သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီး ႐ုပ္အေလာင္း လန္ဒန္ၿမိဳ႕ကို ျပန္သယ္လာ


Britain's Queen Elizabeth has died at age 96

ၿဗိတိန္ဘုရင္မႀကီး ဒုတိယေျမာက္ အဲလစ္ဇဘက္ရဲ႕ စ်ာပနာအခမ္းအနားကို လန္ဒန္ၿမိဳ႕က Westminster ဘုရားေက်ာင္းမွာ စက္တင္ဘာ ၁၉ ရက္ တနလၤာေန႔မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဘုရင္မႀကီးရဲ႕ ႐ုပ္ကလပ္ကို လန္ဒန္ၿမိဳ႕ကို ျပန္ၿပီးေတာ့ စတင္သယ္ေဆာင္ ေနၿပီးျဖစ္ၿပီး၊ သူမကြယ္လြန္ခဲ့တဲ့ Balmoral စံအိမ္ေတာ္ကေန မိုင္ ၁၇၀ ေက်ာ္အကြာမွာရွိတဲ့ စေကာ့တလန္ရဲ႕ ၿမိဳ႕ေတာ္ Edinburgh ကို သယ္ေဆာင္ေနၾကပါတယ္။

၆ နာရီေလာက္ၾကာတဲ့ ဒီခရီးစဥ္အတြင္း Aberdeen Dundee နဲ႔ Perth ၿမိဳ႕ေတြကို ျဖတ္သြားခဲ့ၿပီး၊ ျပည္သူေတြကလည္း ႏႈတ္ဆက္ဂုဏ္ျပဳခဲ့ၾကပါတယ္။ Edinburgh ၿမိဳ႕မွာေတာ့ ဘုရင္မႀကီးရဲ႕ ႐ုပ္ကလပ္ကို Holyroodhouse နန္းေတာ္မွာ ထားသြားမွာ ျဖစ္ၿပီး၊ အဲဒီမွာေတာ့ ျပည္သူေတြက လာၿပီးေတာ့ ဂါရဝျပဳႏႈတ္ဆက္ၾကဖို႔ ရွိေနပါတယ္။

တနလၤာေန႔မွာေတာ့ ဘုရင္မႀကီးရဲ႕ ႐ုပ္ကလပ္ကို St. Giles’ ဘုရားေက်ာင္းကို သယ္ေဆာင္ၿပီး အဂၤါေန႔မွာေတာ့ ဘုရင္မႀကီးရဲ႕ သမီးျဖစ္သူ ေတာ္ဝင္မင္းသမီး Anne က အဲဒီဘုရားေက်ာင္းကေန Edinburgh ေလဆိပ္ကို ပို႔ေဆာင္ၿပီး အဲဒီကေန ေတာ္ဝင္ေလတပ္ေလယာဥ္နဲ႔ လန္ဒန္ၿမိဳ႕ ဘက္ကင္ဟမ္နန္းေတာ္ကို သယ္ေဆာင္မွာ ျဖစ္ပါတယ္။ စက္တင္ဘာ ၁၄ ရက္ အဂၤါေန႔မွာေတာ့ ဘက္ကင္ဟမ္နန္းေတာ္ကေန Westminster ခန္းမကို ဘုရင့္ေတာ္ဝင္ျမင္းတပ္နဲ႔ သယ္ေဆာင္ၿပီး ေတာ္ဝင္မိသားစုနဲ႔အတူ စစ္ေရးျပအခမ္းအနားလည္း ပါဝင္မွာ ျဖစ္ပါတယ္။

အဲဒီေနာက္ေတာ့ နန္းတက္လာတဲ့ Charles ဘုရင္ နဲ႔ ေတာ္ဝင္မိသားစုဝင္ေတြက Canterbury ဘုန္းေတာ္ႀကီး Justin Welby နဲ႔ အတူ ဝတ္ျပဳဆုေတာင္းပြဲလုပ္ၿပီး ေနာက္ပိုင္းမွာေတာ့ လူထုကို ဖြင့္ေပးသြားမွာျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ ၁၅ ရက္ေန႔ကစၿပီး ၿဗိတိန္ျပည္သူေတြ ေနာက္ဆုံးအေနနဲ႔ လာေရာက္ ဂါရဝျပဳႏႈတ္ဆက္ႏိုင္ေအာင္ ၄ ရက္အျပည့္ Westminster ခန္းမကို ဖြင့္လွစ္ေပးသြားမွာျဖစ္ၿပီး ၁၉ ရက္ေန႔ မနက္ မွာေတာ့ ႏိုင္ငံေတာ္စ်ာပန အခမ္းအနားကို က်င္းပမွာ ျဖစ္ပါတယ္။

ဘုရင္မႀကီးရဲ႕ ႏိုင္ငံေတာ္စ်ာပန အခမ္းအနားကိုေတာ့ ေတာ္ဝင္မိသားစုဝင္ေတြနဲ႔ ၿဗိတိန္အစိုးရတာဝန္ရွိသူေတြအျပင္ ကမာၻတဝန္းက ႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ တျခားကိုယ္စားလွယ္အဖြဲ႕ေတြ တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ဘုရင္မႀကီးရဲ႕ ႐ုပ္အေလာင္းကို Windsor နန္းေတာ္ကို သယ္ေဆာင္ၿပီးေတာ့ သူမရဲ႕ ၾကင္ယာေတာ္ ေတာ္ဝင္မင္းသားႀကီး Philip ရဲ႕ အုတ္ဂူေဘးမွာ ျမႇဳပ္ႏွံမွာ ျဖစ္ပါတယ္။

=== Unicode ===

ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ရဲ့ ဈာပနာအခမ်းအနားကို လန်ဒန်မြို့က Westminster ဘုရားကျောင်းမှာ စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဘုရင်မကြီးရဲ့ ရုပ်ကလပ်ကို လန်ဒန်မြို့ကို ပြန်ပြီးတော့ စတင်သယ်ဆောင် နေပြီးဖြစ်ပြီး၊ သူမကွယ်လွန်ခဲ့တဲ့ Balmoral စံအိမ်တော်ကနေ မိုင် ၁၇၀ ကျော်အကွာမှာရှိတဲ့ စကော့တလန်ရဲ့ မြို့တော် Edinburgh ကို သယ်ဆောင်နေကြပါတယ်။

၆ နာရီလောက်ကြာတဲ့ ဒီခရီးစဉ်အတွင်း Aberdeen Dundee နဲ့ Perth မြို့တွေကို ဖြတ်သွားခဲ့ပြီး၊ ပြည်သူတွေကလည်း နှုတ်ဆက်ဂုဏ်ပြုခဲ့ကြပါတယ်။ Edinburgh မြို့မှာတော့ ဘုရင်မကြီးရဲ့ ရုပ်ကလပ်ကို Holyroodhouse နန်းတော်မှာ ထားသွားမှာ ဖြစ်ပြီး၊ အဲဒီမှာတော့ ပြည်သူတွေက လာပြီးတော့ ဂါရဝပြုနှုတ်ဆက်ကြဖို့ ရှိနေပါတယ်။

တနင်္လာနေ့မှာတော့ ဘုရင်မကြီးရဲ့ ရုပ်ကလပ်ကို St. Giles’ ဘုရားကျောင်းကို သယ်ဆောင်ပြီး အင်္ဂါနေ့မှာတော့ ဘုရင်မကြီးရဲ့ သမီးဖြစ်သူ တော်ဝင်မင်းသမီး Anne က အဲဒီဘုရားကျောင်းကနေ Edinburgh လေဆိပ်ကို ပို့ဆောင်ပြီး အဲဒီကနေ တော်ဝင်လေတပ်လေယာဉ်နဲ့ လန်ဒန်မြို့ ဘက်ကင်ဟမ်နန်းတော်ကို သယ်ဆောင်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၄ ရက် အင်္ဂါနေ့မှာတော့ ဘက်ကင်ဟမ်နန်းတော်ကနေ Westminster ခန်းမကို ဘုရင့်တော်ဝင်မြင်းတပ်နဲ့ သယ်ဆောင်ပြီး တော်ဝင်မိသားစုနဲ့အတူ စစ်ရေးပြအခမ်းအနားလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အဲဒီနောက်တော့ နန်းတက်လာတဲ့ Charles ဘုရင် နဲ့ တော်ဝင်မိသားစုဝင်တွေက Canterbury ဘုန်းတော်ကြီး Justin Welby နဲ့ အတူ ဝတ်ပြုဆုတောင်းပွဲလုပ်ပြီး နောက်ပိုင်းမှာတော့ လူထုကို ဖွင့်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီနောက်တော့ ၁၅ ရက်နေ့ကစပြီး ဗြိတိန်ပြည်သူတွေ နောက်ဆုံးအနေနဲ့ လာရောက် ဂါရဝပြုနှုတ်ဆက်နိုင်အောင် ၄ ရက်အပြည့် Westminster ခန်းမကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ၁၉ ရက်နေ့ မနက် မှာတော့ နိုင်ငံတော်ဈာပန အခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ နိုင်ငံတော်ဈာပန အခမ်းအနားကိုတော့ တော်ဝင်မိသားစုဝင်တွေနဲ့ ဗြိတိန်အစိုးရတာဝန်ရှိသူတွေအပြင် ကမ္ဘာတဝန်းက နိုင်ငံခေါင်းဆောင်တွေနဲ့ တခြားကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို Windsor နန်းတော်ကို သယ်ဆောင်ပြီးတော့ သူမရဲ့ ကြင်ယာတော် တော်ဝင်မင်းသားကြီး Philip ရဲ့ အုတ်ဂူဘေးမှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG