သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အဲလိဇဘက္ဘုရင္မ ႐ုပ္အေလာင္း Westminster ခန္းမေရာက္


ကြယ္လြန္သူ ၿဗိတိန္ ဘုရင္မႀကီး ဒုတိယ အဲလိဇဘက္ရဲ႕ ရုပ္ပံုကို ဖန္သားျပင္ေပၚမွာ ျပသားထားတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၁၄၊ ၂၀၂၂)

ကြယ္လြန္သူ ၿဗိတိန္ ဘုရင္မႀကီး ဒုတိယ အဲလိဇဘက္ရဲ႕ ႐ုပ္အေလာင္းကို လန္ဒန္ၿမိဳ႕၊ ဘက္ကင္ဟမ္နန္းေတာ္ကေန Westminster ခန္းမကို ဒီကေန႔ သယ္ေဆာင္ဖို႔ စီစဥ္ထားပါတယ္။

သက္ေတာ္ ၉၆ ႏွစ္ရွိၿပီျဖစ္တဲ့ နန္းသက္ရွည္ ဘုရင္မႀကီး အဲလစ္ဇဘက္ ၿပီးခဲ့တဲ့ သီတင္းပတ္ ၾကာသပေတးေန႔ စက္တင္ဘာလ ၈ ရက္ေန႔က စေကာ့တလန္ Balmoral စံအိမ္မွာ ကံကုန္ခဲ့တာပါ။

မေန႔ကေတာ့ ႐ုပ္အေလာင္းကို အီဒင္ဘာရာၿမိဳ႕ စိန္႔ဂ်ိဳင္းဘုရားေက်ာင္းကေန လန္ဒန္ၿမိဳ႕ ဘက္ကင္ဟမ္နန္းေတာ္ကို သယ္ေဆာင္ခဲ့ပါတယ္။

ဒီကေန႔ စက္တင္ဘာ ၁၄ ရက္ေန႔ ဘုရင္မႀကီး ႐ုပ္အေလာင္းကို Westminster ခန္းမဆီကို သယ္ေဆာင္တဲ့ လမ္းတေလွ်ာက္ သားေတာ္ တတိယေျမာက္ Charles ဘုရင္က ဦးေဆာင္ၿပီး ေတာ္ဝင္မိသားစုေတြ လိုက္ပါပို႔ေဆာင္မွာျဖစ္ပါတယ္။

ဘုရင္မႀကီး ႐ုပ္အေလာင္း သယ္ေဆာင္တဲ့ လမ္းတေလွ်ာက္ ေသာင္းနဲ႔ခ်ီတဲ့ လူေတြ ေစာင့္ၿပီး ဂါရဝျပဳၾကမယ္လို႔ ခန္႔မွန္းပါတယ္။

႐ုပ္အေလာင္းသယ္ေဆာင္တဲ့ အခ်ိန္မွာ Hyde Park ပန္းၿခံကေန ဘုရင္မႀကီးအတြက္ ေသနတ္ပစ္ေဖာက္ ဂုဏ္ျပဳမွာျဖစ္သလို လႊတ္ေတာ္အဆာက္အအုံမွာ ရွိတဲ့ အထင္ကရ Big Ben ေခါင္းေလာင္းႀကီး ထိုးၿပီးေတာ့လည္း ဂုဏ္ျပဳမွာျဖစ္ပါတယ္။

ဈာပနပြဲ က်င္းပမယ့္ စက္တင္ဘာ ၁၉ ရက္ေန႔ မတိုင္ခင္အထိ အဲလစ္ဇဘက္ ဘုရင္မႀကီး ႐ုပ္အေလာင္းကို Westminster အေဆာက္အအုံ ခန္းမမွာ ၄ ရက္ၾကာ အမ်ားျပည္သူ ဂါရဝျပဳႏိုင္ဖို႔ ထားရွိမွာပါ။ ခန္းမကို တစ္ရက္ ၂၃ နာရီ ဖြင့္ေပးထားမွာျဖစ္ၿပီး ေတာ္ဝင္အိမ္ေတာ္ စစ္သည္ေတြက ေစာင့္ၾကပ္မွာျဖစ္ပါတယ္။

စက္တင္ဘာ ၁၉ ရက္ ဈာပနအခမ္းအနားၿပီးရင္ေတာ့ ဘုရင္မႀကီး ႐ုပ္အေလာင္းကို ၂၀၂၁ ခုႏွစ္ ဧၿပီလတုန္းက ကြယ္လြန္သူ ၾကင္ယာေတာ္ Philip မင္းသားႀကီး ႐ုပ္အေလာင္းျမႇဳပ္ႏွံထားတဲ့ Windsor ရဲတိုက္ကို သယ္ေဆာင္ျမႇဳပ္ႏွံမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အဲလိဇဘက်ဘုရင်မ ရုပ်အလောင်း Westminster ခန်းမရောက်

ကွယ်လွန်သူ ဗြိတိန် ဘုရင်မကြီး ဒုတိယ အဲလိဇဘက်ရဲ့ ရုပ်အလောင်းကို လန်ဒန်မြို့၊ ဘက်ကင်ဟမ်နန်းတော်ကနေ Westminster ခန်းမကို ဒီကနေ့ သယ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ နန်းသက်ရှည် ဘုရင်မကြီး အဲလစ်ဇဘက် ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ စက်တင်ဘာလ ၈ ရက်နေ့က စကော့တလန် Balmoral စံအိမ်မှာ ကံကုန်ခဲ့တာပါ။

မနေ့ကတော့ ရုပ်အလောင်းကို အီဒင်ဘာရာမြို့ စိန့်ဂျိုင်းဘုရားကျောင်းကနေ လန်ဒန်မြို့ ဘက်ကင်ဟမ်နန်းတော်ကို သယ်ဆောင်ခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့ ဘုရင်မကြီး ရုပ်အလောင်းကို Westminster ခန်းမဆီကို သယ်ဆောင်တဲ့ လမ်းတလျှောက် သားတော် တတိယမြောက် Charles ဘုရင်က ဦးဆောင်ပြီး တော်ဝင်မိသားစုတွေ လိုက်ပါပို့ဆောင်မှာဖြစ်ပါတယ်။

ဘုရင်မကြီး ရုပ်အလောင်း သယ်ဆောင်တဲ့ လမ်းတလျှောက် သောင်းနဲ့ချီတဲ့ လူတွေ စောင့်ပြီး ဂါရဝပြုကြမယ်လို့ ခန့်မှန်းပါတယ်။

ရုပ်အလောင်းသယ်ဆောင်တဲ့ အချိန်မှာ Hyde Park ပန်းခြံကနေ ဘုရင်မကြီးအတွက် သေနတ်ပစ်ဖောက် ဂုဏ်ပြုမှာဖြစ်သလို လွှတ်တော်အဆာက်အအုံမှာ ရှိတဲ့ အထင်ကရ Big Ben ခေါင်းလောင်းကြီး ထိုးပြီးတော့လည်း ဂုဏ်ပြုမှာဖြစ်ပါတယ်။

ဈာပနပွဲ ကျင်းပမယ့် စက်တင်ဘာ ၁၉ ရက်နေ့ မတိုင်ခင်အထိ အဲလစ်ဇဘက် ဘုရင်မကြီး ရုပ်အလောင်းကို Westminster အဆောက်အအုံ ခန်းမမှာ ၄ ရက်ကြာ အများပြည်သူ ဂါရဝပြုနိုင်ဖို့ ထားရှိမှာပါ။ ခန်းမကို တစ်ရက် ၂၃ နာရီ ဖွင့်ပေးထားမှာဖြစ်ပြီး တော်ဝင်အိမ်တော် စစ်သည်တွေက စောင့်ကြပ်မှာဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက် ဈာပနအခမ်းအနားပြီးရင်တော့ ဘုရင်မကြီး ရုပ်အလောင်းကို ၂၀၂၁ ခုနှစ် ဧပြီလတုန်းက ကွယ်လွန်သူ ကြင်ယာတော် Philip မင်းသားကြီး ရုပ်အလောင်းမြှုပ်နှံထားတဲ့ Windsor ရဲတိုက်ကို သယ်ဆောင်မြှုပ်နှံမှာဖြစ်ပါတယ်။

XS
SM
MD
LG