သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကိုကျူးကျော်စစ် ရုရှားအတွက်ဆုံးရှုံးမှုဘာမှမရှိ (သမ္မတ ပူတင်)


Russian President Vladimir Putin attends a plenary session of the Eastern Economic Forum in Vladivostok
Russian President Vladimir Putin attends a plenary session of the Eastern Economic Forum in Vladivostok

[[Zawgyi/Unicode]]

ယူကရိန်းမှာ ရုရှားရဲ့စစ်ရေးထိုးစစ်ဆင်မှုကနေ ရုရှားအတွက်ဆုံးရှုံးမှုတခုမှမရှိခဲ့ဘဲ ရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပိုခိုင်မာလာစေကြောင်း ရုရှားသမ္မတ Vladimir Putin က ရုရှားနိုင်ငံ Vladivostok မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ ဖျား စီးပွါးရေးဖိုရမ်မှာ ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့လုပ်ဆောင်မှုအားလုံးဟာ Donbas ဒေသက ပြည်သူတွေကိုကူညီဖို့သာဖြစ်ပြီး ဒါဟာ ပြည်တွင်းမှာရော နိုင်ငံခြားမူဝါဒဆိုင်ရာမှာပါ ပိုခိုင်မာဖို့ ဖြစ်လာစေတယ်လို့လည်း ပြောပါတယ်။

ရုရှားက ဖေဖေါ်ဝါရီမှာ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီး မြို့တော် Kyiv ကို သိမ်းဖို့ကြိုးစားရာကနေ ယူကရိန်းအရှေ့ပိုင်းက Donbas ဒေသဘက်ကို ပြောင်းလဲပြီး ဦးတည်တိုက်ခိုက်ခဲ့တာပါ။ အဲဒီဒေသဟာ ၂၀၁၄ တုန်းက ရုရှားတွေဝင်တိုက်ခဲ့ချိန်ကစပြီး ယူကရိန်းတပ်တွေနဲ့ ရုရှားလိုလားတဲ့လက်နက်ကိုင်တွေကြား တိုက်ခိုက်မှုတွေ ရှိနေတာပါ။

ကမ္ဘာတလွှားကြုံနေရတဲ့ စားနပ်ရိက္ခာပြဿနာကိုဖြေရှင်းဖို့ ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်ဆောင်ရွက်ပေးတဲ့ ယူကရိန်းက ကောက်နှံတွေတင်ပို့ရေး သဘောတူညီချက်အတွက်လည်း ဒီတင်ပို့မှုတွေဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေဆီ ရောက်မှာမဟုတ်ဘူးလို့ ပြောပြီး သမ္မတ Putin က အပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒီသဘောတူညီချက်နဲ့ ယူကရိန်းဆိပ်ကမ်းတွေကနေ ကောက်နှံ ၂.၂ မက်ထရစ်တန်နဲ့ တခြားစားသောက်ကုန်တွေ အင်္ဂါနေ့က တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့အကြံပေး Mykhailo Podolyak ကတော့ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ရုရှားဘက်က အပြစ်တင်မှုဟာ မျှော်လင့်မထားတဲ့၊ အခြေမြစ်မရှိတဲ့ ပြောကြားချက်ဖြစ်ကြောင်း ဝေဖန်ပါတယ်။

တချိန်တည်းမှာပဲ Donbas ဒေသတွင်းမှာရော ယူကရိန်းမြောက်ပိုင်း Kharkiv အနီးနဲ့ တောင်ပိုင်းက Kharson Oblast ဘက်မှာပါ ၂၄ နာရီအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







XS
SM
MD
LG