သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီး ၾကင္ယာေတာ္ ကြယ္လြန္မႈ ႏိုင္ငံတကာ ေခါင္းေဆာင္ေတြ ၀မ္းနည္းစကားပါး


(Zawgyi/Unicode)

ၿဗိတိန္ဘုရင္မႀကီး Elizabeth ရဲ ႔ၾကင္ယာေတာ္ အသက္ ၉၉ ႏွစ္အရြယ္ မင္းသားႀကီး Philip ေသာၾကာေန႔က ကြယ္လြန္သြားတဲ့အေပၚ ကမၻာ့ေခါင္းေဆာင္ေတြက ၀မ္းနည္းေၾကာင္းသ၀ဏ္လႊာေတြေပးပို႔ေနၾကပါတယ္။

မင္းသားႀကီး Philip ဟာၿဗိတိန္ႏုိင္ငံထဲမွာသာမက ဓနသဟာယ အဖြဲ႔၀င္နုိင္ငံေတြနဲ႔ ကမၻာတ၀ွမ္း ခ်င္ခင္မႈရရွိထားသူျဖစ္တယ္လို႔ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson က ေဒါင္းနင္းလမ္း႐ုံးခန္း ကေန တုိင္းျပည္ကိုေျပာၾကားခဲ့ပါတယ္။ ၿဗိတိန္ႏုိင္ငံသမုိင္းမွာ အခ်ိန္အၾကာဆုံး ျပည္သူ႔တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္သလို ဒုတိယကမၻာစစ္ႀကီးမွာ တိုက္ပြဲ၀င္ခဲ့သူလည္းျဖစ္တဲ့ ျပည္သူေတြ ေလးစားတန္ဖိုးထားရတဲ့ မင္းသားႀကီး Philip ကြယ္လြန္သြားတဲ့အေပၚ ဘုရင္မႀကီးရဲ ႔မိသားစုေတြနဲ႔ထပ္တူ ၿဗိတိန္တႏုိင္ငံလုံး ၀မ္းနည္းရပါတယ္လို႔လည္း ၀န္ႀကီးခ်ဳပ္ Johnson ကေျပာပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔သမၼတကေတာ္ Jill Biden တို႔ကလည္း အေမရိကန္ျပည္သူေတြ ကိုယ္စား ၀မ္းနည္းစကားေျပာၾကားခဲ့တာပါ။ ဒုတိယကမၻာစစ္မွာတာ၀န္ထမ္းေဆာင္ခဲ့႐ုံမက ဘုရင္မႀကီးေဘးမွာ ၇၃ ႏွစ္ၾကာရပ္တည္ေပးခဲ့တဲ့ မင္းသားႀကီးဟာ သူ႔တုိင္းျပည္ကိုေရာ၊ ဓနသဟာယ တုိင္းျပည္ေတြနဲ႔မိသားစုအတြက္ေက်နပ္စြာ ေပးဆပ္ခဲ့သူျဖစ္တယ္လို႔ေျပာပါတယ္။

သဘာ၀ပတ္၀န္းက်င္အေရးကိုလုပ္ကုိင္ခဲ့သူလည္းျဖစ္၊ လက္နက္ကိုင္တပ္ဖြဲ႔၀င္ေတြအေရး လုပ္ကုိင္ေပးခဲ့တဲ့ မင္းသားႀကီး Philip ဟာ လူငယ္လူရြယ္ေတြ ေလးစားအားက်ရသူတေယာက္ျဖစ္တယ္လို႔လည္း မစၥတာဘုိင္ဒန္ရဲ ႔ေၾကညာခ်က္မွာေျပာထားပါတယ္။ မင္းသားႀကီး Philip ထားရစ္ခဲ့တဲ့ အေမြအႏွစ္ေတြဟာ သူပုံေဖာ္ခဲ့တဲ့လူမႈေရးလုပ္ငန္းေတြအတုိင္း ဆက္ၿပီးရွင္သန္ေနပါလိမ့္မယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဘုရင္မႀကီးနဲ႔မင္းသားႀကီး Philip တို႔ကို ၂၀၀၉ ခုႏွစ္မွာေတြ႔ဆုံခဲ့တဲ့ အေမရိကန္သမၼတေဟာင္း Barak Obama နဲ႔ဇနီးျဖစ္သူ Michelle တို႔လည္း မင္းသား Philip ဟာ ၾကင္နာေႏြးေထြးသူျဖစ္ၿပီး ဟာသဥာဏ္ရင့္သန္သူျဖစ္ၿပီး သူ႔ကိုေအာက္ေမ့သတိရေနပါမယ္လို႔ ေသာၾကာေန႔မွာ ေၾကညာထုတ္ျပန္ခဲ့ပါတယ္။ ဓနသဟာယ ႏုိင္ငံတခုျဖစ္တဲ့ ကေနဒါ၀န္ႀကီးခ်ဳပ္ Justin Trudeau ကလည္း ျပည္သူ႔၀န္ထမ္း မင္းသားၾကီး Philip ကို ဂုဏ္ယူေလးစား ထုိက္သူတေယာက္အျဖစ္ လူငယ္ေတြေအာက္ေမ့ေနၾကမွာပါလို႔ေျပာပါတယ္။

မင္းသားPhilip ကြယ္လြန္တဲ့အေပၚ ၀မ္းနည္းေၾကာင္းေၾကညာခ်က္ထုတ္ျပန္ေျပာဆိုေနၾကတဲ့ႏိုင္ငံေတြထဲမွာ ၾသစေတးလ်၀န္ႀကီးခ်ဳပ္ Scott Morrison၊ အိႏၵိယ၀န္ႀကီးခ်ဳပ္ Narendra Modi တူရကီသမၼတ Recep Tayyip Erdogan တို႔အျပင္ ဇင္ဘာေဘြသမၼတ Emmerson Mnangagwa တို႔လည္းပါ၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဗြိတိန်ဘုရင်မကြီး ကြင်ယာတော် ကွယ်လွန်မှု နိုင်ငံတကာ ခေါင်းဆောင်တွေ ဝမ်းနည်းစကားပါး

(Unicode)

ဗြိတိန်ဘုရင်မကြီး Elizabeth ရဲ့ကြင်ယာတော် အသက် ၉၉ နှစ်အရွယ် မင်းသားကြီး Philip သောကြာနေ့က ကွယ်လွန်သွားတဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းနည်းကြောင်းသဝဏ်လွှာတွေပေးပို့နေကြပါတယ်။

မင်းသားကြီး Philip ဟာဗြိတိန်နိုင်ငံထဲမှာသာမက ဓနသဟာယ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကမ္ဘာတဝှမ်း ချင်ခင်မှုရရှိထားသူဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ဒေါင်းနင်းလမ်းရုံးခန်း ကနေ တိုင်းပြည်ကိုပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံသမိုင်းမှာ အချိန်အကြာဆုံး ပြည်သူ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို ဒုတိယကမ္ဘာစစ်ကြီးမှာ တိုက်ပွဲဝင်ခဲ့သူလည်းဖြစ်တဲ့ ပြည်သူတွေ လေးစားတန်ဖိုးထားရတဲ့ မင်းသားကြီး Philip ကွယ်လွန်သွားတဲ့အပေါ် ဘုရင်မကြီးရဲ့မိသားစုတွေနဲ့ထပ်တူ ဗြိတိန်တနိုင်ငံလုံး ဝမ်းနည်းရပါတယ်လို့လည်း ဝန်ကြီးချုပ် Johnson ကပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့သမ္မတကတော် Jill Biden တို့ကလည်း အမေရိကန်ပြည်သူတွေ ကိုယ်စား ဝမ်းနည်းစကားပြောကြားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်မှာတာဝန်ထမ်းဆောင်ခဲ့ရုံမက ဘုရင်မကြီးဘေးမှာ ၇၃ နှစ်ကြာရပ်တည်ပေးခဲ့တဲ့ မင်းသားကြီးဟာ သူ့တိုင်းပြည်ကိုရော၊ ဓနသဟာယ တိုင်းပြည်တွေနဲ့မိသားစုအတွက်ကျေနပ်စွာ ပေးဆပ်ခဲ့သူဖြစ်တယ်လို့ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးကိုလုပ်ကိုင်ခဲ့သူလည်းဖြစ်၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအရေး လုပ်ကိုင်ပေးခဲ့တဲ့ မင်းသားကြီး Philip ဟာ လူငယ်လူရွယ်တွေ လေးစားအားကျရသူတယောက်ဖြစ်တယ်လို့လည်း မစ္စတာဘိုင်ဒန်ရဲ့ကြေညာချက်မှာပြောထားပါတယ်။ မင်းသားကြီး Philip ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေဟာ သူပုံဖော်ခဲ့တဲ့လူမှုရေးလုပ်ငန်းတွေအတိုင်း ဆက်ပြီးရှင်သန်နေပါလိမ့်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘုရင်မကြီးနဲ့မင်းသားကြီး Philip တို့ကို ၂၀၀၉ ခုနှစ်မှာတွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတဟောင်း Barak Obama နဲ့ဇနီးဖြစ်သူ Michelle တို့လည်း မင်းသား Philip ဟာ ကြင်နာနွေးထွေးသူဖြစ်ပြီး ဟာသဉာဏ်ရင့်သန်သူဖြစ်ပြီး သူ့ကိုအောက်မေ့သတိရနေပါမယ်လို့ သောကြာနေ့မှာ ကြေညာထုတ်ပြန်ခဲ့ပါတယ်။ ဓနသဟာယ နိုင်ငံတခုဖြစ်တဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကလည်း ပြည်သူ့ဝန်ထမ်း မင်းသားကြီး Philip ကို ဂုဏ်ယူလေးစား ထိုက်သူတယောက်အဖြစ် လူငယ်တွေအောက်မေ့နေကြမှာပါလို့ပြောပါတယ်။

မင်းသားPhilip ကွယ်လွန်တဲ့အပေါ် ဝမ်းနည်းကြောင်းကြေညာချက်ထုတ်ပြန်ပြောဆိုနေကြတဲ့နိုင်ငံတွေထဲမှာ သြစတေးလျဝန်ကြီးချုပ် Scott Morrison၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တူရကီသမ္မတ Recep Tayyip Erdogan တို့အပြင် ဇင်ဘာဘွေသမ္မတ Emmerson Mnangagwa တို့လည်းပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG