သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီးရဲ႕ၾကင္ယာေတာ္ ဖိလစ္မင္းသားႀကီး ကြယ္လြန္


ၿဗိတိန္ဘုရင္မႀကီးရဲ႕ ၾကင္ယာေတာ္ ဖိလစ္မင္းသားႀကီးဟာ အသက္ ၁၀၀ နီးပါးအ႐ြယ္ ဒီကေန႔မွာနတ္႐ြာစံသြားပါၿပီ။

ZAWGYI/UNICODE ၿဗိတိန္ဘုရင္မႀကီးရဲ႕ ၾကင္ယာေတာ္ ဖိလစ္မင္းသားႀကီးဟာ အသက္ ၁၀၀ နီးပါးအ႐ြယ္ ဒီကေန႔မွာနတ္႐ြာစံသြားပါၿပီ။ လြန္ခဲ့တဲ့ ၄ ႏွစ္၂၀၁၇ ထဲက က်န္းမာေရးေၾကာင့္ နန္းေတာ္တာဝန္က အနားယူၿပီး ႏွလုံးေရာဂါအခံအတြက္ ကုသမူခံယူခဲ့တဲ့ မင္းသားႀကီးဖိလစ္ကို လူျမင္ကြင္းမွာ သိပ္မေတြ႕ခဲ့ရေတာ့ပါဘူး။

ဘုရင္မႀကီး Elizabeth နဲ႔ ၁၉၄၇ ခုႏွစ္မွာ လက္ထပ္အၿပီး အီဒင္ဘာ့ဂ္နယ္ကို အပိုင္စားခဲ့ရတဲ့ မင္းသားႀကီး ဖိလစ္ဟာ အသက္ ၉၉ ႏွစ္အ႐ြယ္မွာ ေအးေဆးျငင္သာစြာပဲ သက္တမ္းကုန္သြားတဲ့အေၾကာင္း ေတာ္ဝင္မိသားစုက ထုတ္ျပန္ပါတယ္။ မတ္လ ၁၆ ရက္ထဲက တလတာတက္ခဲ့တဲ့ေဆး႐ုံကျပန္ဆင္း အနားယူေနခဲ့တဲ့ Windsor ရဲတိုက္ႀကီးထဲမွာပဲ ကြယ္လြန္သြားခဲ့တာပါ။

Buckingham နန္းေတာ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ဘုရင္မႀကီး Elizabeth က သူမရဲ႕ ခ်စ္လွစြာေသာခင္ပြန္း မင္းသားႀကီး ဖိလစ္ ကြယ္လြန္သြားမႈအတြက္ အထူးေၾကကြဲဝမ္းနည္းရပါတယ္၊ တကမာၻလုံးက ဝမ္းနည္းပူေဆြးေနသူေတြနဲ႔အတူပါပဲလို႔ ေဖာ္ျပထားပါတယ္။

သူမဖခင္ဘုရင္ႀကီး ႐ုတ္တရက္ကြယ္လြန္အၿပီးမွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဘုရင္မႀကီးတာဝန္ယူခဲ့ရတဲ့ သမီးႀကီး Elizabeth နဲ႔လက္ထပ္အၿပီးမွာ အသက္ပိုႀကီးတဲ့ ဖိလစ္မင္းသားႀကီးက သူ႔ဘဝမွာ ဒီတာဝန္က ပထမဆုံးနဲ႔ေနာက္ဆုံးယူတာျဖစ္ၿပီး သူခ်စ္တဲ့ ဘုရင္မႀကီး ဘယ္ေတာ့မွ မက်ဆုံးေစရဘူးလို႔ သူ အရင္တာဝန္ထမ္းထဲ့တဲ့ ေရတပ္ကသူငယ္ခ်င္းေတြကို ေျပာဆိုေလ့ရွိခဲ့ပါတယ္။

ဘုရင္မႀကီး Elizebah ကလည္း ဖိလစ္မင္းသားႀကီးဟာ သူ႔အတြက္ ေက်ာက္စိုင္ေက်ာက္ခဲလို မားမားမတ္မတ္ ေတာက္ေလွ်ာက္ ရပ္တည္ေပးလာခဲ့တယ္လို႔ ေျပာဆိုခဲ့ေလ့ရွိပါတယ္။

ဂရိေတာ္ဝင္မိသားစုကေန ေပါက္ဖြားႀကီးျပင္းခဲ့တဲ့ ဖိလစ္ဟာ ၿဗိတိန္နန္းေတာ္မွာ သက္တမ္းအရွည္ဆုံးပုဂၢိဳလ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ေစတနာ့ဝန္ထမ္းလုပ္ငန္းေတြ ဦးေဆာင္ေပးခဲ့ကာ ေနာက္ဆုံးသက္တမ္းကုန္ခ်ိန္မွာေတာ့ ဘုရင္မႀကီးနဲ႔အတူ သားသမီး ၄ ဦး၊ ေျမး ၈ ဦးနဲ႔ ျမစ္ ၉ ဦးတို႔ က်န္ရစ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

UNICODE

ဗြိတိန်ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးဟာ အသက် ၁၀၀ နီးပါးအရွယ် ဒီကနေ့မှာနတ်ရွာစံသွားပါပြီ။ လွန်ခဲ့တဲ့ ၄ နှစ်၂၀၁၇ ထဲက ကျန်းမာရေးကြောင့် နန်းတော်တာဝန်က အနားယူပြီး နှလုံးရောဂါအခံအတွက် ကုသမူခံယူခဲ့တဲ့ မင်းသားကြီးဖိလစ်ကို လူမြင်ကွင်းမှာ သိပ်မတွေ့ခဲ့ရတော့ပါဘူး။

ဘုရင်မကြီး Elizabeth နဲ့ ၁၉၄၇ ခုနှစ်မှာ လက်ထပ်အပြီး အီဒင်ဘာ့ဂ်နယ်ကို အပိုင်စားခဲ့ရတဲ့ မင်းသားကြီး ဖိလစ်ဟာ အသက် ၉၉ နှစ်အရွယ်မှာ အေးဆေးငြင်သာစွာပဲ သက်တမ်းကုန်သွားတဲ့အကြောင်း တော်ဝင်မိသားစုက ထုတ်ပြန်ပါတယ်။ မတ်လ ၁၆ ရက်ထဲက တလတာတက်ခဲ့တဲ့ဆေးရုံကပြန်ဆင်း အနားယူနေခဲ့တဲ့ Windsor ရဲတိုက်ကြီးထဲမှာပဲ ကွယ်လွန်သွားခဲ့တာပါ။

Buckingham နန်းတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဘုရင်မကြီး Elizabeth က သူမရဲ့ ချစ်လှစွာသောခင်ပွန်း မင်းသားကြီး ဖိလစ် ကွယ်လွန်သွားမှုအတွက် အထူးကြေကွဲဝမ်းနည်းရပါတယ်၊ တကမ္ဘာလုံးက ဝမ်းနည်းပူဆွေးနေသူတွေနဲ့အတူပါပဲလို့ ဖော်ပြထားပါတယ်။

သူမဖခင်ဘုရင်ကြီး ရုတ်တရက်ကွယ်လွန်အပြီးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင်မကြီးတာဝန်ယူခဲ့ရတဲ့ သမီးကြီး Elizabeth နဲ့လက်ထပ်အပြီးမှာ အသက်ပိုကြီးတဲ့ ဖိလစ်မင်းသားကြီးက သူ့ဘဝမှာ ဒီတာဝန်က ပထမဆုံးနဲ့နောက်ဆုံးယူတာဖြစ်ပြီး သူချစ်တဲ့ ဘုရင်မကြီး ဘယ်တော့မှ မကျဆုံးစေရဘူးလို့ သူ အရင်တာဝန်ထမ်းထဲ့တဲ့ ရေတပ်ကသူငယ်ချင်းတွေကို ပြောဆိုလေ့ရှိခဲ့ပါတယ်။

ဘုရင်မကြီး Elizebah ကလည်း ဖိလစ်မင်းသားကြီးဟာ သူ့အတွက် ကျောက်စိုင်ကျောက်ခဲလို မားမားမတ်မတ် တောက်လျှောက် ရပ်တည်ပေးလာခဲ့တယ်လို့ ပြောဆိုခဲ့လေ့ရှိပါတယ်။

ဂရိတော်ဝင်မိသားစုကနေ ပေါက်ဖွားကြီးပြင်းခဲ့တဲ့ ဖိလစ်ဟာ ဗြိတိန်နန်းတော်မှာ သက်တမ်းအရှည်ဆုံးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ ဦးဆောင်ပေးခဲ့ကာ နောက်ဆုံးသက်တမ်းကုန်ချိန်မှာတော့ ဘုရင်မကြီးနဲ့အတူ သားသမီး ၄ ဦး၊ မြေး ၈ ဦးနဲ့ မြစ် ၉ ဦးတို့ ကျန်ရစ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG