သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

  ဗြိတိန်ဘုရင်မကြီး ရုပ်အလောင်း လန်ဒန်မြို့တော်ရောက်ရှိ 


BRITAIN-ROYALS/QUEEN
BRITAIN-ROYALS/QUEEN

ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်ရဲ့ ရုပ်အလောင်းဟာ အင်္ဂါနေ့က လန်ဒန်မြို့ရှိ Buckingham နန်းတော်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။


ဗြိတိန်ဘုရင်မကြီး ရုပ်အလောင်း လန်ဒန်မြို့တော်ရောက်ရှိ

{{Zawgyi/Unicode}}
ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်ရဲ့ ရုပ်အလောင်းဟာ အင်္ဂါနေ့က လန်ဒန်မြို့ရှိ Buckingham နန်းတော်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ ရုပ်အလောင်း Buckingham နန်းတော်ကို မော်တော်ယာဉ်တန်းနဲ့ သယ်ဆောင်လာခဲ့စဉ် လူရာပေါင်းများစွာဟာ နန်းတော်အပြင်ဖက် နဲ့ လမ်းဘေးဝဲယာ တွေမှာ တန်းစီပြီး ဂါရဝပြုကြပါတယ်။ တတိယမမြောက် ချားလ်စ် ဘုရင်နဲ့ ရင်းနှီးသူ တော်ဝင်မိသားစုဝင် တချို့ကလည်း Buckingham နန်းတော်မှာ ကြိုဆိုခဲ့ကြတာပါ။

ဘုရင်မကြီး ရုပ်အလောင်းကို Scotland ပြည် Edinburgh မြို့ကနေ C -17 စစ်ဖက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ လန်ဒန်မြို့ကို ပြန်လည် သယ်ဆောင်တဲ့ ခရီးစဉ်မှာတော့ ဘုရင်မကြီးရဲ့ တဦးတည်းသော သမီးတော် Anne မင်းသမီးနဲ့ ကြင်ယာတော် Sir Timothy Laurence တို့ လိုက်ပါခဲ့ကြပါတယ်။

ဘုရင်မကြီး ရဲ့ ရုပ်အလောင်းကို နန်းတော်ထဲက Bow Room ခန်းမမှာ တညတာ ထားရှိပြီးနောက် ဗုဒ္ဓဟူးနေ့မှာတော့ Charles ဘုရင် နဲ့အတူ အများပြည်သူတွေလိုက်ပါပြီး ၁၁ ရာစုခေတ်က တည်ဆောက်ခဲ့တဲ့ Westminster ဘုရားကျောင်းကို ပြောင်းရွှေ့ကာ ၄ ရက်ကြာထားမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဂါရဝပြု ကြည့်ရှုသူတွေအတွက် တနေ့ကို ၂၃ နာရီ ဖွင့်လှစ်ထားမှာဖြစ်ပြီး တော်ဝင်မိသားစုတွေရဲ့ လုံခြုံရေး စစ်သည်တွေက စောင့်ကြပ်ထားမှာဖြစ်ပါတယ်။

 ဗြိတိန်ဘုရင်မကြီး ရုပ်အလောင်း လန်ဒန်မြို့တော်ရောက်ရှိ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

........................................................


{{Zawgyi/Unicode}}



XS
SM
MD
LG