သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ကာကြယ္ေရး လွ်ဳိ႕ဝွက္မွတ္တမ္း အမိႈက္ပံုမွာေတြ႔ရွိ


ယူကရိန္းေရပုိင္နက္ကုိ ဆုိက္ေရာက္လာတဲ့ ၿဗိတိန္စစ္သေဘၤာ HMS Defender. (ဇြန္ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ပင္လယ္နက္အတြင္း ၿဗိတိန္စစ္သေဘၤာနဲ႔ ႐ုရွားတို႔ အခင္းျဖစ္ပြားခဲ့မႈ အေသးစိတ္ အခ်က္အလက္ေတြ ပါဝင္တဲ့ ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ကန္႔သတ္လွ်ဳိ႕ဝွက္ အေထာက္အထားေတြကို အဂၤလန္ေတာင္ပိုင္း ဘတ္စ္ကားမွတ္တိုင္တခုမွာ ေတြ႔ရွိခဲ့တယ္လို႔ BBC ကုိ ကိုးကားၿပီး ႐ုိက္တာသတင္းဌာနက တနဂၤေႏြေန႔မွာ ေရးသားပါတယ္။

စုစုေပါင္း စာမ်က္ႏွာ ၅၀ ရွိတဲ့ အဲဒီအေထာက္အထားေတြကို ဘတ္စ္ကားမွတ္တိုင္တခုရဲ႕ အမႈိက္ပုံထဲမွာ အဂၤါေန႔မနက္အေစာပိုင္းက ေတြ႔ရွိခဲ့ရတာ ျဖစ္တယ္လို႔ အမည္မေဖာ္လိုသူတဦးကို ကိုးကား ေဖာ္ျပထားပါတယ္။

အဲဒီအေထာက္အထား စာရြက္စာတမ္းထဲမွာ ခ႐ုိင္းမီးယားကၽြန္းဆြယ္အနီးက ေရျပင္ကို ျဖတ္သန္းေမာင္းႏွင္ေနတဲ့ ၿဗိတိန္စစ္သေဘၤာ DEFENDER နဲ႔ပတ္သက္တဲ့ အီးေမးလ္ေတြ၊ ပါဝါပိြဳင့္ တင္ျပခ်က္ေတြ ပါဝင္တယ္လုိ႔ ဆုိပါတယ္။

႐ုရွားတုိ႔ကေတာ့ သတိေပး ပစ္ခတ္မႈေတြ လုပ္ခဲ့ၿပီး အဲဒီသေဘၤာသြားတဲ့ လမ္းေၾကာင္းမွာ ဗုံးေတြခ်ထားခဲ့သလို အဲဒီေရျပင္ဟာ ႐ုရွားရဲ႕ ေရျပင္ပိုင္နက္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္ ၿဗိတိန္နဲ႔ ကမၻာ့ႏိုင္ငံ အမ်ားစုကေတာ့ အဲဒီေရျပင္ဟာ ယူကရိန္းႏိုင္ငံရဲ႕ ပိုင္နက္လို႔သာ ေျပာဆိုေနၾကတာပါ။ အဲဒီေနာက္မွာေတာ့ ေမာ္စကိုၿမိဳ႕မွာရွိတဲ့ ၿဗိတိသွ်သံအမတ္ႀကီးကို ႐ုရွားႏိုင္ငံျခားေရး႐ုံးက ဆင့္ေခၚၿပီး ၿဗိတိန္စစ္သေဘၤာ ဝင္လာတဲ့လုပ္ရပ္ဟာ ရန္စတဲ့အျပဳအမူျဖစ္တယ္လို႔ တရားဝင္ အျပစ္တင္ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဗြိတိန်ကာကွယ်ရေး လျှို့ဝှက်မှတ်တမ်း အမှိုက်ပုံမှာတွေ့ရှိ

ပင်လယ်နက်အတွင်း ဗြိတိန်စစ်သင်္ဘောနဲ့ ရုရှားတို့ အခင်းဖြစ်ပွားခဲ့မှု အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကန့်သတ်လျှို့ဝှက် အထောက်အထားတွေကို အင်္ဂလန်တောင်ပိုင်း ဘတ်စ်ကားမှတ်တိုင်တခုမှာ တွေ့ရှိခဲ့တယ်လို့ BBC ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက တနင်္ဂနွေနေ့မှာ ရေးသားပါတယ်။

စုစုပေါင်း စာမျက်နှာ ၅၀ ရှိတဲ့ အဲဒီအထောက်အထားတွေကို ဘတ်စ်ကားမှတ်တိုင်တခုရဲ့ အမှိုက်ပုံထဲမှာ အင်္ဂါနေ့မနက်အစောပိုင်းက တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးကို ကိုးကား ဖော်ပြထားပါတယ်။

အဲဒီအထောက်အထား စာရွက်စာတမ်းထဲမှာ ခရိုင်းမီးယားကျွန်းဆွယ်အနီးက ရေပြင်ကို ဖြတ်သန်းမောင်းနှင်နေတဲ့ ဗြိတိန်စစ်သင်္ဘော DEFENDER နဲ့ပတ်သက်တဲ့ အီးမေးလ်တွေ၊ ပါဝါပွိုင့် တင်ပြချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ရုရှားတို့ကတော့ သတိပေး ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး အဲဒီသင်္ဘောသွားတဲ့ လမ်းကြောင်းမှာ ဗုံးတွေချထားခဲ့သလို အဲဒီရေပြင်ဟာ ရုရှားရဲ့ ရေပြင်ပိုင်နက်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံ အများစုကတော့ အဲဒီရေပြင်ဟာ ယူကရိန်းနိုင်ငံရဲ့ ပိုင်နက်လို့သာ ပြောဆိုနေကြတာပါ။ အဲဒီနောက်မှာတော့ မော်စကိုမြို့မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီးကို ရုရှားနိုင်ငံခြားရေးရုံးက ဆင့်ခေါ်ပြီး ဗြိတိန်စစ်သင်္ဘော ဝင်လာတဲ့လုပ်ရပ်ဟာ ရန်စတဲ့အပြုအမူဖြစ်တယ်လို့ တရားဝင် အပြစ်တင် ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG