သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘတ္ ကြယ္လြန္


(Zawgyi / Unicode)

သက္ေတာ္ ၉၆ ႏွစ္ရွိၿပီျဖစ္တဲ့ ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘတ္ ဟာ ၾကာသပေတးေန႔မွာပဲ ကြယ္လြန္သြားပါတယ္။

သတၱမေျမာက္ အက္ဒြက္ဘုရင္ ၁၉၃၆ ခုႏွစ္မွာ နန္းစြန္႔ခဲ့ရာက အ႐ိုက္အရာ ဆက္ခံခဲ့တဲ့ ညီျဖစ္သူ ဆဌမေျမာက္ ေဂ်ာ့ ဘုရင္ ၁၉၅၂ ခုႏွစ္မွာ ကြယ္လြန္ခဲ့ၿပီးေနာက္ သမီးေတာ္ အဲလိဇဘတ္ ဘုရင္မအျဖစ္ နန္းတက္ခဲ့တာပါ။ နန္းသက္ႏွစ္ ၇၀ ကာလအတြင္း အဲလိဇဘတ္ ဘုရင္မႀကီးဟာ ၀န္ႀကီးခ်ဳပ္ ၀င္စတန္ ခ်ာခ်ီလက္ထက္ကစ ၀န္ႀကီးခ်ဳပ္ ၁၅ ဦးနဲ႔ လက္တဲြ အလုပ္လုပ္ခဲ့ဖူးပါတယ္။

ဒုတိယကမာၻစစ္ၿပီးကာလ၊ စစ္ေအးကာလ၊ စီးပြားေရး ေခတ္ေကာင္း၊ ေခတ္ဆိုးကာလ၊ ေျမာက္အိုင္ယာလန္ ခဲြထြက္ေရး၊ ဥေရာပသမဂၢ (EU) ဖဲြ႕စည္းေရးနဲ႔ EU အဖဲြ႕၀င္အျဖစ္က ၿဗိတိန္ခဲြထြက္ေရး ေခတ္အဆက္ဆက္မွာ တိုင္းျပည္ကို ပဲ့ကိုင္ခဲ့သူလည္း ျဖစ္ခဲ့ပါတယ္။

ကမာၻ႔အင္အားႀကီး ႏိုင္ငံအျဖစ္ကေန ၾသဇာေမွးမွိန္လာခ်ိန္မွာ တိုင္းျပည္ကို ခိုင္မာအားေကာင္းေအာင္ က်ားကန္ေပးႏိုင္တဲ့ မ႑ိဳင္ႀကီး တခုအျဖစ္နဲ႔လည္း ၿဗိတိန္ႏိုင္ငံသား အမ်ားအျပားက ဘုရင္မႀကီးကို ရႈျမင္ၾကပါတယ္။ ကမာၻ႔ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ ဘုရင္စနစ္ ကြယ္ေပ်ာက္လာခ်ိန္ ၿဗိတိန္မွာ စည္းမ်ဥ္းခံ ဘုရင္စနစ္ကို ဆက္ထိန္းထားႏိုင္တဲ့အတြက္လည္း ေထာက္ခံသူေတြက ဘုရင္မႀကီးကို ေလးစားၾကပါတယ္။

ကြယ္လြန္သူ ဘုရင္မႀကီးဟာ ကမာၻတလႊား ခ်စ္ခင္ၾကည္ညိဳခံရသူ အျဖစ္နဲ႔လည္း ၀န္ႀကီးခ်ဳပ္သစ္ ျဖစ္လာတဲ့ Liz Truss က ၀မ္းနည္းစကား ေျပာရာမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ ဘုရင္မႀကီး ကြယ္လြန္သြားၿပီးေနာက္ သားေတာ္ျဖစ္သူ ခ်ားလ္စ္မင္းသား တတိယေျမာက္ ခ်ားလ္စ္ ဘုရင္အျဖစ္ ဆက္ခံေတာ့မွာ ျဖစ္ပါတယ္။

(Unicode)

ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ကွယ်လွန်

သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ဟာ ကြာသပတေးနေ့မှာပဲ ကွယ်လွန်သွားပါတယ်။

သတ္တမမြောက် အက်ဒွက်ဘုရင် ၁၉၃၆ ခုနှစ်မှာ နန်းစွန့်ခဲ့ရာက အရိုက်အရာ ဆက်ခံခဲ့တဲ့ ညီဖြစ်သူ ဆဌမမြောက် ဂျော့ ဘုရင် ၁၉၅၂ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးနောက် သမီးတော် အဲလိဇဘတ် ဘုရင်မအဖြစ် နန်းတက်ခဲ့တာပါ။ နန်းသက်နှစ် ၇၀ ကာလအတွင်း အဲလိဇဘတ် ဘုရင်မကြီးဟာ ဝန်ကြီးချုပ် ဝင်စတန် ချာချီလက်ထက်ကစ ဝန်ကြီးချုပ် ၁၅ ဦးနဲ့ လက်တွဲ အလုပ်လုပ်ခဲ့ဖူးပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ၊ စစ်အေးကာလ၊ စီးပွားရေး ခေတ်ကောင်း၊ ခေတ်ဆိုးကာလ၊ မြောက်အိုင်ယာလန် ခွဲထွက်ရေး၊ ဥရောပသမဂ္ဂ (EU) ဖွဲ့စည်းရေးနဲ့ EU အဖွဲ့ဝင်အဖြစ်က ဗြိတိန်ခွဲထွက်ရေး ခေတ်အဆက်ဆက်မှာ တိုင်းပြည်ကို ပဲ့ကိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်ကနေ သြဇာမှေးမှိန်လာချိန်မှာ တိုင်းပြည်ကို ခိုင်မာအားကောင်းအောင် ကျားကန်ပေးနိုင်တဲ့ မဏ္ဍိုင်ကြီး တခုအဖြစ်နဲ့လည်း ဗြိတိန်နိုင်ငံသား အများအပြားက ဘုရင်မကြီးကို ရှုမြင်ကြပါတယ်။

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ဘုရင်စနစ် ကွယ်ပျောက်လာချိန် ဗြိတိန်မှာ စည်းမျဉ်းခံ ဘုရင်စနစ်ကို ဆက်ထိန်းထားနိုင်တဲ့အတွက်လည်း ထောက်ခံသူတွေက ဘုရင်မကြီးကို လေးစားကြပါတယ်။

ကွယ်လွန်သူ ဘုရင်မကြီးဟာ ကမ္ဘာတလွှား ချစ်ခင်ကြည်ညိုခံရသူ အဖြစ်နဲ့လည်း ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ Liz Truss က ဝမ်းနည်းစကား ပြောရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဘုရင်မကြီး ကွယ်လွန်သွားပြီးနောက် သားတော်ဖြစ်သူ ချားလ်စ်မင်းသား တတိယမြောက် ချားလ်စ် ဘုရင်အဖြစ် ဆက်ခံတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG