သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အဲလိဇဘတ္ ဘုရင္မ ႐ုပ္အေလာင္းသယ္ေဆာင္ရာ ခ်ားစ္ဘုရင္လိုက္ပါပို႔ေဆာင္


APTOPIX Britain Royals

ကြယ္လြန္သြားတဲ့ ၿဗိတိန္ဘုရင္မႀကီး Elizabeth ရဲ႔႐ုပ္အေလာင္းကို စေကာ့တလန္ Edinburgh လမ္းေပၚမွာ တနလၤာေန႔က သယ္ေဆာင္လာရာမွာ ၿဗိတိန္ဘုရင္ ခ်ားလ္နဲ႔ ညီအကိုေမာင္ႏွမေတြကေနာက္ကေန တိတ္တိတ္ဆိတ္ဆိတ္ လမ္းေလွ်ာက္လိုက္ပါ လာခဲ့ၾကပါတယ္။ လမ္းေဘးဝဲယာမွာလည္းျပည္သူလူထုကတန္းစီေစာင့္ဆိုင္းေနၿပီး ေနာက္ဆုံးဂါရဝျပဳခဲ့ၾကပါတယ္။

ခ်ားစ္ဘုရင္ဟာ စစ္ယူနီေဖါင္းကို၀တ္ဆင္ထားၿပီး၊ မင္းသမီး အန္းန္၊ မင္းသား အန္ဒ႐ူးနဲ႔ မင္းသားအက္ဒ၀ပ္တို႔ အတူ လိုက္ပါလာခဲ့ၾကပါတယ္။ ဘုရင္မႀကီးရဲ႔႐ုပ္အေလာင္းကို သူကြယ္လြန္ခဲ့တဲ့ စေကာ့တလန္မွာရွိတဲ့ Holyroodhouse နန္းေတာ္ကေန စိန္႔ Giles ဘုရားေက်ာင္းကိုသယ္ေဆာင္သြားတာျဖစ္ပါတယ္။ ဒီဘုရားေက်ာင္းမွာ အခမ္းအနား ျပဳလုပ္ခဲ့ၿပီး ေတာ္၀င္မိသားစုေတြနဲ႔ႏိုင္ငံေရးေခါင္းေဆာင္ေတြတက္ေရာက္ခဲ့ၾကပါတယ္။

တနလၤာေန႔အေစာပိုင္းမွာဘဲ ခ်ား ဘုရင္ဟာ ၿဗိတိန္ရဲ႔ အထက္လႊတ္ေတာ္နဲ႔ေအာက္လႊတ္ေတာ္ႏွစ္ရပ္လုံးကို ဘုရင္အေန နဲ႔ ပထမဆုံးအႀကိမ္တရား၀င္စကားေျပာၾကားခဲ့ပါတယ္။

ဒီအခမ္းအနားကို လန္ဒန္ၿမိဳ႔က Westminister Hall မွာျပဳလုပ္ခဲ့တာျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ဖိတ္ၾကား ထားတဲ့ဧည့္သည္ေတာ္ ၁၀၀၀ ေလာက္တက္ေရာက္ခဲ့ၾကပါတယ္။ ခ်ားစ္ ဘုရင္ကေျပာၾကားရာမွာ ဘုရင္မႀကီးဟာ ႏွစ္ေပါင္း ၇၀ ကိုယ္က်ိဳးမၾကည့္ဘဲတိုင္းျပည္အတြက္တာ၀န္ထမ္းေဆာင္ ခဲ့သလိုဘဲ သူ႔အေနနဲ႔လည္းဒီနည္လမ္းအတိုင္းတာ၀န္ထမ္းေဆာင္သြားမယ္လို႔ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ကွယ်လွန်သွားတဲ့ ဗြိတိန်ဘုရင်မကြီး Elizabeth ရဲ့ရုပ်အလောင်းကို စကော့တလန် Edinburgh လမ်းပေါ်မှာ တနင်္လာနေ့က သယ်ဆောင်လာရာမှာ ဗြိတိန်ဘုရင် ချားလ်နဲ့ ညီအကိုမောင်နှမတွေကနောက်ကနေ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်လိုက်ပါ လာခဲ့ကြပါတယ်။ လမ်းဘေးဝဲယာမှာလည်းပြည်သူလူထုကတန်းစီစောင့်ဆိုင်းနေပြီး နောက်ဆုံးဂါရဝပြုခဲ့ကြပါတယ်။

ချားစ်ဘုရင်ဟာ စစ်ယူနီဖေါင်းကိုဝတ်ဆင်ထားပြီး၊ မင်းသမီး အန်းန်၊ မင်းသား အန်ဒရူးနဲ့ မင်းသားအက်ဒဝပ်တို့ အတူ လိုက်ပါလာခဲ့ကြပါတယ်။ ဘုရင်မကြီးရဲ့ရုပ်အလောင်းကို သူကွယ်လွန်ခဲ့တဲ့ စကော့တလန်မှာရှိတဲ့ Holyroodhouse နန်းတော်ကနေ စိန့် Giles ဘုရားကျောင်းကိုသယ်ဆောင်သွားတာဖြစ်ပါတယ်။ ဒီဘုရားကျောင်းမှာ အခမ်းအနား ပြုလုပ်ခဲ့ပြီး တော်ဝင်မိသားစုတွေနဲ့နိုင်ငံရေးခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။

တနင်္လာနေ့အစောပိုင်းမှာဘဲ ချား ဘုရင်ဟာ ဗြိတိန်ရဲ့ အထက်လွှတ်တော်နဲ့အောက်လွှတ်တော်နှစ်ရပ်လုံးကို ဘုရင်အနေ နဲ့ ပထမဆုံးအကြိမ်တရားဝင်စကားပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားကို လန်ဒန်မြို့က Westminister Hall မှာပြုလုပ်ခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖိတ်ကြား ထားတဲ့ဧည့်သည်တော် ၁၀၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။ ချားစ် ဘုရင်ကပြောကြားရာမှာ ဘုရင်မကြီးဟာ နှစ်ပေါင်း ၇၀ ကိုယ်ကျိုးမကြည့်ဘဲတိုင်းပြည်အတွက်တာဝန်ထမ်းဆောင် ခဲ့သလိုဘဲ သူ့အနေနဲ့လည်းဒီနည်လမ်းအတိုင်းတာဝန်ထမ်းဆောင်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

XS
SM
MD
LG