(ZawGyi/ Unicode)
ဧျပီလ ၂၁ ရက္ေန႔က သက္ေတာ္ ၉ ၄ ႏွစ္ျပည့္သြားတဲ့ ျဗိတိန္ဘုရင္မၾကီး ဒုတိယေျမာက္ အဲလိဇဘက္သ္ဟာ ျဗိတိန္သမိုင္းမွာေတာ့ နန္းသက္အရွည္ၾကာဆံုးနဲ႔ သက္ေတာ္အရွည္ဆံုး ဘုရင္မၾကီးပဲျဖစ္ပါတယ္။ သူ႔ရဲ႕ အျမင္က်ယ္မႈ နဲ႔ ႏို္င္ငံေရးအရ ဘက္လိုက္မႈကင္းကင္း ရပ္တည္တာေတြ၊ ေခတ္နဲ႔အညီ အေျပာင္းအလဲေတြကို လိုက္ပါလုပ္ေဆာင္ႏုိင္ျပီး ျဗိတိန္အပါအ၀င္ ဓနသဟာရ ႏုိင္ငံေတြကို တစုတစည္းတည္း ဦးေဆာင္မႈေပးႏုိင္တာေတြေၾကာင့္ အမ်ားက အသိအမွတ္ျပဳ ခ်စ္ခင္ေလးစားတာကို ခံရတဲ့ ေခါင္းေဆာင္တဦးလည္းျဖစ္ပါတယ္။ သက္ေတာ္ ၉ ၀ ေက်ာ္လာတဲ့အထိ ႏိုင္ငံအၾကီးအကဲ တေယာက္အေနနဲ႔ တာ၀န္ေတြကို ထမ္းေဆာင္ေနဆဲျဖစ္ျပီး ျပည္သူေတြကို စိတ္ခြြန္အားေပးစြမ္းႏုိင္တဲ့ အမ်ိဳးသမီးေခါင္းေဆာင္တဦး၊ မိခင္တဦး၊ အဖြားေတာ္တဦးျဖစ္တဲ့ ဘုရင္မၾကီး အဲလိစ္ဇဘက္သ္အေၾကာင္းကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ျပထားပါတယ္။
ျဗိတိန္ဘုရင္မၾကီး အဲလိစ္ဇဘက္သ္လို႔ ေျပာလိုက္ရင္ သိသူ ရွားမယ္ မထင္ပါဘူး။ ငယ္ငယ္ရြြယ္ရြြယ္နဲ႔ ထီးနန္းအ႐ိုက္အရာကို ဆက္ခံခဲ့သူျဖစ္ျပီး နန္းသက္ကာလတေလွ်ာက္မွာလည္း သူ႔ရဲ႕ အလုပ္ၾကိဳးစားမႈ၊ စိတ္ဓာတ္ၾကံ့ခိုင္မႈ၊ အျမင္က်ယ္မႈ၊ သိကၡာၾကီးျမင့္မႈေတြေၾကာင့္ ျဗိတိန္နုိင္ငံသာမက ကမၻာ့ႏုိင္ငံေတြကပါ ေလးစားအသိအမွတ္ျပဳခံရတဲ့ အမ်ိဳးသမီးတဦးလည္း ျဖစ္ပါတယ္။
၁၉ ၂၆ ခုႏွစ္ ဧျပီလ ၂၁ ရက္ေန႔မွာ ဆဌမေျမာက္ George ဘုရင္ၾကီးနဲ႔ ပထမေျမာက္ အဲ့လိစ္ဇ္ဘက္ တို႔ရဲ႕ အၾကီးဆံုး သမီးေတာ္အျဖစ္ ေမြးဖြားလာခဲ့တဲ့ အဲလိစ္ဇဘက္သက္ဟာ အဖိုးျဖစ္သူ ပဥၥမေျမာက္ George ဘုရင္ၾကီး ၁၉ ၃၆ ခုႏွစ္မွာ နတ္ရြာစံခ်ိန္က အသက္ ၁၁ ႏွစ္သာ ရွိပါေသးတယ္။ ဦးၾကီးေတာ္ Edward နန္းတက္ခဲ့ေပမဲ့ နန္းသက္တမ္း တႏွစ္မျပည့္ခင္မွာပဲ အိမ္ေထာင္ကြဲ အေမရိကန္ကန္ အမ်ိဳးသမီးတေယာက္နဲ႔ လက္ထပ္ထိမ္းျမားဖို႔ၾကိဳးစားခဲ့ဲလို႔ အခ်ိန္တိုအတြင္းမွာ နန္းစြန္ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အဲလိစ္ဇဘက္သ္ရဲ႕ ခမည္းေတာ္ ဆဌမေျမာက္ George က ဘုရင္ျဖစ္လာခဲ့ျပီး ၁၁ ႏွစ္အရြယ္ မင္းသမီး အဲလိစ္ဇဘက္သ္ကေတာ့ ထီးနန္းအရိုက္အရာ ဆက္ခံရမယ့္ သူေတြထဲ ထိပ္ဆံုးကို ေရာက္လာခဲ့ပါတယ္။
မင္းသမီး အဲလိစ္ဇဘက္သက္ဟာ ခမည္းေတာ္ ဘုရင္ၾကီးနဲ႔အတူ ႏုိင္ငံ့တာ၀န္ေတြကို ငယ္ရြယ္စဥ္ကတည္းက ထမ္းရြက္ခဲ့သလုိ၊ အသက္ ၂၁ ႏွစ္အရြယ္ မင္းသမီးဘ၀မွာ ကတည္းက သူ႔ဘ၀ကို တိုင္းျပည္အတြက္ ေပးဆပ္မယ္လို႔ ကတိျပဳခဲ့သူပဲ ျဖစ္ပါတယ္။
" အားလံုးကို က်မ ကတိျပဳပါတယ္။ ဘ၀သက္တမ္း တိုသည္ျဖစ္ေစ ရွည္သည္ျဖစ္ေစ က်မ အသက္ရွင္ေနသေေရြ႕ ကာလပတ္လံုး ျပည္သူေတြအတြက္၊ ေတာ္၀င္မိသားစုအတြက္ အလုပ္အေကၽြး ျပဳသြားပါမယ္။ '''
၁၉ ၄၇ ခုႏွစ္ ႏို၀င္ဘာလ ၂၀ ရက္ေန႔မွာ မင္းသား Philip နဲ႔ လက္ထပ္ထိမ္းျမားခဲ့ျပီး သားသမီး ေလးေယာက္ ထြန္းကားခဲ့ပါတယ္။ ခမည္းေတာ္ ဆဌမေျမာက္ George ဘုရင္ၾကီး နတ္ရြာစံခဲ့ျပီးတဲ့ေနာက္၊ ေနာက္တႏွစ္ ၁၉ ၅၃ ခုႏွစ္ ဇြန္လ ၂ ရက္ေန႔မွာ ဘုရင္မ အဲလိစ္ဇဘက္သ္အျဖစ္ တရား၀င္ နန္းတက္ခဲ့တာ အခုဆိုရင္ နန္းသက္ ၆၇ ႏွစ္ရိွသြားျဖစ္ျပီး ျဗိတိန္သမုိင္းမွာေတာ့ နန္းသက္အရွည္ၾကာဆံုး ဘုရင္မၾကီးျဖစ္ပါတယ္။
စည္းမ်ဥ္းခံဘုရင္စနစ္ေအာက္မွာ တိုင္းျပည္ကို တိုက္႐ိုက္အုပ္ခ်ဳပ္ခြင့္အာဏာ မရွိေပမဲ့လို႔ ၊ ဘုရင္မၾကီးဟာ UK ႏုိင္ငံရဲ႕ အၾကီးအကဲျဖစ္တဲ့အျပင္ ယူေကအပါအ၀င္ ဓနသဟာရ ၁၆ ႏိုင္ငံရဲ႕ အၾကီးအကဲလည္း ျဖစ္ပါတယ္။ ဒါက ဂုဏ္ထူးေဆာင္ျပယုဂ္ သက္သက္လို႔ ဆိုႏိုင္ေပမဲ့လည္း တဘက္မွာ ျပည္သူျပည္သားေတြရဲ႕ ေလးစားခ်စ္ခင္ အသိအမွတ္ျပဳခံရသူျဖစ္သလို၊ သူ႔ရဲ႕ဦးေဆာင္မႈ အရွိန္အ၀ါက ၾကီးမားလွပါတယ္။ ဘုရင္မၾကီးဟာ သူ႔ရဲ႕ နန္းသက္ကာလအတြင္း ေခတ္နဲ႔မေလ်ာ္ညီတဲ့ ေတာ္၀င္အစဥ္အလာတခ်ိဳ႕ကို အျမင္က်ယ္က်ယ္နဲ႔ ေျပာင္းလဲခဲ့တာေၾကာင့္ ဘုရင္စနစ္ကို မလိုလားၾကတဲ့သူေတြေတာင္ ဘုရင္မၾကီးကိုေတာ့ ေလးစားအသိအမွတ္ ျပဳၾကတယ္လုိ႔ လန္ဒန္ျမိဳ႕မွာ ေနထိုင္တဲ့ မ၀ါ၀ါစုိးက ေျပာပါတယ္။
'' ဘုရင္မၾကီးကို အစ္မ အေနနဲ႔ကေတာ့ ေလးစားဖို႔ေကာင္ျပီးေတာ့ သိကၡာသမာဓိ ရွိတဲ့သူ တေယာက္အျဖစ္ ျမင္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူက ေတာ္၀င္မိသားစုရဲ႕ ထံုးတမ္းစဥ္လာတခ်ိဳ႕ကို modernization သူ လုပ္တယ္။ အရင္တုန္းကဆုိလို႔ရွိရင္ ေတာ္၀င္မိသားစု ေတြက အစိုးရကို အခြန္ေငြေတြဘာေတြ ေပးစရာမလိုဘူးေလ။ ဒါေပမဲ့ သူကက်ေတာ့ ၁၉ ၉ ၂ ခုနွစ္ေလာက္မွာ စျပီးေတာ့ သူက ဆံုးျဖတ္တယ္။ သူ႔မွာ ေျမယာ လုပ္ငန္း ပိုင္ဆိုင္မႈေတြ ရွိတယ္ေလ။ အဲ့ဒီကေန ၀င္ေငြမွန္သမ ွ်ကို သာမန္လူေတြလိုပဲ အစိုးရကို အခြန္ေပးမယ္ဆိုျပီး ဆံုးျဖတ္ျပီး စလုပ္တယ္။ အဲ့ဒါမ်ိဳးေတြေပါ့။ ေနာက္တခုက သူနန္းစံတဲ့ကာလအတြင္းမွာ အျခား ဥေရာပမွာရွိတဲ့ ေတာ္၀င္မိသားစုေတြ ကေနျပီးေတာ့ အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြနဲ႔ တန္းတူ အခြင့္အေရး ေပးလာတယ္ေလ။ အရင္တုန္းကဆိုရင္ ေမြးထားတဲ့သားေတြသာလ်င္ ဘုရင္ျဖစ္ခြင့္ရွိတယ္တို႔ ဘာတို႔။ အဲ့ဒါမ်ိဳးေတြ ေတာ္ေတာ္မ်ားမ်ားက ဥေရာပမွာရွိတဲ့ ေတာ္၀င္ဘုရင္မိသားစုေတြ အကုန္လံုးက အဲ့ဒါေတြ ရွိတယ္ေလ။ ဒါေပမဲ့ ဒီဘုရင္မၾကီးကေန စျပီးေတာ့ ၂၀၁၁ ခုႏွစ္မွာ ပထမဆံုးေမြးတဲ့ မိန္းကေလးဆိုရင္လည္း ဘုရင္မ လုပ္ခြင့္ရွိတယ္ဆိုျပီး ေရွးအစဥ္အလာကို ပယ္ဖ်က္ျပီးေတာ့ သတ္မွတ္ခဲ့တယ္ေပါ့ေနာ္။ အဲ့ဒီအတြက္ေၾကာင့္ သူ႔အေနနဲ႔ အမ်ိဳးသမီးေတြအတြက္ကို ပိုျပီးေတာ့ မ ွ်တမႈရွိေအာင္ သူ လုပ္ေပးတယ္လို႔ ထင္တယ္။ အဲ့ဒီအတြက္ေတာ့ ေလးစားပါတယ္။ ''
ဘုရင္မၾကီးဟာ ျဗိတိန္ႏုိင္ငံေရးမွာလည္း ဘက္လိုက္မႈကင္းကင္း ရပ္တည္သူအျဖစ္ ထင္ရွားပါတယ္။ သူ႔နန္းသက္ကာလအတြင္း ျဗိတိန္မွာ ၀န္ႀကီးခ်ဳပ္ ၁၄ ဦးေျပာင္းခဲ့ျပီးျဖစ္သလို၊ ႏုိင္ငံေရး အယူအဆ အမ်ိဳးမ်ိဳးနဲ႔ ေခါင္းေဆာင္အမ်ိဳးမ်ိဳး ၾကံဳရေပမဲ့ ဘယ္ႏုိင္ငံေရးပုဂိၢဳလ္၊ ဘယ္ႏုိင္ငံေရးပါတီဘက္ကမွ ဘက္လိုက္ေျပာဆိုခဲ့တာ မရွိခဲ့ပါဘူး။ ဒီလို ရပ္တည္တဲ့အတြက္ေၾကာင့္ပဲ သူ႔ရဲ႕ ၾသဇာအရွိန္အ၀ါကို ပိုျပီး အားေကာင္းေစခဲ့တယ္လုိ႔ မွတ္ခ်က္ေပးသူကေတာ့ ျဗိတိန္၀န္ၾကီးခ်ဳပ္ေတြရဲ႕ အေၾကာင္း၊ ေတာ္၀င္မိသားစုရဲ႕ အေၾကာင္းေတြကို စာအုပ္အေတာ္မ်ားမ်ား ေရးသားခဲ့သူလည္းျဖစ္၊ ႏိုိင္ငံေရး သတင္းေထာက္တဦးလည္းျဖစ္တဲ့ Andrew Gimson ပါ။
'' တနည္းအားျဖင့္ေျပာရရင္ေတာ့ သူက ၾသဇာအရွိန္အ၀ါၾကီးတဲ့ အေရးပါ အရာေရာက္တဲ့သူ တဦးပါ။ ဒါေပမဲ့ သူ႔ရဲ႕ ၾသဇာအရွိန္အဝါကို အသုံးျပဳဖို႔ ဘယ္တုန္းကမွ မႀကိဳးစားခဲ့တာေၾကာင့္ကိုပဲ အဲ့ဒီလို အေရးပါသူ အရွိန္အ၀ါၾကီးသူတေယာက္ သူ႔ကို ပိုျဖစ္ေစတာပါပဲ။ ဘက္လိုက္မႈ ကင္းတဲ့ ဘုရင္မတပါး ပါ။ ''
လူသားတေယာက္အေနနဲ႔၊ ႏုိင္ငံအၾကီးအကဲ တေယာက္အေနနဲ႔ ေ၀ဖန္တိုက္ခိုက္ခံရတာေတြ၊ ႏုိင္ငံမွာၾကံဳေတြ႔ရတဲ့ အက်ပ္အတည္းေတြ၊ ေက်ကြြဲ၀မ္းနည္းစရာ အျဖစ္ဆိုးေတြ၊ မိသားစုေရးရာကိစၥေတြကို ဘုရင္မၾကီးလည္း ၾကံဳရပါတယ္။ သားေတာ္ ခ်ားစ္ မင္းသားနဲ႔ မင္းသမီး ဒိုင္ယာနာတို႔ အိမ္ေထာင္ေရးျပႆနာေတြျဖစ္ခဲ့ျပီး ေနာက္ဆံုး ဒိုင္ယာနာ မင္းသမီး ကြယ္လြန္ခဲ့ခ်ိန္တုန္းက ေ၀ဖန္မႈေတြ ျပင္းျပင္းထန္ထန္ ၾကံဳခဲ့ရသလို၊ ဒီလိုသားေတာ္ သမီးေတာ္ေတြ၊ ေျမးေတာ္ေတြနဲ႔ ပတ္သက္တဲ့ မိသားစုေရးရာ အေတာ္မ်ားမ်ားကို ဘုရင္မၾကီးက တည္တည္ျငိမ္ျငိမ္နဲ႔ ဂုဏ္သိကၡာရွိရွိ ထိန္းသိမ္း ကိုင္တြယ္ႏုိင္ခဲ့ပါတယ္။ ဒီအခ်က္ကလည္း ဘုရင္မၾကီး နဲ႔ပတ္သက္လုိ႔ အမ်ား အသိအမွတ္ျပဳတဲ့ အခ်က္တခုျဖစ္တယ္လို႔ မ၀ါ၀ါစိုးက ေျပာပါတယ္။
'' မိသားစုတိုင္းကေတာ့ ျပႆနာရွိတာပဲေလ။ သားသမီးျပႆနာ၊ ေျမးျပႆနာ အဲ့ဒါမ်ိဳးေတြ ရွိတယ္။ ဒါေပမဲ့ အဲ့ဒီလိုျပႆနာေတြကိုလည္း သူက သိကၡာသမာဓိရွိရွိနဲ႔ ထိန္းသိမ္းႏိုင္တယ္။ မိဘတေယာက္၊ အမ်ိဳးသမီးတေယာက္အေနနဲ႔ တိုင္းျပည္ကို တာ၀န္ရွိစြာနဲ႔ ၀ိုင္းျပီးေတာ့ ျဖည့္ဆည္းေပးႏုိင္သလို၊ သူ႔ရဲ႕မိသားစုကိုလည္း သူက ထိန္းခ်ဳပ္ထားႏုိင္တယ္ေပါ့ေနာ္။ လြန္ခဲ့တဲ့ မၾကာခင္တုန္းက ျဖစ္ခဲ့တဲ့ ျပႆနာ ဆိုလို႔ရွိရင္၊ သူ႔ရဲ႕ေျမး ဟယ္ရီနဲ႔ မယ္ဂန္ တို႔ ျဖစ္တဲ့ကိစၥဆိုရင္လည္း သူက ကိုင္တြယ္တဲ့ေနရာမွာ သေဘာက်စရာေကာင္းတာေပါ့ေနာ္။ '''
ျဗိတိန္ႏုိင္ငံရဲ႕ အၾကီးအကဲ တေယာက္အေနနဲ႔ ႏုိင္ငံေပါင္း ၁၀၀ ေက်ာ္ကို သံတမန္ ခ်စ္ၾကည္ေရး ခရီးစဥ္ေတြ သြားေရာက္ခဲ့သလို၊ ႏုိင္ငံ့ေခါင္းေဆာင္ အမ်ားအျပားနဲ႔ ေတြ႔ဆံုခဲ့ျပီး ျဗိတိန္ကိုလာေရာက္တဲ့ ႏုိင္ငံ့အၾကီးအကဲေတြ ကိုလည္း ျပဴငွာစြာ ၾကိဳဆို လက္ခံေတြ႔ဆံုေလ့ရွိတာမို႔ ကမၻာ့ေခါင္းေဆာင္ေတြၾကားမွာလည္း ေလးစားခ်င္ခင္ခံရသူ ျဖစ္ပါတယ္။ ဘုရင္မၾကီးဟာ သက္ေတာ္ၾကီးရင့္လာေပမဲ့၊ သူ႔ရဲ႕ စြမ္းေဆာင္ရည္အား ကေတာ့ က်မသြားဘူးလို႔ ျဗိတိန္ႏုိင္ငံသူတဦးကလည္း ခုလို ေျပာပါတယ္။
'' သူ ဆက္ျပီးေတာ့ အေကာင္းဆံုးေတြကို လုပ္သြားႏုိင္ဦးမယ္လို႔ က်မေတာ့ ထင္ပါတယ္။ အသက္အရြယ္နဲ႔ မဆိုင္ပါဘူး။ သူက အသက္ၾကီးေလ ပိုျပီး ခြန္အားၾကီးလာေလ ပါပဲ။ ''
လတ္တေလာ ျဗိတိန္အပါအ၀င္ ကမၻာနဲ႔အ၀ွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးဒဏ္ကို အလူးအလဲ ခံေနရတဲ့အခ်ိန္မွာလည္း ဘုရင္မၾကီးက - ျပည္သူေတြအတြက္ စိတ္ခြန္အားျဖစ္ေစမယ့္ အားေပးစကားေတြ ေျပာၾကားခဲ့ပါတယ္။
"ဒီေရာဂါကို က်မတို႔ အတူတကြ ရင္ဆုိင္ တိုက္ဖ်က္ေနၾကပါတယ္။ က်မတို႔အားလံုး ညီညီညြတ္ညြြတ္နဲ႔ အခိုင္အမာ ဆံုးျဖတ္ လုပ္ေဆာင္သြြားၾကမယ္ဆိုရင္ ဒီေရာဂါဆိုးၾကီးကို ေက်ာ္လႊားႏိုင္မွာ မုခ်ပါပဲ။ ေနာင္လာမယ့္ႏွစ္ေတြက်ရင္ ဒီအခက္အခဲ စိန္ေခၚမႈၾကီးကို ဘယ္လိုကိုင္တြယ္ ေျဖရွင္းႏိုင္ခဲ့တယ္ ဆုိတာက လူတိုင္း ဂုဏ္ယူစရာ ျဖစ္လာပါလိမ့္မယ္။ ဒီကေန႔ေခတ္ ျဗိတိန္သားေတြဟာ တကယ့္ကို ၾကံ့ခိုင္သူေတြျဖစ္ၾကတယ္ဆုိတာကို ေနာင္လာေနာက္သားေတြကလည္း ေျပာလာၾကပါလိ့မ္မယ္။ ''
ဧျပီလ ၂၀ ရက္ေန႔က တႏုိင္ငံလံုးကို တိုက္႐ိုက္ထုတ္လႊင့္တဲ့ ႐ုပ္သံမိန္႔ခြန္းမွာ ဘုရင္မၾကီး အဲလိစ္ဇဘက္သ္ က ျပည္သူေတြကို ခုလို အားေပစကား ေျပာခဲ့သလိုပဲ၊ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးနဲ႔ ကာကြယ္ ကုသေရးေတြြမွာ ေရွ႕တန္းကေန ပါ၀င္ေနၾကတဲ့ က်န္းမာေရး၀န္ထမ္းေတြကိုလည္း ဂုဏ္ျပဳ စကား ေျပာၾကားခဲ့ပါတယ္။
ျဗိတိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ တသိန္းေက်ာ္နဲ႔ ေသဆံုးသူ ၂ ေသာင္းနီးပါး ရွိေနျပီး လူေတြရဲဲ႕ က်န္းမာေရးနဲ႔ စား၀တ္ေနေရး ဘ၀ေတြမွာ အေျပာင္းအလဲေတြ ၾကံဳလာေနရတာပါ။ ဒီလိုအခ်ိန္မ်ိဳးမွာ က်ေရာက္တဲ့ သူ႔ရဲ႕ ၉ ၄ ျပည့္ ေမြးေန႔ကိုေတာ့ ဘုရင္မၾကီးက တိတ္တဆိတ္ပဲ ျဖတ္သန္းခဲ့ပါတယ္။ ပံုမွန္အားျဖင့္ဆိုရင္ေတာ့ ဘုရားေက်ာင္းေတြမွာ ေခါင္းေလာင္းေတြ ညံျပီး အေျမွာက္ေတြ ပစ္ေဖာက္ ဂုဏ္ျပဳရင္း ဘုရင္မၾကီးရဲ႕ ေမြးေန႔ကို ဆင္္ႏႊဲေလ့ရွိၾက ေပမဲ့လို႔ ဒီႏွစ္မွာေတာ့ ျပည္သူေတြ ဒုကၡၾကံဳေတြ႔ေနရခ်ိန္မွာ ဒါေတြက မသင့္ေလ်ာ္ဘူးလို႔ ဆိုျပီး အစဥ္အလာအတိုင္း မလုပ္ဖို႔ ဘုရင္မၾကီးက ဆံုးျဖတ္ခဲ့တာပါ။ ဒီလိုဆံုးျဖတ္မႈမ်ိဳးကလည္း ေလးစား အသိအမွတ္ျပဳစရာေကာင္းသလို၊ ဘုရင္မၾကီးဟာ အဲ့လိစ္ဇဘက္သ္ဟာ ျပည္သူေတြအတြက္ တာ၀န္ေက်တဲ့ ဘုရင္မၾကီးပါပဲလို႔ မ၀ါ၀ါစိုးက ေျပာပါတယ္။
'' ဒီလိုအခ်ိန္မ်ိဳးမွာ သူက မားမားမတ္မတ္ရပ္တည္ျပီးေတာ့ တိုင္းျပည္ကို ဒီလိုမိန္႔ခြန္းေတြ ဘာေတြေပးျပီး တိုင္းျပည္ကို စည္းလံုညီညြတ္ေအာင္ ေနဖို႔အတြက္ ေျပာၾကားတာကေတာ့ ဒါ ေတာ္ေတာ္ေလးကို တိုင္းျပည္အတြက္ အားရစရာေပါ့ေနာ္။ တာ၀န္ကေတာ့ တကယ္ကိုေက်တဲ့ ဘုရင္မၾကီးပါ။ သူက တိုင္းျပည္ကိုလည္း တကယ္ကို မ်ိဳးခ်စ္စိတ္လည္း ရွိတယ္။ သူ႔ရဲ႕လုပ္ေဆာင္မႈေတြက အရမ္းကိုေပၚထင္ပါတယ္။ ဒါေၾကာင့္မို႔လဲ ေတာ္႐ံုတန္႐ံု ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္။ ဒီႏိုင္ငံမွာရွိတဲ့သူေတြက ေတာ္၀င္မိသားစုေတြရဲ႕ စနစ္ကို မၾကိဳက္တဲ့သူေတြ အမ်ားၾကီးရွိတယ္။ ဒါေပမဲ့ အဲ့ဒီလူေတြကေတာင္ ဘုရင္မၾကီးကိုေတာ့ သူတို႔ၾကိဳက္ၾကတယ္။ ဘုရင္မၾကီးကို သူတို႔ေလးစားတာကိုေတာ့ ေတာ္ေတာ္ေလး ျပၾကပါတယ္။ ''
ကေလး ၄ ေယာက္မိခင္၊ ေျမး ၈ ေယာက္နဲ႔ ျမစ္ ၈ ေယာက္ တို႔ရဲ႕ အဖြား ျဖစ္သူ ဘုရင္မၾကီး အဲလိစ္ဇဘက္သ္ဟာ ေတာ္၀င္မိသားစုတာ၀န္ေတြကို မလစ္ဟင္းရေအာင္ စြမ္းေဆာင္တဲ့တခ်ိန္တည္းမွာ ႏုိင္ငံ့အၾကီးအကဲ တေယာက္အေနနဲ႔ ျပည္သူေတြကို တစည္းတလံုးတည္း ဦးေဆာင္မႈေပးႏုိင္ေအာင္ မဆုတ္မနစ္ ခြန္အားစိုက္ထုတ္ခဲ့သူျဖစ္တယ္ဆိုတာကေတာ့ သူ႔ရဲ႕ ေဆာင္ရြက္ခ်က္ေတြ၊ ျပည္သူေတြရဲ႕ အသိအမွတ္ျပဳမႈေတြက သက္ေသခံေနပါတယ္။
ႏိုင္ငံေရးမွာ ဘက္လိုက္မႈကင္းကင္း ရပ္တည္သလို၊ မိသားစုေရးရာေတြမွာလည္း ဂုဏ္သိကၡာရွိရွိိနဲ႔ တည္တည္ျငိမ္ျငိမ္ ေျဖရွင္းႏုိင္သူ၊ ျပည္သူျပည္သားေတြအတြက္ စိတ္ခြန္အားေပး စြမ္းႏုိင္သူ၊ အလ်င္အျမန္ ေျပာင္းလဲလာေနတဲ့ ေခတ္ၾကီးမွာ ေခတ္နဲ႔ လိုက္ေလ်ာ္ညီေထြတဲ့ အေျပာင္းအလဲေတြကို အျမင္က်ယ္က်ယ္နဲ႔ စြမ္းေဆာင္ႏိုင္သူအျဖစ္ အသိအမွတ္ျပဳခံရတဲ့ ျဗိတိန္ဘုရင္မၾကီး အဲလိစ္ဇဘက္သ္ဟာ ေလးစား အတုယူစရာ အမ်ိဳးသမီး ေခါင္းေဆာင္တေယာက္ ျဖစ္တယ္ဆုိတာကို တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါ။
--------------------------------------------------
[Unicode Version]
ဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက်သ် (အမျိုးသမီးကဏ္ဍ)
ဧပြီလ ၂၁ ရက်နေ့က သက်တော် ၉ ၄ နှစ်ပြည့်သွားတဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက်သ်ဟာ ဗြိတိန်သမိုင်းမှာတော့ နန်းသက်အရှည်ကြာဆုံးနဲ့ သက်တော်အရှည်ဆုံး ဘုရင်မကြီးပဲဖြစ်ပါတယ်။ သူ့ရဲ့ အမြင်ကျယ်မှု နဲ့ နိုင်ငံရေးအရ ဘက်လိုက်မှုကင်းကင်း ရပ်တည်တာတွေ၊ ခေတ်နဲ့အညီ အပြောင်းအလဲတွေကို လိုက်ပါလုပ်ဆောင်နိုင်ပြီး ဗြိတိန်အပါအဝင် ဓနသဟာရ နိုင်ငံတွေကို တစုတစည်းတည်း ဦးဆောင်မှုပေးနိုင်တာတွေကြောင့် အများက အသိအမှတ်ပြု ချစ်ခင်လေးစားတာကို ခံရတဲ့ ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။ သက်တော် ၉ ဝ ကျော်လာတဲ့အထိ နိုင်ငံအကြီးအကဲ တယောက်အနေနဲ့ တာဝန်တွေကို ထမ်းဆောင်နေဆဲဖြစ်ပြီး ပြည်သူတွေကို စိတ်ခွန်အားပေးစွမ်းနိုင်တဲ့ အမျိုးသမီးခေါင်းဆောင်တဦး၊ မိခင်တဦး၊ အဖွားတော်တဦးဖြစ်တဲ့ ဘုရင်မကြီး အဲလိစ်ဇဘက်သ်အကြောင်းကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဲဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက်သ်လို့ ပြောလိုက်ရင် သိသူ ရှားမယ် မထင်ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့သူဖြစ်ပြီး နန်းသက်ကာလတလေ ျှာက်မှာလည်း သူ့ရဲ့ အလုပ်ကြိုးစားမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အမြင်ကျယ်မှု၊ သိက္ခာကြီးမြင့်မှုတွေကြောင့် ဗြိတိန်နိုင်ငံသာမက ကမ္ဘာ့နိုင်ငံတွေကပါ လေးစားအသိအမှတ်ပြုခံရတဲ့ အမျိုးသမီးတဦးလည်း ဖြစ်ပါတယ်။
၁၉ ၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ဆဌမမြောက် George ဘုရင်ကြီးနဲ့ ပထမမြောက် အဲ့လိစ်ဇ်ဘက် တို့ရဲ့ အကြီးဆုံး သမီးတော်အဖြစ် မွေးဖွားလာခဲ့တဲ့ အဲလိစ်ဇဘက်သက်ဟာ အဖိုးဖြစ်သူ ပဉ္စမမြောက် George ဘုရင်ကြီး ၁၉ ၃၆ ခုနှစ်မှာ နတ်ရွာစံချိန်က အသက် ၁၁ နှစ်သာ ရှိပါသေးတယ်။ ဦးကြီးတော် Edward နန်းတက်ခဲ့ပေမဲ့ နန်းသက်တမ်း တနှစ်မပြည့်ခင်မှာပဲ အိမ်ထောင်ကွဲ အမေရိကန်ကန် အမျိုးသမီးတယောက်နဲ့ လက်ထပ်ထိမ်းမြားဖို့ကြိုးစားခဲ့ဲလို့ အချိန်တိုအတွင်းမှာ နန်းစွန်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အဲလိစ်ဇဘက်သ်ရဲ့ ခမည်းတော် ဆဌမမြောက် George က ဘုရင်ဖြစ်လာခဲ့ပြီး ၁၁ နှစ်အရွယ် မင်းသမီး အဲလိစ်ဇဘက်သ်ကတော့ ထီးနန်းအရိုက်အရာ ဆက်ခံရမယ့် သူတွေထဲ ထိပ်ဆုံးကို ရောက်လာခဲ့ပါတယ်။
မင်းသမီး အဲလိစ်ဇဘက်သက်ဟာ ခမည်းတော် ဘုရင်ကြီးနဲ့အတူ နိုင်ငံ့တာဝန်တွေကို ငယ်ရွယ်စဉ်ကတည်းက ထမ်းရွက်ခဲ့သလို၊ အသက် ၂၁ နှစ်အရွယ် မင်းသမီးဘဝမှာ ကတည်းက သူ့ဘဝကို တိုင်းပြည်အတွက် ပေးဆပ်မယ်လို့ ကတိပြုခဲ့သူပဲ ဖြစ်ပါတယ်။
" အားလုံးကို ကျမ ကတိပြုပါတယ်။ ဘဝသက်တမ်း တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ ကျမ အသက်ရှင်နေသေရွေ့ ကာလပတ်လုံး ပြည်သူတွေအတွက်၊ တော်ဝင်မိသားစုအတွက် အလုပ်အကျွေး ပြုသွားပါမယ်။ '''
၁၉ ၄၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ မင်းသား Philip နဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး သားသမီး လေးယောက် ထွန်းကားခဲ့ပါတယ်။ ခမည်းတော် ဆဌမမြောက် George ဘုရင်ကြီး နတ်ရွာစံခဲ့ပြီးတဲ့နောက်၊ နောက်တနှစ် ၁၉ ၅၃ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ဘုရင်မ အဲလိစ်ဇဘက်သ်အဖြစ် တရားဝင် နန်းတက်ခဲ့တာ အခုဆိုရင် နန်းသက် ၆၇ နှစ်ရှိသွားဖြစ်ပြီး ဗြိတိန်သမိုင်းမှာတော့ နန်းသက်အရှည်ကြာဆုံး ဘုရင်မကြီးဖြစ်ပါတယ်။
စည်းမျဉ်းခံဘုရင်စနစ်အောက်မှာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခွင့်အာဏာ မရှိပေမဲ့လို့ ၊ ဘုရင်မကြီးဟာ UK နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့အပြင် ယူကေအပါအဝင် ဓနသဟာရ ၁၆ နိုင်ငံရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ ဒါက ဂုဏ်ထူးဆောင်ပြယုဂ် သက်သက်လို့ ဆိုနိုင်ပေမဲ့လည်း တဘက်မှာ ပြည်သူပြည်သားတွေရဲ့ လေးစားချစ်ခင် အသိအမှတ်ပြုခံရသူဖြစ်သလို၊ သူ့ရဲ့ဦးဆောင်မှု အရှိန်အဝါက ကြီးမားလှပါတယ်။ ဘုရင်မကြီးဟာ သူ့ရဲ့ နန်းသက်ကာလအတွင်း ခေတ်နဲ့မလျော်ညီတဲ့ တော်ဝင်အစဉ်အလာတချို့ကို အမြင်ကျယ်ကျယ်နဲ့ ပြောင်းလဲခဲ့တာကြောင့် ဘုရင်စနစ်ကို မလိုလားကြတဲ့သူတွေတောင် ဘုရင်မကြီးကိုတော့ လေးစားအသိအမှတ် ပြုကြတယ်လို့ လန်ဒန်မြို့မှာ နေထိုင်တဲ့ မဝါဝါစိုးက ပြောပါတယ်။
'' ဘုရင်မကြီးကို အစ်မ အနေနဲ့ကတော့ လေးစားဖို့ကောင်ပြီးတော့ သိက္ခာသမာဓိ ရှိတဲ့သူ တယောက်အဖြစ် မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက တော်ဝင်မိသားစုရဲ့ ထုံးတမ်းစဉ်လာတချို့ကို modernization သူ လုပ်တယ်။ အရင်တုန်းကဆိုလို့ရှိရင် တော်ဝင်မိသားစု တွေက အစိုးရကို အခွန်ငွေတွေဘာတွေ ပေးစရာမလိုဘူးလေ။ ဒါပေမဲ့ သူကကျတော့ ၁၉ ၉ ၂ ခုနှစ်လောက်မှာ စပြီးတော့ သူက ဆုံးဖြတ်တယ်။ သူ့မှာ မြေယာ လုပ်ငန်း ပိုင်ဆိုင်မှုတွေ ရှိတယ်လေ။ အဲ့ဒီကနေ ဝင်ငွေမှန်သမ ျှကို သာမန်လူတွေလိုပဲ အစိုးရကို အခွန်ပေးမယ်ဆိုပြီး ဆုံးဖြတ်ပြီး စလုပ်တယ်။ အဲ့ဒါမျိုးတွေပေါ့။ နောက်တခုက သူနန်းစံတဲ့ကာလအတွင်းမှာ အခြား ဥရောပမှာရှိတဲ့ တော်ဝင်မိသားစုတွေ ကနေပြီးတော့ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးလာတယ်လေ။ အရင်တုန်းကဆိုရင် မွေးထားတဲ့သားတွေသာလျင် ဘုရင်ဖြစ်ခွင့်ရှိတယ်တို့ ဘာတို့။ အဲ့ဒါမျိုးတွေ တော်တော်များများက ဥရောပမှာရှိတဲ့ တော်ဝင်ဘုရင်မိသားစုတွေ အကုန်လုံးက အဲ့ဒါတွေ ရှိတယ်လေ။ ဒါပေမဲ့ ဒီဘုရင်မကြီးကနေ စပြီးတော့ ၂၀၁၁ ခုနှစ်မှာ ပထမဆုံးမွေးတဲ့ မိန်းကလေးဆိုရင်လည်း ဘုရင်မ လုပ်ခွင့်ရှိတယ်ဆိုပြီး ရှေးအစဉ်အလာကို ပယ်ဖျက်ပြီးတော့ သတ်မှတ်ခဲ့တယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့် သူ့အနေနဲ့ အမျိုးသမီးတွေအတွက်ကို ပိုပြီးတော့ မ ျှတမှုရှိအောင် သူ လုပ်ပေးတယ်လို့ ထင်တယ်။ အဲ့ဒီအတွက်တော့ လေးစားပါတယ်။ ''
ဘုရင်မကြီးဟာ ဗြိတိန်နိုင်ငံရေးမှာလည်း ဘက်လိုက်မှုကင်းကင်း ရပ်တည်သူအဖြစ် ထင်ရှားပါတယ်။ သူ့နန်းသက်ကာလအတွင်း ဗြိတိန်မှာ ဝန်ကြီးချုပ် ၁၄ ဦးပြောင်းခဲ့ပြီးဖြစ်သလို၊ နိုင်ငံရေး အယူအဆ အမျိုးမျိုးနဲ့ ခေါင်းဆောင်အမျိုးမျိုး ကြုံရပေမဲ့ ဘယ်နိုင်ငံရေးပုဂ္ဂိုလ်၊ ဘယ်နိုင်ငံရေးပါတီဘက်ကမှ ဘက်လိုက်ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။ ဒီလို ရပ်တည်တဲ့အတွက်ကြောင့်ပဲ သူ့ရဲ့ သြဇာအရှိန်အဝါကို ပိုပြီး အားကောင်းစေခဲ့တယ်လို့ မှတ်ချက်ပေးသူကတော့ ဗြိတိန်ဝန်ကြီးချုပ်တွေရဲ့ အကြောင်း၊ တော်ဝင်မိသားစုရဲ့ အကြောင်းတွေကို စာအုပ်အတော်များများ ရေးသားခဲ့သူလည်းဖြစ်၊ နိုင်ငံရေး သတင်းထောက်တဦးလည်းဖြစ်တဲ့ Andrew Gimson ပါ။
'' တနည်းအားဖြင့်ပြောရရင်တော့ သူက သြဇာအရှိန်အဝါကြီးတဲ့ အရေးပါ အရာရောက်တဲ့သူ တဦးပါ။ ဒါပေမဲ့ သူ့ရဲ့ သြဇာအရှိန်အဝါကို အသုံးပြုဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့တာကြောင့်ကိုပဲ အဲ့ဒီလို အရေးပါသူ အရှိန်အဝါကြီးသူတယောက် သူ့ကို ပိုဖြစ်စေတာပါပဲ။ ဘက်လိုက်မှု ကင်းတဲ့ ဘုရင်မတပါး ပါ။ ''
လူသားတယောက်အနေနဲ့၊ နိုင်ငံအကြီးအကဲ တယောက်အနေနဲ့ ဝေဖန်တိုက်ခိုက်ခံရတာတွေ၊ နိုင်ငံမှာကြုံတွေ့ရတဲ့ အကျပ်အတည်းတွေ၊ ကျေကွဲဝမ်းနည်းစရာ အဖြစ်ဆိုးတွေ၊ မိသားစုရေးရာကိစ္စတွေကို ဘုရင်မကြီးလည်း ကြုံရပါတယ်။ သားတော် ချားစ် မင်းသားနဲ့ မင်းသမီး ဒိုင်ယာနာတို့ အိမ်ထောင်ရေးပြဿနာတွေဖြစ်ခဲ့ပြီး နောက်ဆုံး ဒိုင်ယာနာ မင်းသမီး ကွယ်လွန်ခဲ့ချိန်တုန်းက ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ကြုံခဲ့ရသလို၊ ဒီလိုသားတော် သမီးတော်တွေ၊ မြေးတော်တွေနဲ့ ပတ်သက်တဲ့ မိသားစုရေးရာ အတော်များများကို ဘုရင်မကြီးက တည်တည်ငြိမ်ငြိမ်နဲ့ ဂုဏ်သိက္ခာရှိရှိ ထိန်းသိမ်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒီအချက်ကလည်း ဘုရင်မကြီး နဲ့ပတ်သက်လို့ အများ အသိအမှတ်ပြုတဲ့ အချက်တခုဖြစ်တယ်လို့ မဝါဝါစိုးက ပြောပါတယ်။
'' မိသားစုတိုင်းကတော့ ပြဿနာရှိတာပဲလေ။ သားသမီးပြဿနာ၊ မြေးပြဿနာ အဲ့ဒါမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလိုပြဿနာတွေကိုလည်း သူက သိက္ခာသမာဓိရှိရှိနဲ့ ထိန်းသိမ်းနိုင်တယ်။ မိဘတယောက်၊ အမျိုးသမီးတယောက်အနေနဲ့ တိုင်းပြည်ကို တာဝန်ရှိစွာနဲ့ ဝိုင်းပြီးတော့ ဖြည့်ဆည်းပေးနိုင်သလို၊ သူ့ရဲ့မိသားစုကိုလည်း သူက ထိန်းချုပ်ထားနိုင်တယ်ပေါ့နော်။ လွန်ခဲ့တဲ့ မကြာခင်တုန်းက ဖြစ်ခဲ့တဲ့ ပြဿနာ ဆိုလို့ရှိရင်၊ သူ့ရဲ့မြေး ဟယ်ရီနဲ့ မယ်ဂန် တို့ ဖြစ်တဲ့ကိစ္စဆိုရင်လည်း သူက ကိုင်တွယ်တဲ့နေရာမှာ သဘောကျစရာကောင်းတာပေါ့နော်။ '''
ဗြိတိန်နိုင်ငံရဲ့ အကြီးအကဲ တယောက်အနေနဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်ကို သံတမန် ချစ်ကြည်ရေး ခရီးစဉ်တွေ သွားရောက်ခဲ့သလို၊ နိုင်ငံ့ခေါင်းဆောင် အများအပြားနဲ့ တွေ့ဆုံခဲ့ပြီး ဗြိတိန်ကိုလာရောက်တဲ့ နိုင်ငံ့အကြီးအကဲတွေ ကိုလည်း ပြူငှာစွာ ကြိုဆို လက်ခံတွေ့ဆုံလေ့ရှိတာမို့ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာလည်း လေးစားချင်ခင်ခံရသူ ဖြစ်ပါတယ်။ ဘုရင်မကြီးဟာ သက်တော်ကြီးရင့်လာပေမဲ့၊ သူ့ရဲ့ စွမ်းဆောင်ရည်အား ကတော့ ကျမသွားဘူးလို့ ဗြိတိန်နိုင်ငံသူတဦးကလည်း ခုလို ပြောပါတယ်။
'' သူ ဆက်ပြီးတော့ အကောင်းဆုံးတွေကို လုပ်သွားနိုင်ဦးမယ်လို့ ကျမတော့ ထင်ပါတယ်။ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ သူက အသက်ကြီးလေ ပိုပြီး ခွန်အားကြီးလာလေ ပါပဲ။ ''
လတ်တလော ဗြိတိန်အပါအဝင် ကမ္ဘာနဲ့အဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဒဏ်ကို အလူးအလဲ ခံနေရတဲ့အချိန်မှာလည်း ဘုရင်မကြီးက - ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။
"ဒီရောဂါကို ကျမတို့ အတူတကွ ရင်ဆိုင် တိုက်ဖျက်နေကြပါတယ်။ ကျမတို့အားလုံး ညီညီညွတ်ညွတ်နဲ့ အခိုင်အမာ ဆုံးဖြတ် လုပ်ဆောင်သွားကြမယ်ဆိုရင် ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်မှာ မုချပါပဲ။ နောင်လာမယ့်နှစ်တွေကျရင် ဒီအခက်အခဲ စိန်ခေါ်မှုကြီးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းနိုင်ခဲ့တယ် ဆိုတာက လူတိုင်း ဂုဏ်ယူစရာ ဖြစ်လာပါလိမ့်မယ်။ ဒီကနေ့ခေတ် ဗြိတိန်သားတွေဟာ တကယ့်ကို ကြံ့ခိုင်သူတွေဖြစ်ကြတယ်ဆိုတာကို နောင်လာနောက်သားတွေကလည်း ပြောလာကြပါလိ့မ်မယ်။ ''
ဧပြီလ ၂၀ ရက်နေ့က တနိုင်ငံလုံးကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာ ဘုရင်မကြီး အဲလိစ်ဇဘက်သ် က ပြည်သူတွေကို ခုလို အားပေစကား ပြောခဲ့သလိုပဲ၊ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ကာကွယ် ကုသရေးတွေမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဂုဏ်ပြု စကား ပြောကြားခဲ့ပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တသိန်းကျော်နဲ့ သေဆုံးသူ ၂ သောင်းနီးပါး ရှိနေပြီး လူတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေး ဘဝတွေမှာ အပြောင်းအလဲတွေ ကြုံလာနေရတာပါ။ ဒီလိုအချိန်မျိုးမှာ ကျရောက်တဲ့ သူ့ရဲ့ ၉ ၄ ပြည့် မွေးနေ့ကိုတော့ ဘုရင်မကြီးက တိတ်တဆိတ်ပဲ ဖြတ်သန်းခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဘုရားကျောင်းတွေမှာ ခေါင်းလောင်းတွေ ညံပြီး အမြှောက်တွေ ပစ်ဖောက် ဂုဏ်ပြုရင်း ဘုရင်မကြီးရဲ့ မွေးနေ့ကို ဆင်နွှဲလေ့ရှိကြ ပေမဲ့လို့ ဒီနှစ်မှာတော့ ပြည်သူတွေ ဒုက္ခကြုံတွေ့နေရချိန်မှာ ဒါတွေက မသင့်လျော်ဘူးလို့ ဆိုပြီး အစဉ်အလာအတိုင်း မလုပ်ဖို့ ဘုရင်မကြီးက ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုဆုံးဖြတ်မှုမျိုးကလည်း လေးစား အသိအမှတ်ပြုစရာကောင်းသလို၊ ဘုရင်မကြီးဟာ အဲ့လိစ်ဇဘက်သ်ဟာ ပြည်သူတွေအတွက် တာဝန်ကျေတဲ့ ဘုရင်မကြီးပါပဲလို့ မဝါဝါစိုးက ပြောပါတယ်။
'' ဒီလိုအချိန်မျိုးမှာ သူက မားမားမတ်မတ်ရပ်တည်ပြီးတော့ တိုင်းပြည်ကို ဒီလိုမိန့်ခွန်းတွေ ဘာတွေပေးပြီး တိုင်းပြည်ကို စည်းလုံညီညွတ်အောင် နေဖို့အတွက် ပြောကြားတာကတော့ ဒါ တော်တော်လေးကို တိုင်းပြည်အတွက် အားရစရာပေါ့နော်။ တာဝန်ကတော့ တကယ်ကိုကျေတဲ့ ဘုရင်မကြီးပါ။ သူက တိုင်းပြည်ကိုလည်း တကယ်ကို မျိုးချစ်စိတ်လည်း ရှိတယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေက အရမ်းကိုပေါ်ထင်ပါတယ်။ ဒါကြောင့်မို့လဲ တော်ရုံတန်ရုံ တော်တော်များများပေါ့နော်။ ဒီနိုင်ငံမှာရှိတဲ့သူတွေက တော်ဝင်မိသားစုတွေရဲ့ စနစ်ကို မကြိုက်တဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေကတောင် ဘုရင်မကြီးကိုတော့ သူတို့ကြိုက်ကြတယ်။ ဘုရင်မကြီးကို သူတို့လေးစားတာကိုတော့ တော်တော်လေး ပြကြပါတယ်။ ''
ကလေး ၄ ယောက်မိခင်၊ မြေး ၈ ယောက်နဲ့ မြစ် ၈ ယောက် တို့ရဲ့ အဖွား ဖြစ်သူ ဘုရင်မကြီး အဲလိစ်ဇဘက်သ်ဟာ တော်ဝင်မိသားစုတာဝန်တွေကို မလစ်ဟင်းရအောင် စွမ်းဆောင်တဲ့တချိန်တည်းမှာ နိုင်ငံ့အကြီးအကဲ တယောက်အနေနဲ့ ပြည်သူတွေကို တစည်းတလုံးတည်း ဦးဆောင်မှုပေးနိုင်အောင် မဆုတ်မနစ် ခွန်အားစိုက်ထုတ်ခဲ့သူဖြစ်တယ်ဆိုတာကတော့ သူ့ရဲ့ ဆောင်ရွက်ချက်တွေ၊ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုတွေက သက်သေခံနေပါတယ်။
နိုင်ငံရေးမှာ ဘက်လိုက်မှုကင်းကင်း ရပ်တည်သလို၊ မိသားစုရေးရာတွေမှာလည်း ဂုဏ်သိက္ခာရှိရှိနဲ့ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်သူ၊ ပြည်သူပြည်သားတွေအတွက် စိတ်ခွန်အားပေး စွမ်းနိုင်သူ၊ အလျင်အမြန် ပြောင်းလဲလာနေတဲ့ ခေတ်ကြီးမှာ ခေတ်နဲ့ လိုက်လျော်ညီထွေတဲ့ အပြောင်းအလဲတွေကို အမြင်ကျယ်ကျယ်နဲ့ စွမ်းဆောင်နိုင်သူအဖြစ် အသိအမှတ်ပြုခံရတဲ့ ဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက်သ်ဟာ လေးစား အတုယူစရာ အမျိုးသမီး ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုတာကို တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါ။