သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းသားဟယ္ရီတို႔ ေ႐ွ႔ေရး မၾကာခင္ဆံုးျဖတ္မည္


ဇနီးျဖစ္သူ Meghan ႏွင့္ ၿဗိတိန္ ေတာ္၀င္ မင္းသား Harry

(Zawgyi / Unicode)

ၿဗိတိန္ ေတာ္၀င္ မင္းသား Harry နဲ႔ ဇနီးျဖစ္သူ Meghan တို႔ရဲ႕ ေရွ႕ေရးနဲ႔ ပတ္သက္ၿပီး အၿပီးသတ္ ဆံုးျဖတ္ေနခ်ိန္ အတြင္းမွာ သူတို႔ႏွစ္ဦး အေနနဲ႔ ၿဗိတိန္နဲ႔ ကေနဒါၾကား အခ်ိန္မွ် ေနထိုင္ဖို႔ ခြင့္ျပဳမယ္လို႔ Elizabeth ဘုရင္မႀကီးက တနလာၤေန႔မွာ ေျပာပါတယ္။

ၿဗိတိန္ ေတာ္၀င္မိသားစုရဲ႕ အဆင့္ျမင့္ ေနရာကေန ေနာက္ဆုတ္လိုတယ္လို႔ မင္းသား ဟယ္ရီနဲ႔ ဇနီးတို႔က ၿပီးခဲ႔တဲ႔ သီတင္းပတ္မွာ ေၾကညာခဲ႔ၿပီးေနာက္ ေတာ္၀င္မိသားစုၾကား ဒီအေရးနဲ႔ ပတ္သက္ၿပီး ညွိႏိႈင္း ေဆြးေႏြးေနတယ္လို႔လည္း AFP သတင္းက ေဖာ္ျပပါတယ္။ အသက္ ၉၃ ႏွစ္ အရြယ္ ဘုရင္မႀကီး Elizabeth ၊ ေနာက္ အိမ္ေရွ႕မင္းသား Charles ၊ သားေတာ္ ႏွစ္ဦးျဖစ္တဲ႔ မင္းသား Wiliam နဲ႔ Harry တို႔က တနလာၤေန႔တုန္းက အဂၤလန္ အေရွ႕ပိုင္း Norfolk မွာရွိတဲ႔ Sandringham အိမ္ေတာ္မွာ မိသားစု စံုညီေတြ႔ဆံုေဆြးေႏြးခဲ႔ၾကတာပါ။

ဒီေဆြးေႏြးပြဲမွာ သိပ္ၿပီး အက်ိဳးရွိေၾကာင္းနဲ႔ ေတာ္၀င္မိသားစု အေနနဲ႔ လူငယ္ မိသားစု ျဖစ္တဲ႔ ဟယ္ရီနဲ႔ Meghan တို႔ရဲ႕ ဘ၀သစ္ တခု တည္ေဆာက္လိုတဲ႔ စိတ္ကူးကိုလည္း အျပည့္အေ၀ ေထာက္ခံေၾကာင္း ဘုရင္မႀကီး Elizabeth က ေျပာပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ဦးကို ေတာ္၀င္မိသားစုရဲ႕ တာ၀န္ေတြကို အခ်ိန္ျပည့္ ထမ္းေဆာင္သူ မိသားစု၀င္ေတြ အျဖစ္ ဆက္ၿပီး ရွိေနေစခ်င္ေၾကာင္း၊ ေတာ္၀င္မိသားစု၀င္ အျဖစ္ ဆက္လက္ရွိေနၿပီး တခ်ိန္တည္းမွာဘဲ ပိုၿပီး လြတ္လြတ္လပ္လပ္ ေနလိုတဲ႔ သူတို႔ရဲ႕ ဆႏၵကိုလည္း နားလည္ ေလးစားပါေၾကာင္း ဘုရင္မႀကီး Elizabeth က ထပ္ေလာင္း ေျပာဆိုခဲ႔ပါတယ္။

Harry နဲ႔ Meghan တို႔က သူတို႔ ထူေထာင္မယ့္ ဘ၀သစ္မွာ ႏုိင္ငံ႔ဘ႑ာ အေပၚ မမွီခိုခ်င္ေတာ့ဘူးဆိုတာကို ရွင္းရွင္းလင္းလင္း ေျပာဆိုထားေၾကာင္း၊ ဒါေၾကာင့္လည္း အခု ၾကားကာလ အတြင္း Sussex ၿမိဳ႔စားနဲ႔ ၿမိဳ႕စားကေတာ္တို႔ အေနနဲ႔ ကေနဒါနဲ႔ ၿဗိတိန္ၾကား အခ်ိန္မွ် ေနထိုင္ဖို႔ သေဘာတူခဲ႔ေၾကာင္း၊ မိသားစု အတြင္း ေျဖရွင္းစရာေတြ ရွိေနတာေၾကာင့္ လုပ္စရာေတြ ရွိေနေသးၿပီး လာမယ့္ ရက္ပိုင္းအတြင္း အၿပီးသတ္ ဆံုးျဖတ္ခ်က္ ခ်ဖို႔ ညႊန္ၾကားထားေၾကာင္းလည္း ဘုရင္မႀကီး Elizabeth က ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

မင်းသားဟယ်ရီတို့ ရှေ့ရေး မကြာခင်ဆုံးဖြတ်မည်

(Unicode)

ဗြိတိန် တော်ဝင် မင်းသား Harry နဲ့ ဇနီးဖြစ်သူ Meghan တို့ရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်နေချိန် အတွင်းမှာ သူတို့နှစ်ဦး အနေနဲ့ ဗြိတိန်နဲ့ ကနေဒါကြား အချိန်မျှ နေထိုင်ဖို့ ခွင့်ပြုမယ်လို့ Elizabeth ဘုရင်မကြီးက တနလာၤနေ့မှာ ပြောပါတယ်။

ဗြိတိန် တော်ဝင်မိသားစုရဲ့ အဆင့်မြင့် နေရာကနေ နောက်ဆုတ်လိုတယ်လို့ မင်းသား ဟယ်ရီနဲ့ ဇနီးတို့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပြီးနောက် တော်ဝင်မိသားစုကြား ဒီအရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးနေတယ်လို့လည်း AFP သတင်းက ဖော်ပြပါတယ်။ အသက် ၉၃ နှစ် အရွယ် ဘုရင်မကြီး Elizabeth ၊ နောက် အိမ်ရှေ့မင်းသား Charles ၊ သားတော် နှစ်ဦးဖြစ်တဲ့ မင်းသား Wiliam နဲ့ Harry တို့က တနလာၤနေ့တုန်းက အင်္ဂလန် အရှေ့ပိုင်း Norfolk မှာရှိတဲ့ Sandringham အိမ်တော်မှာ မိသားစု စုံညီတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ သိပ်ပြီး အကျိုးရှိကြောင်းနဲ့ တော်ဝင်မိသားစု အနေနဲ့ လူငယ် မိသားစု ဖြစ်တဲ့ ဟယ်ရီနဲ့ Meghan တို့ရဲ့ ဘဝသစ် တခု တည်ဆောက်လိုတဲ့ စိတ်ကူးကိုလည်း အပြည့်အေ၀ ထောက်ခံကြောင်း ဘုရင်မကြီး Elizabeth က ပြောပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးကို တော်ဝင်မိသားစုရဲ့ တာဝန်တွေကို အချိန်ပြည့် ထမ်းဆောင်သူ မိသားစုဝင်တွေ အဖြစ် ဆက်ပြီး ရှိနေစေချင်ကြောင်း၊ တော်ဝင်မိသားစုဝင် အဖြစ် ဆက်လက်ရှိနေပြီး တချိန်တည်းမှာဘဲ ပိုပြီး လွတ်လွတ်လပ်လပ် နေလိုတဲ့ သူတို့ရဲ့ ဆန္ဒကိုလည်း နားလည် လေးစားပါကြောင်း ဘုရင်မကြီး Elizabeth က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Harry နဲ့ Meghan တို့က သူတို့ ထူထောင်မယ့် ဘဝသစ်မှာ နိုင်ငံ့ဘဏ္ဍာ အပေါ် မမှီခိုချင်တော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုထားကြောင်း၊ ဒါကြောင့်လည်း အခု ကြားကာလ အတွင်း Sussex မြို့စားနဲ့ မြို့စားကတော်တို့ အနေနဲ့ ကနေဒါနဲ့ ဗြိတိန်ကြား အချိန်မျှ နေထိုင်ဖို့ သဘောတူခဲ့ကြောင်း၊ မိသားစု အတွင်း ဖြေရှင်းစရာတွေ ရှိနေတာကြောင့် လုပ်စရာတွေ ရှိနေသေးပြီး လာမယ့် ရက်ပိုင်းအတွင်း အပြီးသတ် ဆုံးဖြတ်ချက် ချဖို့ ညွှန်ကြားထားကြောင်းလည်း ဘုရင်မကြီး Elizabeth က ပြောဆိုပါတယ်။

XS
SM
MD
LG