သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ဝ၂၂ ခုနှစ် မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်သူ ၁၄ သန်းကျော်နိုင်ကြောင်း ကုလခန့်မှန်း


MYANMAR-COUP-POLITICS-FOOD, FOCUS (ယခင်ဓါတ်ပုံ)
MYANMAR-COUP-POLITICS-FOOD, FOCUS (ယခင်ဓါတ်ပုံ)

၂ဝ၂၂ ခုနှစ် မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်သူ ၁၄ သန်းကျော်နိုင်ကြောင်း ကုလခန့်မှန်း

{{Zawgyi/Unicode}}

၂၀၂၂ ခုနှစ်သစ်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဆင်းရဲမွဲတွေမှုနဲ့ ကြုံရနိုင်ပြီး၊ ၄ ပုံ ၁ ပုံလောက်ရှိတဲ့ ခန့်မှန်းချေ လူပေါင်း ၁၄ ဒဿမ ၄ သန်းလောက်ဟာလည်း စာနာမှုအထောက်အပံ့တွေ လိုအပ်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

၂၀၀၅ ခုနှစ်ကတည်းကဆင်းရဲမွဲတေမှုလျော့ကျလာခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်အေ ခြအနေတွေဟာဆိုးရွားလာကြောင်းလည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာရုံး OCHA က သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ နှစ်ကုန်သုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

အရေးအပေါ်အကူအညီ လိုအပ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ ၁၄ သန်းကျော်ထဲမှာ အမျိုးသမီး ၇ သန်းခွဲလောက်နဲ့ ကလေး ၅ သန်းလောက် ပါဝင်ကြောင်းလည်း ပြောပါတယ်။

တိုင်းနဲ့ပြည်နယ် ၁၅ ခုအနက် ၁၄ ခုမှာ အဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်ရမယ့် အလားအလာတွေ ရှိနေကြောင်းလည်း ဖော်ပြခဲ့တာပါ။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်တာ၊ လုံခြုံမှုမရှိတာ၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံတွေ ပျက်စီးတာ စတာတွေဟာလည်း စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

နှစ်သစ်မှာလည်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လုံခြုံရေးပြဿနာတွေ ဆက်လက်ကြုံတွေ့ရမယ့် အလားအလာတွေ ရှိနေသလို၊ ကိုဗစ်ကပ်ရောဂါ မျိုးကွဲသစ်တွေ ပေါ်ပေါက်နေချိန်မှာ ကာကွယ်ဆေးထိုးနှုန်း အားနည်းတာတွေဟာလည်း ကျန်းမာရေးကဏ္ဍမှာ ခြိမ်းခြောက်မှုအဖြစ် သတိပေးထားပါတယ်။

နိုင်ငံရေး၊ လူမှုရေး ပြဿနာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား ပြီးခဲ့တဲ့နှစ်ထဲ ဆိုးရွားလာခဲ့တဲ့ လူကုန်ကူးမှု ပြဿနာတွေဟာ ဒီနှစ်မှာ ပိုဆိုးမယ့် အန္တရာယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ပဋိပက္ခတွေကြား ကလေးတွေ နေရပ်စွန့်ခွာရတာ၊ သတ်ဖြတ်ခံရတာ၊ လူကုန်ကူးတာနဲ့ ပဋိပက္ခတွေမှာ အသုံးချခံရမှာ စိုးရိမ်ရတယ်လို့လည်း ကုလသမဂ္ဂရဲ့ နှစ်ချုပ်အစီရင်ခံစာမှာ သတိပေးထားပါတယ်။

..................................

တိုက်ရိုက် လင့်ခ်


{{Unicode}}







XS
SM
MD
LG