သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
Voaexpress July 14, 2022 (မှတ်တမ်းဓါတ်ပုံ )
{{Zawgyi/Unicode}}
တိုက်ရိုက် လင့်ခ်
........................................................
ဖျက်အားပြင်းလက်နက် မသုံးဖို့ သမ္မတ Putin ကို သမ္မတ Biden သတိပေး
{{Zawgyi/Unicode}}
အမေရိကန်သမ္မတ Joe Biden က ရုရှားသမ္မတ Vladimir Putin ကို ဖျက်အားပြင်း လက်နက် Weapons of Mass Destruction (WMD) တွေကိုအသုံးမပြုဖို့ ထပ်မံသတိပေးလိုက်ပါတယ်။
“လုံးဝအသုံးမပြုပါနဲ့။ အသုံးပြုခဲ့ရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း မကြုံဖူးသေးတဲ့စစ်ပွဲမျိုးကို စတင်လိုက်သလိုဖြစ်သွားပါမယ်” လို့သမ္မတ Putin က CBS သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ ဒီဆက်သွယ် မေးမြန်းချက်ကို တနင်္ဂနွေည မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
တကယ်လို့ ရုရှားက ဓာတုလက်နက်တွေ ဒါမှမဟုတ် နျူကလီးယား လက်နက်တွေ အသုံးပြုမယ်ဆိုရင် အမေရိကန်အနေနဲ့ ဘယ်လို့တုံ့ပြန်မှာလဲဆိုတာကိုတော့ သမတ Joe Biden က အသေးစိပ်ပြောဆိုခဲ့ခြင်းမရှိပါဘူး။
“ဘယ်လိုတုံ့ပြန်မလဲဆိုတာက သူတို့အနေနဲ့ ဘယ်လိုအတိုင်းအတာအသုံးပြုတယ်၊ ဆိုတဲ့အပေါ် မူတည်ပါတယ်လို”့ သမတပြောဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လထဲကလည်း သမတ Joe Biden က ဥရောပသမဂ္ဂ၊ G7 နဲ့ NATO မဟာမိတ်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ပထမတကြိမ် WMD လက်နက်တွေ အသုံးမပြုဖို့ သတိပေးခဲ့ပါတယ်။ နောက်တလ အကြာမှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က နျူကလီးယားစစ်ပွဲ ဖြစ်လေမလားဆိုတဲ့ စိုးရိမ်ဘွယ်ရာ အနေအထားဟာ အတော်သင့်ရှိနေပါတယ်လို့ အစိုးရသတင်းဌာကနေ တဆင့်ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG