သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်တော်ဝင်မင်္ဂလာပွဲ ကမ္ဘာတလွှား စိတ်ဝင်စား


မင်းသား Harry နဲ့ ကြင်ယာတော် မင်းသမီး Meghan Markle
မင်းသား Harry နဲ့ ကြင်ယာတော် မင်းသမီး Meghan Markle

ဗိတိန်ဘုရင်မကြီးရဲ့ မြေးတော် မင်းသား Harry နဲ့ အမေရိကန်ရုပ်သံမင်းသမီး Magen Markel တို့ရဲ့ လက်ထပ်မင်္ဂလာပွဲကို လန်ဒန်မြို့ပြင်က ဝင်ဆာရဲတိုက်မှာ ကျင်းပခဲ့တာကို တကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ မင်္ဂလာဆောင်ပြီးတော့ ထွက်လာတဲ့ သတို့သားနဲ့ သတို့သမီးတို့ စုံတွဲကို ပုရိသတ်တွေကလည်း အားရဝမ်းသာ အော်ဟစ်ပြီးတော့ ကြိုဆိုခဲ့ကြပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် Megan Markel ရဲ့ ဖခင်ဖြစ်သူက မင်္ဂလာပွဲကို မတက်ရောက်နိုင်လို့ သတို့သမီးရဲ့ မိခင်ပဲ မင်္ဂလာပွဲမှာ ရှိနေခဲ့ပြီးတော့ သတို့သမီးကို မင်္ဂလာစင်မြင့်ဆီကို ခေါ်လာပေးရတဲ့ ဖခင်ရဲ့ နေရာမှာတော့ သတို့သားဖြစ်သူ မင်းသား Harry ရဲ့ ဖခမည်းတော် အိမ်ရှေ့စံ ဝေလ မင်းသား Charles က ခေါ်လာပေးခဲ့ပါတယ်။

တော်ဝင်မင်္ဂလာပွဲကို ကိုယ်တိုင်မျက်မြင် တွေ့နိုင်ဖို့ တကမ္ဘာလုံးက ခရီးသွားတွေလဲ သမိုင်းဝင် ဝင်ဆာမြို့မှာ ရောက်ရှိနေကြတဲ့အပြင် အဲဒီ့ကို ကိုယ်တိုင်မသွားနိုင်တဲ့သူတွေကတော့ ရုပ်မြင်သံကြားနဲ့ အင်တာနက် အွန်လိုင်းတို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို စောင့်ကြည့်ခဲ့ကြတာပါ။ ဗြိတိန်နိုင်ငံရဲ့ အရေးအပါဆုံးမင်္ဂလာပွဲလို့ ပြောနိုင်တဲ့ ဒီမင်္ဂလာပွဲအတွက် ထောင်နဲ့ချီတဲ့ လုံခြုံရေး ရဲဝန်ထမ်းတွေ တိုးမြှင့်ချထားခဲ့ရပါတယ်။

မင်းသား Harry နှစ်ချင်းခံခဲ့တဲ့ ဝင်ဆာရဲတိုက်ထဲက ၁၄ ရာစုလက်ရာ Saint George ဘုရားကျောင်းမှာ မေလ ၁၉ စနေနေ့ ဂရင်းနစ် စံတော်ချိန် မွန်းတည့်မှာ ဒီ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ သတို့သား သတို့သမီးတို့နဲ့ တိုက်ရိုက်သိကျွမ်းရင်းနှီးသူ ပရိသတ် ၆၀၀ လောက်ကိုပဲ မင်္ဂလာဆောင် အခမ်းအနားကို ဖိတ်ခဲ့ကြားခဲ့တာဖြစ်ပြီး နောက် ပြည်သူ ၂၅၀၀ ကျော်ကိုတော့ မင်္ဂလာပွဲတက်သူတွေကို မြင်နိုင်တဲ့ ဝင်ဆာရဲတိုက်ခြံဝန်းထဲကို လာရောက်ခွင့်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG