သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒိုင်ယာနာမင်းသမီးရုပ်ထု သားတော် ၂ ပါး ဖွင့်လှစ်


Britain's Prince William, left, and Prince Harry during the unveiling of a statue they commissioned of their mother Diana, Princess of Wales, in the Sunken Garden at Kensington Palace, London, on what would have been her 60th birthday, July 1, 2021.

{{Zawgyi/Unicode}}





..............................

တိုက်ရိုက် လင့်ခ်

{{Unicode}}

ဗြိတိသျှတော်ဝင် မင်းသား ၂ ပါးဖြစ်ကြတဲ့ Prince William နဲ့ Prince Harry တို့က သူတို့ရဲ့ ကွယ်လွန်သူ မိခင်ဒိုင်ယာနာ မင်းသမီးရဲ့ ရုပ်ထုကို မနေ့ကြာသပတေးနေ့က ဖွင့်လျှစ်လိုက်ပါတယ်။ ဒိုင်ယာနာမင်းသမီးရဲ့ အသက် ၆ဝပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် အဲဒီရုပ်ထုကို Kensington နန်းတော်ဝန်ထဲက Sunken ပန်းခြံမှာ ဖွင့်လျှစ်လိုက်တာဖြစ်ပါတယ်။

အဲဒီဖွင့်ပွဲကို ဒိုင်ယာနာရဲ့ မောင်အငယ် Charles Spencer နဲ့ ဒိုင်ယာနာရုပ်ထုကို ထုတ်ဆစ်ပေးသူ Ian Rank-Broadley တို့အပါအဝင် ဧည့်သည်အနည်းငယ်သာ ဖိတ်ကြားခဲ့ပါတယ်။

ဗြိတိသျှတော်ဝင်မိသားစုတွေအကြောင်း ရေးသားတဲ့ စာရေးဆရာ Penny Junor က ဒိုင်ယာနာမင်းသမီးဟာ အိမ်ရှေ့မင်းသားချားလ် နဲ့ လက်ထပ်ထိမ်းမြားခဲ့တဲ့ ၁၉၈၁ ခုနှစ်ကတည်းက ဗြိတိန်လူထု့တွေရဲ့ နှလုံးသားမှာ အမြဲရှိနေပါတယ်လို့ပြောပါတယ်။

ဒိုင်ယာနာမင်းသမီးဟာ အိမ်ရှေ့မင်းသား ချားလ်နဲ့ ၁၉၉၆ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက်တနှစ်ကြာ အသက် ၃၁ နှစ်အရွယ် ၁၉၉၇ခုနှစ် သြဂုတ်လကုန်၃၁ ရက်နေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ သူရဲ့ချစ်သူအမျိုးသား Dodi Al Fayed နဲ့အတူ ကားမတော်တဆမှုဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG