သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂ဝ၂၂ ခုႏွစ္ ျမန္မာႏိုင္ငံအတြက္ ေမွ်ာ္လင့္ခ်က္နဲ႔ဆုေတာင္း


= = =[ Zawgyi ]= = =

၂ဝ၂၂ ခုႏွစ္ ျမန္မာႏိုင္ငံအတြက္ ေမွ်ာ္လင့္ခ်က္နဲ႔ဆုေတာင္း

ၿပီးခဲ့တဲ့ႏွစ္ ျမန္မာႏိုင္ငံမွာ ၾကံဳခဲ့ရတဲ့ ႏိုင္ငံေရးအက်ပ္အတည္းေတြ၊ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ ကိုဗစ္ကပ္ေရာဂါ အပါအ၀င္ ျပႆနာေပါင္းစုံကို ဒီႏွစ္ ၂၀၂၂ ခုႏွစ္သစ္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းေက်ာ္လႊားႏိုင္ဖို႔ ေမွ်ာ္လင့္မႈေတြ ရွိေနပါတယ္။ ျမန္မာျပည္သူေတြ ရင္ဆိုင္ေနရဆဲ အေထြေထြ အက်ပ္အတည္းေတြကို ေက်ာ္လႊားႏိုင္ဖို႔ ဘာသာေရးနဲ႔ ႏိုင္ငံေရးေခါင္းေဆာင္ တခ်ဳိ႕ရဲ႕ ႏွစ္သစ္ေမွ်ာ္လင့္ခ်က္နဲ႔ ဆုေတာင္းေတြကိုေတာ့ ကိုဉာဏ္၀င္းေအာင္က စုစည္းတင္ျပထားပါတယ္။

ကုန္လြန္သြားၿပီျဖစ္တဲ့ ၂၀၂၁ ခုထဲမွာ ျမန္မာႏိုင္ငံတြင္း စစ္တပ္က အာဏာသိမ္းတာေတြ၊ ကိုဗစ္ တတိယလႈိင္းရဲ႕ ဆိုးရြားတဲ့ ဒဏ္ေတြ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရၿပီး ၊ ၂၀၂၀ ႏွစ္ဆန္းပိုင္းက စလာခဲ့တဲ့ ကိုဗစ္ကပ္ေရာဂါ လႈိင္းေတြေၾကာင့္ ျပည္သူေတြ စီးပြားေရး ပုံမွန္ မလည္ပတ္ႏိုင္ ျဖစ္လာခဲ့တာ အခုအခ်ိန္ထိပဲလို႔ ဆိုရမွာပါ။ ဒါေၾကာင့္ ဒီလို ေဘးဆိုးေတြကို ေက်ာ္လႊားလြန္ေျမာက္ၿပီး ကံေကာင္းျခင္းေတြ က်ေရာက္ၾကပါေစလို႔ မိုးကုတ္ ေရပူဆရာေတာ္က ဆုေတာင္းေမတၱာ ပို႔သပါတယ္။

“ လာမယ့္ ၂၀၂၂မွာ ႏုိ္င္ငံသူ ႏိုင္ငံသားေတြနဲ႔တကြ ကမၻာသူ ကမၻာသားအား လံုးကံေကာင္းၾကပါေစလို႔ ေမတၱာပို႔သလိုပါတယ္။ ဘုန္းႀကီးတို႔ လူသားေတြ ဘယ္ေလာက္ပဲ အလုပ္မ်ားတယ္ေျပာေျပာ အားလံုး ၿခံၾကည့္လိုက္မယ္ဆိုရင္ ခႏၵာကိုယ္နဲ႔ ျပုလုပ္တဲ့ ကာယကံ၊ ပါးစပ္နဲ႔ စကားေျပာျခင္းဆုိတဲ့ ဝစၥီကံအလုပ္၊ စိတ္ထဲကေန ေတြးေတာ ႀကံစည္ျခင္းဆိုတဲ့ မေနာကံအလုပ္၊ ဒီသံုးလုပ္ပဲ ရွိပါတယ္။ ဘုန္းႀကီးတို႔ ႏိုင္ငံသူ ႏုိင္ငံသား ကမၻာသူ ကမၻာသားေတြ အားလံုး ကံေကာင္းဖို႔ ဆိုလို႔ရွိရင္ ေျပာျပဳ ႀကံပြား ကံသံုးပါး၊ တရားေအာင္လုပ္၊ တရား မတရား ခြဲခြဲျခား ျပတ္သားသိေအာင္လုပ္၊ ကိုယ္-သူ အမ်ားဆင္းရဲပြား မတရားဖယ္ခြာထုတ္၊ ကိုယ္သူအမ်ား ခ်မ္းသာပြား တရားအားထုတ္လုပ္တဲ့။ အခုဆိုလို႔ရွိရင္ ဘုန္းႀကီးႏိုင္ငံမွာ ျဖစ္ေနတာေတြ ဆိုလို႔ရွိရင္ ဥပေဒနဲ႔ ဖမ္းဆီးတာေတြ ဥပေဒမယ့္ နိုက္စက္ေနတာေတြ၊ ဖမ္းဆီးေထာင္ခ်ေနတာေတြ အိုးအိမ္ေတြ ဖ်က္ဆီးေနတာေတြ အဲတာေတြ ဆိုလို႔ရွိရင္ အဲတာ မတရားမွုေတြ၊ အဲဒီမတရားမွုေတြကို ဦးဇင္းတို႕ ဖယ္ခြ ာထုတ္ႏိုင္ဖို႔က သိပ္အေရးႀကီးတယ္။ ကိုယ္သူအမ်ား ဆင္းရဲပြား မတရားဖယ္ခြာထုတ္၊ ကိုယ္သူအမ်ား ခ်မ္းသာပြား တရားအားထုတ္လုပ္ဆိုတဲ့ အတိုင္း ကို္ယ္ေရာ သူေရာ ႏုိင္ငံသူ ႏိုင္ငံသားေတြ ခ်မ္းသာေစမယ့္အလုပ္ဟာ တရားတဲ့ အလုပ္ျဖစ္တယ္။ အဲေတာ့ ကိုယ္ေရာသူေရာ ႏိုင္ငံသူ နို္င္ငံသားေတြ ကမၻာသူ ကမၻာသားေတြ ႀကီးပြားခ်မ္းသာဖုိ႔ရာအတြက္ ျပဳတဲ့အလုပ္ ေျပာတဲ့စကား ႀကံစည္တဲ့ အႀကံအစည္ ဆိုလို႔ရွိရင္ အဲတာ တရားပါတယ္။ ဒါေၾကာင့္မလို႔ လာမယ့္ ၂၀၂၂မွာ မတရားမွုေတြကို ဖယ္ခြာထုတ္တြင္ ရွင္းလင္းႏိုင္ၾကၿပီးေတာ့ တရားေသာအလုပ္ကို ျပဳလုပ္ အားထုတ္ႏိုင္ၾကေစ ၂၀၂၂နွစ္သစ္မွာ ကမၻာသူ ကမၻာသားေတြနဲ႔တကြ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြ အားလံုး ကံေကာင္းတဲ့ ပုဂိၢဳလ္ေတြ ျဖစ္ၾကပါေစလို႔ ဘုန္းႀကီးကေတာ့ အဲသလိုပဲ ဆုေတာင္းေပးခ်င္ပါတယ္။”

ျမန္မာျပည္သူေတြ ၂၀၂၁ ထဲ ခံစားခဲ့ရတဲ့ ဒုကၡအေထြေထြက ကင္းေဝးေစဖို႔ ဆုေတာင္းေပးသူက လားဟူႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္က သိကၡာေတာ္ရ ေဒါက္တာ လာဇရုပဲ ျဖစ္ပါတယ္။

“ က်ေနာ္တို႔ ၂၀၂၂ နွစ္သစ္မွာ က်ေနာ္တို႔ ခံစားေနရတဲ့ ကဒ္ေဘး အမ်ိဳးမ်ိုး ကင္းေဝးၿပီးေတာ့ သာယာေပ်ာ္ရြႊင္ ခ်န္းေျမ့ေသာနွစ္သစ္ ျဖစ္ပါေစ၊ ဒုကၡေရာက္ေနတဲ့ သူအားလံုးလည္း ဒုကၡမွ ကင္းေဝးၿပီးေတာ့က်န္းမာမာ ခ်မ္းခ်မ္းသာသာ ေပ်ာ္ရႊင္စြာနဲ႔ ေနနိုင္ၾကပါေစဆိုၿပီးေတာ့ ဆုေတာင္းေမတၱာပို႔လိုပါတယ္။”

ကုန္လြန္ခဲ့တဲ့ ႏွစ္ဟာ စိတ္မခ်မ္းေျမ႕ဖြယ္ေတြနဲ႔ ၾကဳံခဲ့ရတာမို႔ ဒါေတြ အဆုံးသတ္သြားႏိုင္ပါေစလို႔ အစၥလာမ္သာသနာေရးရာေကာင္စီရဲ႕ တြဲဖက္ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ဦးဝဏၰေရႊက ဆုေတာင္းေပးပါတယ္။

“ ၂၀၂၁မွာေတာ့ အားလံုး စိတ္မခ်မ္းသာစရာေတြနဲ႔ ႀကံဳၾကတာေပါ့ေနာ္။ အဲတာေတြ အဆံုးသတ္ဖို႔ အတြက္ကို က်ေနာ္တို႔က ဆႏၵျပုပါတယ္။ ဆုလည္းေတာင္းပါတယ္။ ႏိုင္ငံသားအားလံုးအတြက္ အဆိုးေတြ အဆံုးသတ္ၿပီးေတာ့ အားလံုး လိုအင္ဆႏၵျပည့္ဝၿပီး ၿငိမ္းခ်မ္းဖို႔အတြက္ဆုေတာင္းလိုက္ပါတယ္။”

သနႏၱနဓမၼပါလ (ဟိႏၵဴ)အဖြဲ႔ခ်ဳပ္ရဲ႕ သာသနာျပဳ အက်ိဳးေတာ္ေဆာင္ ေဒါက္တာလွထြန္းက ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြ ေဘးရန္ကင္းေစဖို႔ ႏွစ္သစ္မွာ ဆုေတာင္းေပးလိုက္ပါတယ္။

“ ၂၀၂၀ နဲ႔ ၂၀၂၁ ေပါ့ေနာ္ ဒီႏွစ္ခုလံုးမွာ ကဒ္ေဘးေရာဂါ ကိုရိုနာ ကိုဗစ္နဲ႔ ပတ္သတ္ၿပီးေတာ့ တစ္ကမၻာလံုးမွာ ရွိေနတဲ့ လူသားအားလံုးက ရင္ဆိုင္ရခဲ့တယ္။ တစ္ကမၻာလံုးဆိုင္ရာ ေရာဂါ ခံစားေနရတဲ့ အခ်ိန္မွာ တို႔ျမန္မာႏိုင္ငံလည္း အပါအဝင္တစ္ခုျဖစ္ပါတယ္။ ၂၀၂၂ ဒီလိုႏွစ္သစ္အခ်ိန္မွာ ျမန္မာႏိုင္ငံတြင္း မွီတင္းေနထိုင္ၾကတဲ့ မိဘျပည္သူမ်ား ႏိုင္ငံသူ ႏိုင္ငံသားမ်ား၊ ကမၻာသူ ကမၻာသားမ်ား ကိုယ္စိတ္နွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါေစ၊ က်ေနာ္တို႔ ဟိႏၵဴဘာသာအေနနဲ႔ အားလံုး ေကာင္းပါေစ က်န္းမာပါေစ၊ ခ်မ္းသာပါေစ၊ လမယ့္ နွစ္သစ္က စၿပီး ေတာ့ ေဘးရန္ကင္းၿပီးေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေအးေအးေဆးေဆးနဲ႔ ျဖတ္သန္းႏိုင္ပါေစ၊ လို႔ က်ေနာ္တို႔ ဟိႏၵဴဘာသာအရ ဆုေတာင္းပါတယ္။”

တိုင္းရင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့ ဇိုမီးဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အေထြေထြ အတြင္းေရးမွဴး ပူးဂင္ကမ္းလ်ံကလည္း သာယာဝေျပာတဲ့ ႏိုင္ငံေတာ္ျဖစ္လာေစဖို႔ ၂၀၂၂ အတြက္ ဆုမြန္ေကာင္း ေတာင္းေပးပါတယ္။

“ က်ေနာ္က ခရစ္ယာန္တေယာက္ဆိုေတာ့ ဘာသာေရးအရ ေျပာမယ္ဆိုရင္ - ႏွစ္သစ္မွာ ျမန္မာႏိုင္ငံ တဝွမ္းလုံးမွာရွိတဲ့ တိုင္းရင္းသားျပည္သူအားလုံး .. နား၊ မ်က္စိ၊ စိတ္ႏွလုံးေတြ ပြင့္လာၿပီးေတာ့ တကယ့္ကို သာယာဝေျပာတဲ့ ႏိုင္ငံေတာ္ႀကီး ျဖစ္လာဖို႔ ဆုမြန္ေတာင္းေပးလိုပါတယ္လို႔ က်ေနာ္ ေျပာခ်င္ပါတယ္။ တကယ္တမ္း စိတ္ႏွလုံးထဲမွာ ရွိၾကတယ္ဆိုရင္ေတာ့ ျဖစ္လာမွာပဲလို႔ က်ေနာ္ ယုံၾကည္ပါတယ္။ ”

ျမန္မာႏိုင္ငံက ဘာသာေရးေခါင္းေဆာင္ တိုင္းရင္းသားေခါင္းေဆာင္ တခ်ဳိ႕နဲ႔အတူ ကုလသမဂၢ-အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ကလည္း သူ႔အေနနဲ႔ ျမန္မာျပည္သူေတြနဲ႔အတူ တသားတည္းရွိေၾကာင္း ႏွစ္သစ္ ႏႈတ္ခြန္းဆက္စကား ေျပာခဲ့သလို၊ ျမန္မာႏိုင္ငံမွာ လတ္တေလာ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကို ျမန္မာျပည္သူေတြ ဦးေဆာင္ ေျဖရွင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားပါတယ္ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္


= = ={ Unicode }= = =

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်နဲ့ဆုတောင်း

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံမှာ ကြုံခဲ့ရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကိုဗစ်ကပ်ရောဂါ အပါအဝင် ပြဿနာပေါင်းစုံကို ဒီနှစ် ၂၀၂၂ ခုနှစ်သစ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကျော်လွှားနိုင်ဖို့ မျှော်လင့်မှုတွေ ရှိနေပါတယ်။ မြန်မာပြည်သူတွေ ရင်ဆိုင်နေရဆဲ အထွေထွေ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင် တချို့ရဲ့ နှစ်သစ်မျှော်လင့်ချက်နဲ့ ဆုတောင်းတွေကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ကုန်လွန်သွားပြီဖြစ်တဲ့ ၂၀၂၁ ခုထဲမှာ မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းတာတွေ၊ ကိုဗစ် တတိယလှိုင်းရဲ့ ဆိုးရွားတဲ့ ဒဏ်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ၊ ၂၀၂၀ နှစ်ဆန်းပိုင်းက စလာခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ လှိုင်းတွေကြောင့် ပြည်သူတွေ စီးပွားရေး ပုံမှန် မလည်ပတ်နိုင် ဖြစ်လာခဲ့တာ အခုအချိန်ထိပဲလို့ ဆိုရမှာပါ။ ဒါကြောင့် ဒီလို ဘေးဆိုးတွေကို ကျော်လွှားလွန်မြောက်ပြီး ကံကောင်းခြင်းတွေ ကျရောက်ကြပါစေလို့ မိုးကုတ် ရေပူဆရာတော်က ဆုတောင်းမေတ္တာ ပို့သပါတယ်။

“ လာမယ့် ၂၀၂၂မှာ နိုင်ငံသူ နိုင်ငံသားတွေနဲ့တကွ ကမ္ဘာသူ ကမ္ဘာသားအား လုံးကံကောင်းကြပါစေလို့ မေတ္တာပို့သလိုပါတယ်။ ဘုန်းကြီးတို့ လူသားတွေ ဘယ်လောက်ပဲ အလုပ်များတယ်ပြောပြော အားလုံး ခြံကြည့်လိုက်မယ်ဆိုရင် ခန္ဒာကိုယ်နဲ့ ပြုလုပ်တဲ့ ကာယကံ၊ ပါးစပ်နဲ့ စကားပြောခြင်းဆိုတဲ့ ဝစ္စီကံအလုပ်၊ စိတ်ထဲကနေ တွေးတော ကြံစည်ခြင်းဆိုတဲ့ မနောကံအလုပ်၊ ဒီသုံးလုပ်ပဲ ရှိပါတယ်။ ဘုန်းကြီးတို့ နိုင်ငံသူ နိုင်ငံသား ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး ကံကောင်းဖို့ ဆိုလို့ရှိရင် ပြောပြု ကြံပွား ကံသုံးပါး၊ တရားအောင်လုပ်၊ တရား မတရား ခွဲခွဲခြား ပြတ်သားသိအောင်လုပ်၊ ကိုယ်-သူ အများဆင်းရဲပွား မတရားဖယ်ခွာထုတ်၊ ကိုယ်သူအများ ချမ်းသာပွား တရားအားထုတ်လုပ်တဲ့။ အခုဆိုလို့ရှိရင် ဘုန်းကြီးနိုင်ငံမှာ ဖြစ်နေတာတွေ ဆိုလို့ရှိရင် ဥပဒေနဲ့ ဖမ်းဆီးတာတွေ ဥပဒေမယ့် နိုက်စက်နေတာတွေ၊ ဖမ်းဆီးထောင်ချနေတာတွေ အိုးအိမ်တွေ ဖျက်ဆီးနေတာတွေ အဲတာတွေ ဆိုလို့ရှိရင် အဲတာ မတရားမှုတွေ၊ အဲဒီမတရားမှုတွေကို ဦးဇင်းတို့ ဖယ်ခွ ာထုတ်နိုင်ဖို့က သိပ်အရေးကြီးတယ်။ ကိုယ်သူအများ ဆင်းရဲပွား မတရားဖယ်ခွာထုတ်၊ ကိုယ်သူအများ ချမ်းသာပွား တရားအားထုတ်လုပ်ဆိုတဲ့ အတိုင်း ကိုယ်ရော သူရော နိုင်ငံသူ နိုင်ငံသားတွေ ချမ်းသာစေမယ့်အလုပ်ဟာ တရားတဲ့ အလုပ်ဖြစ်တယ်။ အဲတော့ ကိုယ်ရောသူရော နိုင်ငံသူ နိုင်ငံသားတွေ ကမ္ဘာသူ ကမ္ဘာသားတွေ ကြီးပွားချမ်းသာဖို့ရာအတွက် ပြုတဲ့အလုပ် ပြောတဲ့စကား ကြံစည်တဲ့ အကြံအစည် ဆိုလို့ရှိရင် အဲတာ တရားပါတယ်။ ဒါကြောင့်မလို့ လာမယ့် ၂၀၂၂မှာ မတရားမှုတွေကို ဖယ်ခွာထုတ်တွင် ရှင်းလင်းနိုင်ကြပြီးတော့ တရားသောအလုပ်ကို ပြုလုပ် အားထုတ်နိုင်ကြစေ ၂၀၂၂နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့တကွ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံး ကံကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါစေလို့ ဘုန်းကြီးကတော့ အဲသလိုပဲ ဆုတောင်းပေးချင်ပါတယ်။”

မြန်မာပြည်သူတွေ ၂၀၂၁ ထဲ ခံစားခဲ့ရတဲ့ ဒုက္ခအထွေထွေက ကင်းဝေးစေဖို့ ဆုတောင်းပေးသူက လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရ ဒေါက်တာ လာဇရုပဲ ဖြစ်ပါတယ်။

“ ကျနော်တို့ ၂၀၂၂ နှစ်သစ်မှာ ကျနော်တို့ ခံစားနေရတဲ့ ကဒ်ဘေး အမျိုးမျိုး ကင်းဝေးပြီးတော့ သာယာပျော်ရွှင် ချန်းမြေ့သောနှစ်သစ် ဖြစ်ပါစေ၊ ဒုက္ခရောက်နေတဲ့ သူအားလုံးလည်း ဒုက္ခမှ ကင်းဝေးပြီးတော့ကျန်းမာမာ ချမ်းချမ်းသာသာ ပျော်ရွှင်စွာနဲ့ နေနိုင်ကြပါစေဆိုပြီးတော့ ဆုတောင်းမေတ္တာပို့လိုပါတယ်။”

ကုန်လွန်ခဲ့တဲ့ နှစ်ဟာ စိတ်မချမ်းမြေ့ဖွယ်တွေနဲ့ ကြုံခဲ့ရတာမို့ ဒါတွေ အဆုံးသတ်သွားနိုင်ပါစေလို့ အစ္စလာမ်သာသနာရေးရာကောင်စီရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ဆုတောင်းပေးပါတယ်။

“ ၂၀၂၁မှာတော့ အားလုံး စိတ်မချမ်းသာစရာတွေနဲ့ ကြုံကြတာပေါ့နော်။ အဲတာတွေ အဆုံးသတ်ဖို့ အတွက်ကို ကျနော်တို့က ဆန္ဒပြုပါတယ်။ ဆုလည်းတောင်းပါတယ်။ နိုင်ငံသားအားလုံးအတွက် အဆိုးတွေ အဆုံးသတ်ပြီးတော့ အားလုံး လိုအင်ဆန္ဒပြည့်ဝပြီး ငြိမ်းချမ်းဖို့အတွက်ဆုတောင်းလိုက်ပါတယ်။”

သနန္တနဓမ္မပါလ (ဟိန္ဒူ)အဖွဲ့ချုပ်ရဲ့ သာသနာပြု အကျိုးတော်ဆောင် ဒေါက်တာလှထွန်းက မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဘေးရန်ကင်းစေဖို့ နှစ်သစ်မှာ ဆုတောင်းပေးလိုက်ပါတယ်။

“ ၂၀၂၀ နဲ့ ၂၀၂၁ ပေါ့နော် ဒီနှစ်ခုလုံးမှာ ကဒ်ဘေးရောဂါ ကိုရိုနာ ကိုဗစ်နဲ့ ပတ်သတ်ပြီးတော့ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ လူသားအားလုံးက ရင်ဆိုင်ရခဲ့တယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ရောဂါ ခံစားနေရတဲ့ အချိန်မှာ တို့မြန်မာနိုင်ငံလည်း အပါအဝင်တစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ဒီလိုနှစ်သစ်အချိန်မှာ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူများ နိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာသူ ကမ္ဘာသားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော်တို့ ဟိန္ဒူဘာသာအနေနဲ့ အားလုံး ကောင်းပါစေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လမယ့် နှစ်သစ်က စပြီး တော့ ဘေးရန်ကင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေးနဲ့ ဖြတ်သန်းနိုင်ပါစေ၊ လို့ ကျနော်တို့ ဟိန္ဒူဘာသာအရ ဆုတောင်းပါတယ်။”

တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ပူးဂင်ကမ်းလျံကလည်း သာယာဝပြောတဲ့ နိုင်ငံတော်ဖြစ်လာစေဖို့ ၂၀၂၂ အတွက် ဆုမွန်ကောင်း တောင်းပေးပါတယ်။

“ ကျနော်က ခရစ်ယာန်တယောက်ဆိုတော့ ဘာသာရေးအရ ပြောမယ်ဆိုရင် - နှစ်သစ်မှာ မြန်မာနိုင်ငံ တဝှမ်းလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံး .. နား၊ မျက်စိ၊ စိတ်နှလုံးတွေ ပွင့်လာပြီးတော့ တကယ့်ကို သာယာဝပြောတဲ့ နိုင်ငံတော်ကြီး ဖြစ်လာဖို့ ဆုမွန်တောင်းပေးလိုပါတယ်လို့ ကျနော် ပြောချင်ပါတယ်။ တကယ်တမ်း စိတ်နှလုံးထဲမှာ ရှိကြတယ်ဆိုရင်တော့ ဖြစ်လာမှာပဲလို့ ကျနော် ယုံကြည်ပါတယ်။ ”

မြန်မာနိုင်ငံက ဘာသာရေးခေါင်းဆောင် တိုင်းရင်းသားခေါင်းဆောင် တချို့နဲ့အတူ ကုလသမဂ္ဂ-အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း သူ့အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောခဲ့သလို၊ မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို မြန်မာပြည်သူတွေ ဦးဆောင် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားပါတယ်ခင်ဗျား။

XS
SM
MD
LG