သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းသား Harry ၿဗိတိန္ေတာ္၀င္ မိသားစု အဆင္႔ျမင္႔ေနရာက ေနာက္ဆုတ္


ၿဗိတိန္ႏုိ္င္ငံက ေတာ္၀င္ မင္းသား Harry နဲ႔ ၾကင္ယာ Meghan တို႔ဟာ ေတာ္၀င္ မိသားစုရဲ႕ အႀကီးတန္း အေရးပါတဲ့ အဖြဲ႔၀င္ေတြ အျဖစ္ကေန ေနာက္ဆုတ္လုိုက္ျပီး အေမရိကန္ ျပည္ေထာင္စုမွာပဲ အေနမ်ားေတာ့မယ္လို႔ ေၾကညာေၾကာင္း AFP သတင္းက ေဖာ္ျပပါတယ္။ Harry တို႔ စုံတြဲဟာ ဒီ ေၾကညာခ်က္ကို ဗုဒၶဟူးေန႔မွာ ထုတ္ျပန္ခဲ့တာပါ။

ကၽြန္ေတာ္တို႔ အေနနဲ႕ အႀကီးတန္း အဖြဲ႔၀င္ေတြအျဖစ္ကေန ေနာက္ဆုတ္ ေနမွာျဖစ္ၿပီး ေငြေရးေၾကးေရး အရ ကိုယ့္ဘာသာကိုယ္ ရပ္တည္ဖို႔ ႀကိဳးစားမယ္လို႔လည္း Buckingham နန္းေတာ္ရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ အခ်ိ္န္ေတြကို ယူေကနဲ႔ အေမရိကန္ အၾကား ခ်ိန္ထိုး ေနထိုင္မယ္လို႔လည္း ဆိုပါတယ္။

ၿဗိတိန္ ေတာ္၀င္မိသားစုၾကားထဲ ရွဳပ္ရွဳပ္ေထြးေထြး ရွိေနတဲ့ ဒီႏွစ္အတြင္း အခုလို မေမွ်ာ္လင့္တဲ့ ေၾကညာခ်က္ ထြက္လာခဲ့တာပါ။

Harry တို႔ စုံတြဲဟာ သူတို႔ မဂၤလာ အခမ္းအနား အၿပီးနဲ႔ သားေလး Archie ကို ေမလမွာ ေမြးဖြားအၿပီး လူေတြအၾကား အာရုံစိုက္ခံရတဲ့ ဖိအားေတြအေၾကာင္း လူသိရွင္ၾကား ေျပာဆိုခဲ့အၿပီးမွာ ခရစ္စမတ္ကာလ အတြင္းမွာ ကေနဒါႏုိင္ငံကို သြားေရာက္လည္ပတ္ ေနထိုင္ခဲ့ပါတယ္။ ခရစ္စမတ္ မတိုင္ခင္မွာ သူတို႔အေနနဲ႔ ခရစ္စမတ္ကာလအတြင္း ဘုရင္မႀကီး Elizabethနဲ႔ တစ္ျခား ေတာ္၀င္မိသားစုေတြ နဲ႔အတူ ရွိေနမွာ မဟုတ္ဘူးလို႔ ေၾကညာထားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မင်းသား Herry ဗြိတိန်တော်ဝင် မိသားစု အဆင့်မြင့်နေရာက နောက်ဆုတ်

ဗြိတိန်နိုင်ငံက တော်ဝင် မင်းသား Harry နဲ့ ကြင်ယာ Meghan တို့ဟာ တော်ဝင် မိသားစုရဲ့ အကြီးတန်း အရေးပါတဲ့ အဖွဲ့ဝင်တွေ အဖြစ်ကနေ နောက်ဆုတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာပဲ အနေများတော့မယ်လို့ ကြေညာကြောင်း AFP သတင်းက ဖော်ပြပါတယ်။ Harry တို့ စုံတွဲဟာ ဒီ ကြေညာချက်ကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ကျွန်တော်တို့ အနေနဲ့ အကြီးတန်း အဖွဲ့ဝင်တွေအဖြစ်ကနေ နောက်ဆုတ် နေမှာဖြစ်ပြီး ငွေရေးကြေးရေး အရ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ ကြိုးစားမယ်လို့လည်း Buckingham နန်းတော်ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ ကျွန်တော်တို့ရဲ အချိန်တွေကို ယူကေနဲ့ အမေရိကန် အကြား ချိန်ထိုး နေထိုင်မယ်လို့လည်း ဆိုပါတယ်။

ဗြိတိန် တော်ဝင်မိသားစုကြားထဲ ရှုပ်ရှုပ်ထွေးထွေး ရှိနေတဲ့ ဒီနှစ်အတွင်း အခုလို မမျှော်လင့်တဲ့ ကြေညာချက် ထွက်လာခဲ့တာပါ။

Harry တို့ စုံတွဲဟာ သူတို့ မင်္ဂလာ အခမ်းအနား အပြီးနဲ့ သားလေး Archie ကို မေလမှာ မွေးဖွားအပြီး လူတွေအကြား အာရုံစိုက်ခံရတဲ့ ဖိအားတွေအကြောင်း လူသိရှင်ကြား ပြောဆိုခဲ့အပြီးမှာ ခရစ်စမတ်ကာလ အတွင်းမှာ ကနေဒါနိုင်ငံကို သွားရောက်လည်ပတ် နေထိုင်ခဲ့ပါတယ်။

ခရစ်စမတ် မတိုင်ခင်မှာ သူတို့အနေနဲ့ ခရစ်စမတ်ကာလအတွင်း ဘုရင်မကြီး Elizabethနဲ့ တစ်ခြား တော်ဝင်မိသားစုတွေ နဲ့အတူ ရှိနေမှာ မဟုတ်ဘူးလို့ ကြေညာထားခဲ့တာပါ။

XS
SM
MD
LG