သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်ဝင်မင်းသား Harry နဲ့ Markle သားတော်ဖွားမြင်


ဗြိတိန်နိုင်ငံတော်ဝင်မင်းသား Sussex မြို့စား Harry နဲ့ မြို့စားကတော် အမေရိကန်သူ Magen Marchel (မတ်၊ ၁၉၊ ၂၀၁၉)
ဗြိတိန်နိုင်ငံတော်ဝင်မင်းသား Sussex မြို့စား Harry နဲ့ မြို့စားကတော် အမေရိကန်သူ Magen Marchel (မတ်၊ ၁၉၊ ၂၀၁၉)

ဗြိတိန်နိုင်ငံတော်ဝင်မင်းသား Sussex မြို့စား Harry နဲ့ မြို့စားကတော် အမေရိကန်သူ Magen Marchel တို့ သားယောင်္ကျားလေး ဒီကနေ့ ဖွားမြင်ပါတယ်။

မိခင်ရော ကလေးပါ ကျန်းကျန်းမာမာရှိတယ်လို့ အင်မတန်ပျော်နေပုံရတဲ့ မင်းသား Harry က စောင့်ဆိုင်း နှုတ်ဆက်သူတွေကို ပြောကြားခဲ့ပါတယ်။ ပထမဆုံး သားလေး မွေးဖွားတဲ့အတွက် အင်မတန် စိတ်လှုပ်ရှား ပျော်ရွှင်ရကြောင်းနဲ့ ဆုမွန်ကောင်း တောင်းကြသူတွေကို ကျေးဇူးတင်ကြောင်း မင်းသား Harry ကပြောပါတယ်။

ကလေးရဲ့ အလေးချိန် ၇ ပေါင် ၃ အောင်စရှိတယ်လို့ Buckingham Palace ကထုတ်ပြန်ပါတယ်။

သားတော်လေး မွေးဖွားတဲ့သတင်းကို ဘုရင်မကြီးအပါအဝင် တော်ဝင်မိသားစုကို အကြောင်းကြားခဲ့ပြီး အားလုံးက သတင်းကောင်းအတွက် ဝမ်းမြောက်နေကြတယ်လို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG