{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံအတြင္း လိုအပ္ေနတဲ့ စာနာမႈဆိုင္ရာအကူအညီေတြအတြက္ WFP ကမၻာ့စားနပ္ရိကၡာအဖြဲ႔ႀကီးကတဆင့္ EU ဥေရာပသမဂၢက ယူ႐ိုေငြ ၄ သန္း လွဴဒါန္းခဲ့တယ္လို႔ WFP က ေၾကညာပါတယ္။
ဒီအကူအညီေတြကတဆင့္ ခ်င္း၊ ကခ်င္၊ ရခိုင္နဲ႔ ရွမ္းျပည္နယ္ေတြအတြင္း အခုႏွစ္ဆန္းပိုင္းကစလို႔ အေရးေပၚ စားနပ္ရိကၡာလိုအပ္ေနသူ ၃၇၀,၀၀၀ ကို ကူညီေပးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္ေရးပဋိပကၡေတြ၊ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ၊ COVID-19 ကပ္ေရာဂါရဲ႕ ေနာက္ဆက္တြဲအက်ဳိးဆက္အျဖစ္ လူမႈ စီးပြားအက်ပ္အတည္းေတြ စတဲ့ အခက္အခဲေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ေနရတဲ့ အလိုအပ္ဆုံးအခ်ိန္မွာ အီးယူရဲ႕ ႏိုင္ငံသား ကာကြယ္ေစာင့္ေရွာက္ေရးနဲ႔ လူသားခ်င္းစာနာမႈအကူအညီေပးေရး႐ုံး (ECHO) က ကူညီေပးခဲ့တာလည္း ျဖစ္ပါတယ္။
“ျမန္မာႏိုင္ငံအတြင္းက စားနပ္ရိကၡာရွားပါးမႈဟာ လြန္ခဲ့တဲ့တႏွစ္အတြင္း သိသိသာသာ ဆိုးရြားလာပါတယ္။ အီးယူက အခုလို ကူညီေပးခဲ့တာေၾကာင့္ WFP အေနနဲ႔ ျမန္မာႏိုင္ငံတြင္း အကူအညီ လိုအပ္ေနသူေတြအတြက္ စားနပ္ရိကၡာေတြ ကူညီေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ အီးယူရဲ႕ ျမန္မာႏိုင္ငံ စာနာမႈအကူအညီေပးေရးဆိုင္ရာ အႀကီးအကဲ Luc Verna က ေျပာပါတယ္။
WFP ရဲ႕ ေလ့လာေစာင့္ၾကည့္မႈေတြအရ ျမန္မာႏိုင္ငံအတြင္းက ၿမိဳ႕ျပနဲ႔ နယ္စပ္ေဒသေတြမွာ ေနထိုင္ၾကတဲ့ ခ်ဳိ႕တဲ့တဲ့ မိသားစုေတြဟာ လတ္တေလာျဖစ္ေပၚေနတဲ့ ပဋိပကၡေတြမွာ ပိုမို အထိနာၾကေၾကာင္း၊ ဒါေၾကာင့္လည္း အမ်ားစုဟာ ထမင္းနပ္မွန္ေအာင္ မစားႏိုင္တာ၊ အစားအေသာက္ဝယ္ဖို႔အတြက္ ကိုယ္ပိုင္ပစၥည္းေတြကို ေရာင္းခ်တာေတြ လုပ္ေနၾကရတာကို ေတြ႔ရတယ္လို႔ ဆိုပါတယ္။
နယ္စပ္ေဒသေတြမွာ ေနထိုင္ၾကတဲ့ ေငြေၾကးမတတ္ႏိုင္သူေတြကို WFP အေနနဲ႔ အကူအညီေပးေရးဟာ အေရးပါတဲ့ အခန္းက႑မွာ ရွိေနေပမယ့္ မၾကာေသးခင္ကာလေတြက လက္နက္ကိုင္ပဋိပကၡေတြျဖစ္ခဲ့တဲ့ ခ်င္း၊ ကယား၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မေကြးနဲ႔ စစ္ကိုင္းတိုင္း စတဲ့ေဒသေတြက ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူေတြ ေရရွည္ စားနပ္ရိကၡာရရွိေရးဟာ ျမန္မာႏိုင္ငံအတြင္းက စာနာမႈဆိုင္ရာ အကူအညီေပးေနတဲ့ အဖြဲ႔အစည္းေတြအတြက္ ထိပ္တန္းဦးစားေပးလုပ္ငန္းျဖစ္တယ္လို႔လည္း WFP ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
=================
{{Unicode}}
မြန်မာအတွက် WFP ကတဆင့် ယူရိုငွေ ၄ သန်းထိ အကူအညီပေးထားကြောင်း EU ကြေညာ
မြန်မာနိုင်ငံအတွင်း လိုအပ်နေတဲ့ စာနာမှုဆိုင်ရာအကူအညီတွေအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးကတဆင့် EU ဥရောပသမဂ္ဂက ယူရိုငွေ ၄ သန်း လှူဒါန်းခဲ့တယ်လို့ WFP က ကြေညာပါတယ်။
ဒီအကူအညီတွေကတဆင့် ချင်း၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း အခုနှစ်ဆန်းပိုင်းကစလို့ အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေသူ ၃၇၀,၀၀၀ ကို ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ COVID-19 ကပ်ရောဂါရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် လူမှု စီးပွားအကျပ်အတည်းတွေ စတဲ့ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ အလိုအပ်ဆုံးအချိန်မှာ အီးယူရဲ့ နိုင်ငံသား ကာကွယ်စောင့်ရှောက်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးရုံး (ECHO) က ကူညီပေးခဲ့တာလည်း ဖြစ်ပါတယ်။
“မြန်မာနိုင်ငံအတွင်းက စားနပ်ရိက္ခာရှားပါးမှုဟာ လွန်ခဲ့တဲ့တနှစ်အတွင်း သိသိသာသာ ဆိုးရွားလာပါတယ်။ အီးယူက အခုလို ကူညီပေးခဲ့တာကြောင့် WFP အနေနဲ့ မြန်မာနိုင်ငံတွင်း အကူအညီ လိုအပ်နေသူတွေအတွက် စားနပ်ရိက္ခာတွေ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ အီးယူရဲ့ မြန်မာနိုင်ငံ စာနာမှုအကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Luc Verna က ပြောပါတယ်။
WFP ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ မြန်မာနိုင်ငံအတွင်းက မြို့ပြနဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ ချို့တဲ့တဲ့ မိသားစုတွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေမှာ ပိုမို အထိနာကြကြောင်း၊ ဒါကြောင့်လည်း အများစုဟာ ထမင်းနပ်မှန်အောင် မစားနိုင်တာ၊ အစားအသောက်ဝယ်ဖို့အတွက် ကိုယ်ပိုင်ပစ္စည်းတွေကို ရောင်းချတာတွေ လုပ်နေကြရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ ငွေကြေးမတတ်နိုင်သူတွေကို WFP အနေနဲ့ အကူအညီပေးရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပေမယ့် မကြာသေးခင်ကာလတွေက လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ချင်း၊ ကယား၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်း စတဲ့ဒေသတွေက ထောင်ပေါင်းများစွာသော ပြည်သူတွေ ရေရှည် စားနပ်ရိက္ခာရရှိရေးဟာ မြန်မာနိုင်ငံအတွင်းက စာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်တယ်လို့လည်း WFP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
#MyanmarHumanitarian #WFP #EU #voaburmese #စားနပ်ရိက္ခာ #လူသားစာနာမှု #ဗွီအိုအေမြန်မာပိုင်း
=================