သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



BRITAIN-ROYALS/QUEEN-BIDEN



{{Zawgyi/Unicode}}






please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

................................................................

ဘုရင်မကြီး ဈာပနအတွက် သမ္မတ Biden လန်ဒန် ရောက်ရှိ

{{Zawgyi/Unicode}}

အမေရိကန်သမတ ဂျိုးဘိုင်ဒင်ဟာ ဗြီတိန်ဘုရင်မကြီး ရဲ့ ဈာပနအခမ်းအနားတက်ဖို့အတွက် ဗြိတိန်နိုင်ငံကို စနေနေ့ က ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဗြိတိန်ဘုရင်မကြီး Elizabeth II ရဲ့ ဈာပဏအခမ်းအနားဟာ တနင်္လာနေ့မှာကျင်းပမှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ဘုရင်အသစ်၊ ဝန်ကြီးချုပ်အသစ်တွေ တက်လာပြီးနောက် ဗြိတိန်အမေရိကန် ဆက်ဆံရေး အကူးအပြောင်း ကာလမှာ အမေရိကန်သမ္မတအနေနဲ့ ဗြိတိန်နိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Liz Truss နဲ့ သမတ ဘိုင်ဒင်တို့ တနင်္ဂနွေနေ့မှာ ဒေါင်းနင်းလမ်းရုံးမှာ အလွတ်သေဘော တွေ့ဆုံမှာ ဖြစ်ကြောင်းဝန်ကြီးချုပ် Truss ရဲ့ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တုန်းထုတ်ဖေါ်ပြောဆိုထားပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ရဲ့ အမျိုးသမီးဝန်ကြီးချုပ်က ဗြိတိန်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ “အထူးဆက်ဆံရေးဖြစ်ပါတယ်။ ဒါပေမယ့် သီးသန့်ဆက်ဆံရေးတော့ မဟုတ်ပါဘူးလို့ ပြောဆိုထားပါတယ်။

ဘုရင်မကြီး ဈာပဏ အခမ်းအနားကို နိုင်ငံတကာ က ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပြီး ဝန်ကြီးချူပ်အသစ် Liz Truss နဲ့ စနေနေ့မှာ သြစတြေးလျ၊ နယူးဇီလန် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့မှာ အိုင်ယာလန်၊ ကနေဒါနဲ့ ပိုလန် ခေါင်းဆောင်တွေနဲ့ လည်းတွေ့ဆုံမှာဖြစ်ပါတယ်။

XS
SM
MD
LG