သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘုရင္မႀကီး ဈာပနေၾကာင့္ လန္ဒန္ၿမိဳ႕မွာ ခရီးသြားေတြ ျပန္လည္စည္ကား


Members of the public line up as they wait to view Queen Elizabeth II's lying in state ahead of her funeral on Monday, in London, Sept. 17, 2022.

ၿပီးခဲ့တဲ့သီတင္းပတ္က ကြယ္လြန္သြားတဲ့ ၿဗိတိန္ဘုရင္မႀကီး ဒုတိယေျမာက္ အဲလီဇဘတ္ကို ေနာက္ဆုံးအႀကိမ္ ဂါရဝျပဳခြင့္ရဖို႔အတြက္ ၿဗိတိန္ႏိုင္ငံသားေတြသာမက ေတာ္ဝင္မိသားစုကို အေလးထားတဲ့ ႏိုင္ငံရပ္ျခားကျပည္သူေတြပါ လန္ဒန္ၿမိဳ႕ကို လာေရာက္ေနၾကပါတယ္။ ဘုရင္မႀကီး အဲလီဇဘတ္ရဲ႕ ႐ုပ္အေလာင္း ထားရွိတဲ့ Westminster ခန္းမကို တေန႔ (၂၃) နာရီ ဖြင့္ ထားေပးသလို၊ ဘုရင္မႀကီးကို ေနာက္ဆုံးအႀကိမ္ ဂါရဝျပဳဖို ေထာင္ေသာင္းခ်ီတဲ့ လူတန္းႀကီးက နာရီေပါင္းမ်ားစြာ တန္းစီ ေစာင့္ဆိုင္းေနၾကတာပါ။

ၿဗိတိန္ ႏိုင္ငံတဝန္းကသာမက အေမရိကန္ျပည္ေထာင္စုကေန အိႏၵိယႏိုင္ငံအထိ ေဝးလံတဲ့ ႏိုင္ငံေတြကပါ လာၾကတာေၾကာင့္ လန္ဒန္ၿမိဳ႕က တည္ခိုးခန္းေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ ကုန္ပစၥည္း အေရာင္းေဈးဆိုင္ေတြမွာ ခရီးသြားေတြ ျပည့္ေနပါတယ္။ ေနထိုင္စားေသာက္စရိတ္ေတြ တက္ၿပီး ေငြေၾကးေဖာင္းပြမႈနဲ႔အတူ စီးပြားေရးအက်ပ္အတည္းေတြ ရွိေနတဲ့ ၿဗိတိန္မွာ ဘုရင္မႀကီး ဈာပနေၾကာင့္ ခရီးသြား လုပ္ငန္းျပန္ၿပီး အားေကာင္းလာပါတယ္။

ဘုရင္မႀကီး အဲလီဇဘတ္ရဲ႕ ဈာပနအခမ္းအနားကိုေတာ့ Westminster ဘုရားေက်ာင္းမွာ တနလၤာေန႔ က်င္းပမွာျဖစ္ၿပီး ၿဗိတိန္နဲ႔ ကမာၻတဝန္းက အစိုးရ ေခါင္းေဆာင္ေတြ အမ်ားအျပား တက္ေရာက္ၾကမွာပါ။ ဈာပနအခမ္းအနား ၿပီးတာနဲ႔ ဘုရင္မႀကီးရဲ႕ ႐ုပ္အေလာင္းကို လန္ဒန္ၿမိဳ႕လယ္ကို ျဖတ္ၿပီး Buckingham နန္းေတာ္အနီးက Wellington မုဒ္ဦးႀကီးရွိရာကို စစ္သုံးျမင္းရထားနဲ႔ သယ္ေဆာင္မွာ ျဖစ္ပါတယ္။ အဲဒီေနာက္ ဝင္ဆာ ရဲတိုက္အနီးက စိန႔္ေဂ်ာ့ဘုရားေက်ာင္ကို ပို႔ေဆာင္ၿပီး စစ္ေရးျပ အခမ္းအနားနဲ႔ ဂုဏ္ျပဳမွာပါ။

တနလၤာေန႔ ေႏွာင္းပိုင္းမွာေတာ့ ဆ႒မေျမာက္ George ဘုရင္အမွတ္တရ ဗိမာန္မွာ ေတာ္ဝင္မိသားစုေတြက ဘုရင္မႀကီး ႐ုပ္အေလာင္းကို ၾကင္ယာေတာ္ မင္းသားႀကီး ဖိလစ္ရဲ႕ အုပ္ဂူနားမွာ ျမႇဳပ္ႏွံသၿဂႋဳလ္မွာ ျဖစ္ပါတယ္။

=== Unicode ===

ပြီးခဲ့တဲ့သီတင်းပတ်က ကွယ်လွန်သွားတဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလီဇဘတ်ကို နောက်ဆုံးအကြိမ် ဂါရဝပြုခွင့်ရဖို့အတွက် ဗြိတိန်နိုင်ငံသားတွေသာမက တော်ဝင်မိသားစုကို အလေးထားတဲ့ နိုင်ငံရပ်ခြားကပြည်သူတွေပါ လန်ဒန်မြို့ကို လာရောက်နေကြပါတယ်။ ဘုရင်မကြီး အဲလီဇဘတ်ရဲ့ ရုပ်အလောင်း ထားရှိတဲ့ Westminster ခန်းမကို တနေ့ (၂၃) နာရီ ဖွင့် ထားပေးသလို၊ ဘုရင်မကြီးကို နောက်ဆုံးအကြိမ် ဂါရဝပြုဖို ထောင်သောင်းချီတဲ့ လူတန်းကြီးက နာရီပေါင်းများစွာ တန်းစီ စောင့်ဆိုင်းနေကြတာပါ။

ဗြိတိန် နိုင်ငံတဝန်းကသာမက အမေရိကန်ပြည်ထောင်စုကနေ အိန္ဒိယနိုင်ငံအထိ ဝေးလံတဲ့ နိုင်ငံတွေကပါ လာကြတာကြောင့် လန်ဒန်မြို့က တည်ခိုးခန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ ကုန်ပစ္စည်း အရောင်းဈေးဆိုင်တွေမှာ ခရီးသွားတွေ ပြည့်နေပါတယ်။ နေထိုင်စားသောက်စရိတ်တွေ တက်ပြီး ငွေကြေးဖောင်းပွမှုနဲ့အတူ စီးပွားရေးအကျပ်အတည်းတွေ ရှိနေတဲ့ ဗြိတိန်မှာ ဘုရင်မကြီး ဈာပနကြောင့် ခရီးသွား လုပ်ငန်းပြန်ပြီး အားကောင်းလာပါတယ်။

ဘုရင်မကြီး အဲလီဇဘတ်ရဲ့ ဈာပနအခမ်းအနားကိုတော့ Westminster ဘုရားကျောင်းမှာ တနင်္လာနေ့ ကျင်းပမှာဖြစ်ပြီး ဗြိတိန်နဲ့ ကမ္ဘာတဝန်းက အစိုးရ ခေါင်းဆောင်တွေ အများအပြား တက်ရောက်ကြမှာပါ။ ဈာပနအခမ်းအနား ပြီးတာနဲ့ ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို လန်ဒန်မြို့လယ်ကို ဖြတ်ပြီး Buckingham နန်းတော်အနီးက Wellington မုဒ်ဦးကြီးရှိရာကို စစ်သုံးမြင်းရထားနဲ့ သယ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဝင်ဆာ ရဲတိုက်အနီးက စိန့်ဂျော့ဘုရားကျောင်ကို ပို့ဆောင်ပြီး စစ်ရေးပြ အခမ်းအနားနဲ့ ဂုဏ်ပြုမှာပါ။

တနင်္လာနေ့ နှောင်းပိုင်းမှာတော့ ဆဋ္ဌမမြောက် George ဘုရင်အမှတ်တရ ဗိမာန်မှာ တော်ဝင်မိသားစုတွေက ဘုရင်မကြီး ရုပ်အလောင်းကို ကြင်ယာတော် မင်းသားကြီး ဖိလစ်ရဲ့ အုပ်ဂူနားမှာ မြှုပ်နှံသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG