကို ဖြတ်သန်းခဲ့ကြရတာပါ။

လာမယ့်နှစ်သစ်မှာလည်း မြန်မာ့နိုင်ငံရေးအခြေအနေဟာ လွန်ဆွဲမှုပြင်းထန်မယ့်နှစ်အဖြစ် ရှုမြင်ကြောင်း NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း အခုလိုပြောပါတယ်။

“အားလုံးတွက်ထားတာကတော့မြန်မာပြည်ရဲ့ ၂၀၂၂ ကတော့ လွန်ဆွဲပွဲ၊ သူလည်း မနိုင်၊ ကိုယ်လည်း မနိုင် ပြင်းထန်တဲ့ လွန်ဆွဲပွဲဖြစ်မယ်လို့ ခန့်မှန်းကြတာကိုး။ Stalemate ပေါ့ဗျာ။ရင်ဆိုင်မှုက ပိုပြင်းထန်နိုင်တယ်။ တဘက်ကလည်း လက်ရှိ အပေါ်စီးရနေတဲ့ စစ်ကောင်စီက အခြေအနေအရပ်ရပ်ပေါ့။ သံတမန်ရေး၊ နိုင်ငံတကာအရေး၊ ပြည်တွင်းရေး အကုန်လုံးကို ခြုံပြီးတော့ အလှည့်အပြောင်းတစ်ခုအနေနဲ့ အခြားနည်းနာကို ပြောင်းချင်လည်း ပြောင်းနိုင်တယ်။ ဒါပေမဲ့ ပြောင်းတဲ့ဟာက အလျှော့ပေးတာတော့ မဟုတ်ဘူး။ ဒါကြောင့် ပိုပြီးတော့ နည်းပရိယာယ်ကြွယ်ပြီးတော့ အကွေ့အပတ် အလိမ် အလှည့်ပိုများတဲ့နှစ် ဖြစ်နိုင်တယ်၊ လာမယ့်နှစ်က။ ”

အခြားနည်းနာကို အသုံးပြုရာမှာ စစ်ကောင်စီဘက်က ၂၀၂၁ခုနှစ်မှာ ပြင်းထန်တဲ့ နည်းတွေကို အသုံးပြုထားတာကြောင့် ၂၀၂၂ ခုနှစ်မှာတော့ အကျဉ်းသားတွေ လွှတ်ပေးတာလို၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးတာလို၊ သံတမန်ရေးအရ ပြန်လည်ချဉ်းကပ်တာလို ပျော့ပြောင်းတဲ့နည်းတွေ သုံးလာနိုင်ကြောင်းလည်း တွက်ဆပါတယ်။

ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ၂၀၂၂မှာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့အနေအထားမမြင်သေးကြောင်းသုံးသပ် ထားပါတယ်။

“တခုလုံးကို ခြုံပြီး ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်နိုင်မယ့် အနေအထား၊ ဒီမိုကရေစီထွန်းကားပြီးတော့ ဖက်ဒရယ်ကို ဦးတည်တဲ့ အနေအထားတွေကတော့ အခုအချိန်ထိ အရိပ်အယောင် မတွေ့ရသေးဘူးလို့ သုံးသပ်လိုပါတယ်။”

လက်ရှိအခြေအနေမှာ စစ်ကောင်စီအနေနဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နောက် NCA လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေနဲ့ ထောက်ခံမှုကို အပြည့်အဝ မရသေးသလို အချို့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF အဖွဲ့တွေနဲ့ ဒေသအနှံ့ တိုက်ပွဲဖြစ်ပွားနေကြောင်းလည်းထောက်ပြပါတယ်။

ပြည်တွင်း၊ ပြည်ပ အထွေထွေ တင်းမာမှုတွေကြောင့်လည်း ငြိမ်းချမ်းတဲ့အခြေအနေကို ဦးမတည်နိုင်တာ ဖြစ်ကြောင်း အခုလို ဆက်ပြောပါတယ်။

“တဘက်မှာ စစ်ကောင်စီက ငြိမ်းချမ်းရေးလုပ်မယ်၊ ငြိမ်းချမ်းရေးအသီးအပွင့်တွေ ခံစားရဖို့ ဘယ်လိုပဲ ပြောပြော၊ လူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လူထုရဲ့အားကိုးယုံကြည်မှုက ဘယ်လိုမှ ရှိမနေသေးဘူးဆိုတာတော့ လက်တွေ့၊ မျက်တွေ့ပဲလေ။ နောက် နိုင်ငံတကာရဲ့ဖိအား၊ ကုလသမဂ္ဂနဲ့ EU လိုအဖွဲ့ အစည်းမျိုးကတောင်မှပဲ လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်မှုတွေကို ရပ်တန်းက ရပ်ဖို့၊ အမျိုးမျိုးတောင်းဆိုပြီးမှ ဖိအားတွေလည်း ပေးနေတယ်။ ဒါပေမဲ့ တဘက်မှာ စစ်ကောင်စီအနေနဲ့ အလျှော့ပေးလိုတဲ့ ပုံစံမျိုးလည်း ရှိမနေဘူးလေ။ အဲဒါကြောင့် ဒီတင်းမာမှုတွေ၊ အထွေထွေသော ဖြစ်ပေါ်နေမှုတွေက ပွတ်တိုက်မှုတွေ ဒီထက် ပြင်းထန်ပြီးတော့ ထိန်းမနိုင် သိမ်းမရတဲ့ Fail State ခေါ် ကျရှုံးနိုင်ငံအဖြစ်ကို ဦးတည်သွားနိုင်တယ်လို့ပဲ မြင်ပါတယ်။”

လောလောဆယ်မှာစစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ PDF အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ် ပွားနေသလို NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦးCNF ၊အပစ်မရပ်သေးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIOနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွား နေပါတယ်။

#MilitaryCoup #NCA #KNU #CNF #2022 #VOA #စစ်အာဏာသိမ်းမှု #၂၀၂၂ #နိုင်ငံရေးသုံးသပ်ချက် #ဗွီအိုအေ

================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG