သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာလ အိမ္တြင္းအၾကမ္းဖက္မႈေတြ တိုးလာ


(Zawgyi/Unicode)

ကမာၻတဝွမ္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ လူေတြရဲ႕ေန႔တဓူဝ စားဝတ္ေနေရး၊ လူမႈေရနဲ႔ စီးပြားေရးရာကိစၥ ေတြမွာ က်ပ္တည္းမႈေတြ ပိုၿပီး ႀကဳံေတြ႕လာၾကရသလို၊ အိမ္တြင္းအၾကမ္းဖက္မႈ ေတြလည္း သိသိသာသာ တိုးလာပါတယ္။ ေရာဂါကူးစက္ခံရမွာ စိုးရိမ္ရတဲ့ တခ်ိန္တည္းမွာ မိသားစု စားဝတ္ေနေရးအတြက္ ႐ုန္းကန္ၾကရသလို၊ ဒီလိုအခ်ိန္မ်ိဳးမွာမွ အိမ္တြင္းအၾကမ္းဖက္မႈဒဏ္ကို အမ်ိဳးသမီး အမ်ားစု ခံစားလာၾကရတာပါ။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ လူေတြကို ေနအိမ္ေတြမွာပဲ ေနၾကဖို႔ ၫႊန္ၾကားခ်က္ေတြက တဘက္မွာေတာ့ အမ်ိဳးသမီးေတြအတြက္ အိမ္တြင္းအၾကမ္းဖက္မႈေတြ ပိုၿပီးႀကဳံရေအာင္ ေခ်ာင္ပိတ္မိတဲ့အေျခအေနမ်ိဳး ျဖစ္ေနတာပါလား။ သူတို႔အတြက္ ဘယ္လိုအကူအညီေတြ လိုအပ္ေနပါလဲ။ ဘယ္လိုထိေရာက္တဲ့ အကူအညီေတြေပးႏိုင္မလဲဆိုတာ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ က်မ ခင္ျဖဴေထြးက စုစည္းတင္ျပထားပါတယ္။

ကို႐ိုနာေရာဂါဆိုးႀကီး အႏၲရာယ္ က်ေရာက္ခ်ိန္ကစလို႔ အေမရိကန္ျပည္ေထာင္စုမွာ အိမ္တြင္းအၾကမ္းဖက္မႈေတြနဲ႔ ဒီလိုအၾကမ္းဖက္မႈေတြေၾကာင့္ အကူအညီေတာင္းခံသူေတြ တိုးလာတဲ့သတင္းေတြလည္း ထြက္လာပါတယ္။ အိႏၵိယႏိုင္ငံမွာ အသြားအလာကန႔္သတ္ခ်က္ ထုတ္ျပန္လိုက္တဲ့ ပထမသီတင္းပတ္အတြင္းမွာပဲ အိမ္အတြင္းအၾကမ္းဖက္မႈ ႏွစ္ဆတိုးလာၿပီး၊ အလားတူ ေတာင္အာဖရိကႏိုင္ငံမွာလည္း အိမ္ျပင္မထြက္ရအမိန႔္ ထုတ္ျပန္တဲ့ ပထမသီတင္းပတ္အတြင္းမွာပဲ အိမ္တြင္းအၾကမ္းဖက္မႈ တိုင္ၾကားခ်က္ ၉ ၀,၀၀၀ နီးပါး ရွိတဲ့အေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။ ၾသစေၾတးလ်ႏိုင္ငံမွာေတာ့ အိမ္တြင္းအၾကမ္းဖက္ခံရမႈေေတြၾကာင့္ ဖုန္းနဲ႔ အင္တာနက္ အြန္လိုင္းေတြကေန အကူအညီေတာင္းလာတာေတြ ၇၅ % တိုးလာတယ္လို႔ အစိုးရက ေျပာပါတယ္။ ျပင္သစ္ႏိုင္ငံမွာေတာ့ ပါရီၿမိဳ႕မွာ တပတ္အတြင္း အိမ္တြင္းအၾကမ္းဖက္မႈ ၃၆ % တိုးလာၿပီး ႏိုင္ငံတဝွမ္း အေနနဲ႔ကေတာ့ ၃၂ % တိုးလာတယ္လို႔ ျပင္သစ္ဝန္ႀကီးတေယာက္က ေျပာဆိုထားပါတယ္။ တူရကီႏိုင္ငံမွာလည္း အစိုးရက ျပည္သူေတြကို ေနအိမ္ေတြထဲမွာပဲ ေနဖို႔ၫႊန္ၾကားခ်က္ ထုတ္ျပန္လိုက္တဲ့ မတ္လ ၁၁ ရက္ေန႔စလို႔ အသတ္ခံရတဲ့အမ်ိဳးသမီး အေရအတြက္ တိုးလာတဲ့ အစီရင္ခံစာေတြ ထြက္လာသလို ဘရာဇီး၊ ခ်ီလီ၊ မကၠဆီကို စတဲ့ လက္တင္အေမရိကား ႏိုင္ငံေတြမွာလည္း အိမ္တြင္းအၾကမ္းဖက္မႈေတြ သိသိသာသာ တိုးလာေနတာကို လူ႔အခြင့္အေရးအဖြဲ႕ေတြနဲ႔ အကူအညီေပးေရးအဖြဲ႕ေတြက သတိေပးလာၾကပါတယ္။

ႏိုင္ငံတကာလူ႔အခြင့္အေရး အဖြဲ႕တခုျဖစ္တဲ့ Amnesty International ရဲ႕ အာဂ်င္တီးနားႏိုင္ငံဆိုင္ရာ အမႈေဆာင္ၫႊန္ၾကားေရးမႉး Mariela Belski က ခုလိုေျပာပါတယ္။

''အာဂ်င္တီးနားမွာ က်ား မ ခြဲျပားမႈအေပၚအေျခခံတဲ့ အၾကမ္းဖက္မႈေတြနဲ႔ပတ္သက္လို႔ တိုင္ၾကားႏိုင္တဲ့ ဖုန္းလိုင္း ၁၄၄ လိုင္း ထားရွိတာမွာ၊ အခုကာလအတြင္း ဆက္သြယ္ တိုင္ၾကားလာတာေတြက သာမန္အခ်ိန္ထက္ ၆၀ % ပိုမ်ားလာပါတယ္။ ''

အလားတူ ခ်ီလီႏိုင္ငံမွာလည္း ေနအိမ္ေတြမွာေနၾကဖို႔ ၫြန္ၾကားခ်က္ထုတ္ၿပီး ပထမ သီတင္းပတ္အတြင္း အိမ္တြင္းအၾကမ္းဖက္မႈေတြနဲ႔ ဆက္စပ္တဲ့ ဖုန္းဆက္အကူအညီေတာင္းခံမႈေပါင္း ၇၀% တိုးလာတယ္လို႔ ခ်ီလီအစိုးရက ေျပာပါတယ္။

''ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အခက္အခက္ စိန္ေခၚမႈေတြ အေတာ္မ်ားမ်ား က်မတို႔ ႀကဳံရပါတယ္။ ဒီအထဲမွာ မိသားစုအတြင္း အၾကမ္းဖက္မႈေတြ တိုးလာတာကို ေတြ႕ရတာပါပဲ။''

ဒါကေတာ့ ခ်ီလီႏိုင္ငံရဲ႕ က်ားမ တန္းတူေရးနဲ႔ အမ်ိဳးသမီးေရးရာဝန္ႀကီး Carolina Cuevas ေျပာသြားတာပါ။

အလားတူ အေမရိကန္ျပည္ေထာင္စုမွာ COVID-19 အက်ပ္အတည္းကာလအတြင္း အိမ္တြင္းအၾကမ္းဖက္မႈေတြနဲ႔ ဆက္စပ္ၿပီး အကူအညီေတာင္းခံမႈေတြ မ်ားလာေနတယ္လို႔ အကူအညီေပးေရးအဖြဲ႕ေတြက ေျပာပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ San Francisco ၿမိဳ႕မွာ ဧၿပီလ ပထမပတ္အတြင္း အိမ္တြင္းအၾကမ္းဖက္မႈ တိုင္ၾကားခ်က္ေပါင္း ၆၀ % တိုးလာေၾကာင္း San Fransisco ခ႐ိုင္ေရွ႕ေန႐ုံးက ထုတ္ျပန္ထားပါတယ္။

ခုလိုအခ်ိန္မ်ိဳးမွာ ကူညီေစာင့္ေရွာက္ေရးေဂဟာေတြမွာ လူေတြ ျပည့္လာတာေတြကို ၾကည့္ရင္လည္း အိမ္တြင္းအၾကမ္းဖက္မႈေတြ တိုးလာေနတယ္ဆိုတာကို သိႏိုင္ပါတယ္။ ဒီလိုအေျခအေနမွာ အကူအညီေတြကို ထိထိေရာက္ေရာက္ မေပးႏိုင္ရင္ အေျခအေနက ေနာက္ပိုင္းမွာ အမ်ားႀကီး ပိုဆိုးသြားႏိုင္တယ္လို႔ ကယ္လီဖိုးနီးယားျပည္နယ္ အေျခစိုက္ လူမႈကူညီေပးေရးအဖြဲ႕တခုျဖစ္တဲ့ Community Health for Asian American အဖြဲ႕က လုပ္ငန္းတာဝန္ခံတဦးျဖစ္တဲ့ မေႏြဦးက ေျပာပါတယ္။

'''ကမာၻေပၚမွာ အမ်ိဳးသမီးေတြ ကိုယ့္ကိုယ္ကို သက္ေသတာ၊ အသတ္ခံရတာ ရာခိုင္ႏႈန္းက မ်ားပါတယ္။ တကမာၻလုံးမွာဆို ၃၈ % အမ်ိဳးသမီးေတြက ဒီလိုမ်ိဳး အသတ္ခံရတာေတြ ရွိပါတယ္။ ဆိုေတာ့ ဒီလို ကိုယ့္ကိုယ္ကို သက္ေသတဲ့ ရာခိုင္ႏႈန္းေတြ အရမ္းမ်ားလာလိမ့္မယ္လို႔ ထင္ပါတယ္။ ႀကိဳတင္ကာကြယ္မႈေတြ စီစဥ္မႈေတြ မရွိၾကဘူးဆိုရင္ေတာ့ ေနာက္ထပ္ ႏွစ္ပတ္အတြင္း အိမ္တြင္းအၾကမ္းဖက္မႈေတြ ပိုမ်ားလာမယ္။ ကိုယ့္ကိုယ္ကို သက္ေသတဲ့ ရာခိုင္ႏႈန္းလည္း မ်ားလာမယ္။ ကေလးေတြမွာလည္း စိတ္က်ေရာဂါနဲ႔ စိတ္ကစဥ့္ကလ်ားျဖစ္တဲ့ ေရာဂါလကၡဏာေတြ ပိုၿပီး မ်ားလာမယ္ဆိုတာကို က်မတို႔အေနနဲ႔ တြက္ထားပါတယ္။ ဒါေၾကာင့္ ႀကိဳတင္ ကာကြယ္တဲ့အေနနဲ႔ ဘာလုပ္သင့္သလဲ ဆိုတာကို က်မတို႔အဖြဲ႕အစည္း အေနနဲ႔လည္း အစိုးရနဲ႔တိုင္ပင္ၿပီး ျပင္ဆင္လုပ္ေဆာင္ေနပါတယ္။'''

အဲ့ဒီေတာ့ ခုလိုအခ်ိန္မ်ိဳးမွာ မေႏြဦးတို႔လို အဖြဲ႕အစည္းေတြက ဘယ္လို အကူအညီေတြ ေပးေနပါလဲ။ အခက္အခဲေရာ ဘာေတြ ရွိပါသလဲ။

'''အခု ေလာေလာဆယ္ကေတာ့ အမ်ိဳးသမီးေတြ တခ်ိဳ႕ အကူအညီေတာင္းလာတာေတြ ရွိတယ္။ သူတို႔အခက္အခဲေတြက ဘာေတြလဲ ဆိုေတာ့ ဝင္ေငြ မရွိဘူး။ ပိုက္ဆံမရွိဘူး။ စားဖို႔မရွိဘူး။ အဲ့ဒီအေျခအေနထဲမွာပဲ အၾကမ္းဖက္မႈေတြကိုလည္း သူတို႔ ေတြ႕ႀကဳံေနရတယ္။ ဆိုေတာ့ အဲ့ဒီလိုမ်ိဳး ေတြ႕ႀကံဳေနရတဲ့အခ်ိန္မွာ အစိုးရဆီမွာ shelter ေတြ ကူညီေစာင့္ေရွာက္ေရးေဂဟာ ေတြကို အေၾကာင္းၾကားတယ္။ Shelter ေတြကလည္း အရမ္းျပည့္ေနၿပီ။ သူတို႔ ေလာေလာဆယ္ ဒီအေျအေနမ်ိဳးမွာ လက္ခံလို႔မရဘူး။ လက္မခံႏိုင္ဘူးဆိုတာကို အေၾကာင္းၾကားလာတယ္။ ပုလိပ္ေတြကို ဖုန္းဆက္ေတာ့လည္း သူတို႔က ဖုန္း ခ်က္ခ်င္း ျပန္မေျဖႏိုင္ၾကဘူး။ ဆိုေတာ့ အဲဒီအခက္အခဲကေတာ့ အရင္ထက္စာရင္ ႏွစ္ေဆ သုံးဆလာက္ ပိုမ်ားပါတယ္။'''

ဆိုေတာ့ ကိုယ့္ဘက္က အကူအညီေပးဖို႔ႀကိဳးစားတဲ့အခါမွာလည္း အခက္အခဲေတြက အရင္ထက္ ပိုမ်ားလာတယ္ဆိုတဲ့ သေဘာပါလား။

'''ဟုတ္ကဲ့။ တခ်ိဳ႕ အဖြဲ႕အစည္းေတြကို ဒီအမ်ိဳးသမီးေတြ အတြက္၊ သူတို႔ရဲ႕လိုအပ္ခ်က္ေတြကို ကူညီဖို႔ ဥပမာ ေရွ႕ေန႐ုံးေတြကို အဆက္အသြယ္ လုပ္လို႔လည္း သူတို႔က ဖုန္းမကိုင္ၾကဘူး။ ေတာ္ေတာ္မ်ားမ်ား ႐ုံးေတြက တေယာက္မွ ဖုန္းမကိုင္ႏိုင္ၾကတဲ့အတြက္က ဒီအမ်ိဳးသမီးေတြမွာက်ေတာ့ အခက္အခဲေတြက ပိုၿပီးမ်ားလာတယ္။ က်မ အေနနဲ႔စိုးရိမ္တာကက်ေတာ့ သူတို႔ကိုယ္သူတို႔ သက္ေသမယ္ဆိုတဲ့အထိ ေျပာလာတာေတြ ရွိပါတယ္။ ဆိုေတာ့ က်မတို႔ အဖြဲ႕အစည္းအေနနဲ႔ကေတာ့ အခက္အခဲေတြကို တတ္ႏိုင္သေလာက္ ေငြ သို႔မဟုတ္ အလုပ္ ေလ ွ်ာက္ဖို႔လိုရင္ ေလ ွ်ာက္ေပးတာမ်ိဳး ရွိတယ္။ စိတ္က်န္းမာေရး အတြက္ကေတာ့ ကိုယ့္ကိုယ္ကို ဘယ္လို ဂ႐ုစိုက္မလဲ။ meditation group စိတ္ၿငိမ္သက္မႈရေအာင္ တရားထိုင္တဲ့အဖြဲ႕ေတြ ဖြဲ႕ထားတာတို႔ ရွိတယ္။ တျခား အခက္အခဲေတြကိုေတာ့ အစိုးရဆီကို လႈံ႕ေဆာ္မႈေတြလုပ္ေနၾကတယ္။ သူတို႔ရဲ႕အခက္အခဲေတြကို ေျဖရွင္းေပးႏိုင္ဖို႔အတြက္ပါ။ ဥပမာဆိုရင္ေတာ့ အစိုးရဆီက ခ႐ိုင္အစိုးရတို႔၊ ျပည္နယ္အစိုးရတို႔ဆီက ေငြေၾကး အကူအညီေလ ွ်ာက္ၿပီး ဝန္ထမ္းေတြ ပိုခန႔္ၿပီးေတာ့ ဒီလူေတြကို ကူညီေပးဖို႔ ျပင္ဆင္ေနၾကပါတယ္။''

လက္ရွိ အေျခအေနမွာ အစိုးရရဲ႕ပံ့ပိုးမႈကူညီမႈက အေရးႀကီးတယ္လို႔ မေႏြဦးက ေျပာပါတယ္။ ဆိုေတာ့ ခုခ်ိန္မွာ အမ်ိဳးသမီးေတြကို ဘယ္လို အထိေရာက္ဆုံး ကူညီေပးႏိုင္ပါမလဲ။

'' ထိထိေရာက္ေရာက္ အကူအညီေပးဖို႔ကေတာ့ - ခုလိုအခ်ိန္မ်ိဳးမွာ လူေတြက အျပင္ထြက္ အလုပ္မဆင္းခ်င္ၾကဘူးေပါ့ေနာ္။ အလုပ္လုပ္ႏိုင္တဲ့ အသိုင္းအဝိုင္းကို တကယ္ကို တန္ဖိုးထားၿပီး ကူညီခ်င္တဲ့ အဓိက social worker (လူမႈေရးကူညီေဆာင္႐ြက္သူေတြြ) က ထြက္ၿပီး အသိုင္းအဝိုင္းမွာ မလုပ္ဘူးဆိုရင္ အခက္အခဲႀကဳံေနရတဲ့ မိသားစုေတြမွာ ပိုၿပီး အခက္အခဲေတြ ႀကံဳရဖို႔ရွိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အစိုးရက သတ္မွတ္ထားတယ္။ အျပင္ထြက္ အလုပ္မဆင္းရဘူး။ ဥပမာ က်မဆိုရင္ social worker တေယာက္ အေနနဲ႔ အကူအညီေတာင္းလာတဲ့ မိသားစုေတြအေတာ္မ်ားမ်ား ရွိတယ္။ က်မတို႔အစိုးရက အခု ပိတ္ပင္ထားတယ္ဆိုေတာ့ အလုပ္ ဆင္းလို႔မရဘူး။ ဆင္းရင္ ဒဏ္ေငြက ေဒၚလာ ၁,၀၀၀။ ဆိုေတာ့ က်မလည္း ေၾကာက္ရတယ္။ ကိုယ့္ကိုယ္ကိုလည္း ကာကြယ္ဖို႔လိုတယ္။ ဆိုေတာ့ က်မတို႔လို social worker ေတြက ဆင္းၿပီး အလုပ္ မလုပ္ႏိုင္တဲ့အခ်ိန္မွာ၊ က်မတို႔ထင္တာကေတာ့ အစိုးရက ဒီလူေတြကို ပံံ့ပိုးသင့္တယ္။ NGO အဖြဲ႕ေတြ၊ ဘာသာေရး အဖြဲ႕ေတြနဲ႔ ဒီကိစၥကို အသိုင္းအဝိုင္းတခုလုံး အတြက့္ေျဖရွင္းသြားဖို႔အတြက္က လက္တြဲသင့္တယ္လို႔ က်မ ယုံၾကည္ပါတယ္။ '''

ကို႐ိုနာကပ္ေဘးကာလမွာ အၾကမ္းဖက္ခံရတဲ့အမ်ိဳးသမီးေတြအတြက္ အကူအညီရဖို႔က သာမန္အခ်ိန္ထက္ ပိုခက္ခဲေနတာကို ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterress ကလည္း မၾကာခင္ ရက္ပိုင္းတုန္းကပဲ ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။

''ႏိုင္ငံတခ်ိဳ႕မွာ အကူအညီေပးေရးဌာနေတြကို ဆက္သြယ္လာတဲ့ အမ်ိဳးသမီးဦးေရက ႏွစ္ဆ တက္သြားပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ရဲဝန္ထမ္းေတြ အတြက္လည္း ဝန္ထမ္းအင္အား မလုံေလာက္တာနဲ႔ အလုပ္ေတြ မႏိုင္မနင္း ျဖစ္ရပါတယ္။ ေဒသဆိုင္ရာ အကူအညီေပးေရး အဖြဲ႕ေတြလည္း ခုခ်ိန္မွာ ေငြေၾကးျပတ္လပ္တာနဲ႔ လုပ္ငန္း မလည္ပတ္ႏိုင္တာေတြလည္း ရွိေနတာပါ။ အိမ္တြင္းအၾကမ္းဖက္ခံရသူေတြကို ကူညီေစာင့္ေရွာက္ေပးတဲ့ ေဂဟာေတြမွာ လူေတြ ျပည့္လာသလို၊ တခ်ိဳ႕လည္း ပိတ္ထားရတဲ့ အေျခအေန ရွိေနပါတယ္။''


ဒီလို ခက္ခဲတဲ့အေျခအေနမ်ိဳးမွာ ကို႐ိုနာဗိုင္းရပ္စ္ ပိုးႀကီးကို တညီတၫြတ္တည္း ပူးေပါင္းတိုက္ဖ်က္ဖို႔ အေရးႀကီးသလို၊ မိသားစုေတြ ေအးေအးခ်မ္းခ်မ္း ေနထိုင္ၾကဖို႔ကိုလည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Guterres က ဒီလ ၅ ရက္ေန႔က ကမာၻ႔လူထုကို ပန္ၾကားခဲ့ပါတယ္။

"ကမာၻတဝွမ္း ေနအိမ္ေတြမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနထိုင္ၾကပါလို႔ က်ေနာ္ ေမတၱာရပ္ခံခ်င္ပါတယ္။ COVID-19 ေရာဂါကို တိုက္ဖ်က္ႏိုင္ဖို႔အတြက္ အိမ္ထဲမွာပဲ ေနၾကဖို႔၊ သီးျခားခြဲ ေနထိုင္တာေတြ လုပ္ဖို႔က မျဖစ္မေန အေရးႀကီးတယ္ဆိုတာ က်ေနာ္တို႔အားလုံး သိၾကပါတယ္။ ဒါေပမဲ့ ဒီလိုေနရတဲ့အခ်ိန္မွာ အမ်ိဳးသမီးေတြ အိမ္တြင္း ညႇင္းပမ္းႏွိပ္စက္မႈေတြနဲ႔ ပိတ္မိသြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းတပ္ေတြအတြင္း စီးပြားေရးနဲ႔ လူမႈေရး က်ပ္တည္းမႈေတြ၊ စိုးရိမ္ထိတ္လန႔္မႈေတြ တိုးလာေနတာနဲ႔အမ ွ် ကမာၻတဝွမ္းမွာ အိမ္တြင္း အၾကမ္းဖက္မႈေတြလည္း ေၾကာက္ခမန္းလိလိ တိုးလာတာကို က်ေနာ္တို႔ ေတြ႕ၾကရပါတယ္။''


ခုလိုအခ်ိန္မ်ိဳးမွာ ႏိုင္ငံအစိုးရေတြ အေနနဲ႔ COVID-19 တုံ႔ျပန္ ေဆာင္႐ြက္မႈေတြမွာ အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံရမႈ ကာကြယ္တားဆီးေရးကို အဓိက အစိတ္အပိုင္းတခုအျဖစ္ ထည့္သြင္း ကိုင္တြယ္ လုပ္ေဆာင္ဖို႔ မစၥတာ Gueterress က တိုက္တြန္းထားပါတယ္။ အၾကမ္းဖက္ခံရသူေတြကို ကူညီေပးေနတဲ့ လူမႈအဖြဲ႕အစည္းေတြကို ခုခ်ိန္မွာ ပိုၿပီး ကူညီပံ့ပိုးေပးတာ၊ ဖုန္းနဲ႔ အြန္လိုင္းေပၚကေန အကူအညီေတာင္းခံႏိုင္တဲ့ ဝန္ေဆာင္မႈေတြ တိုးခ်ဲ႕ ေပးတာလို ေဆာင္႐ြက္ခ်က္ေတြကို အစိုးရေတြက ခုခ်ိန္မွာ အေလးအနက္ထား လုပ္ေဆာင္ဖို႔ သူက တိုက္တြန္းပါတယ္။

ကမာၻတဝွမ္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားရာမွာ လူစုလူေဝး လုပ္တာေတြကိုေရွာင္ၿပီး တေယာက္နဲ႔ တေယာက္ ခပ္ခြာခြာေနၾကဖို႔၊ ျဖစ္ႏိုင္ရင္ ေနအိမ္ကေန အျပင္မထြက္ဖို႔ ဆိုတဲ့ ၫႊန္ၾကားခ်က္ေတြကို အာဏာပိုင္ေတြက ထုတ္ျပန္လာၾကရသလို၊ ဒီအေနအထားေအာက္မွာ စီးပြားေရး လုပ္ငန္း ႀကီး ငယ္မေ႐ြး ထိခိုက္မႈေတြ ရွိလာၿပီး လူေတြ သန္းနဲ႔ခ်ီ အလုပ္လက္မဲ့ ျဖစ္လာတဲ့တခ်ိန္တည္းမွာပဲ အိမ္တြင္း ျပႆနာေတြက တပူေပၚတပူဆင့္ ႀကဳံလာၾကရတာပါ။ ဒီလိုအေျခအေနမ်ိဳးမွာ ထိခိုက္အလြယ္ဆုံးကေတာ့ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြပဲ ျဖစ္ေနတာမို႔ သူတို႔အတြက္ ထိေရာက္တဲ့ အကာအကြယ္ေပးမႈေတြကို စနစ္တက် ခ်မွတ္လုပ္ေဆာင္ဖို႔ လိုအပ္ေနတယ္ ဆိုတာကို တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါရွင္။

COVID-19 ကာလ အိမ္တြင္းအၾကမ္းဖက္မႈေတြ တိုးလာ
please wait

No media source currently available

0:00 0:10:34 0:00
တိုက္႐ိုက္ လင့္ခ္

------------------------------------------------

[Unicode Version]


ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် လူတွေရဲ့နေ့တဓူဝ စားဝတ်နေရေး၊ လူမှုရေနဲ့ စီးပွားရေးရာကိစ္စ တွေမှာ ကျပ်တည်းမှုတွေ ပိုပြီး ကြုံတွေ့လာကြရသလို၊ အိမ်တွင်းအကြမ်းဖက်မှု တွေလည်း သိသိသာသာ တိုးလာပါတယ်။ ရောဂါကူးစက်ခံရမှာ စိုးရိမ်ရတဲ့ တချိန်တည်းမှာ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ကြရသလို၊ ဒီလိုအချိန်မျိုးမှာမှ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို အမျိုးသမီး အများစု ခံစားလာကြရတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် လူတွေကို နေအိမ်တွေမှာပဲ နေကြဖို့ ညွှန်ကြားချက်တွေက တဘက်မှာတော့ အမျိုးသမီးတွေအတွက် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုပြီးကြုံရအောင် ချောင်ပိတ်မိတဲ့အခြေအနေမျိုး ဖြစ်နေတာပါလား။ သူတို့အတွက် ဘယ်လိုအကူအညီတွေ လိုအပ်နေပါလဲ။ ဘယ်လိုထိရောက်တဲ့ အကူအညီတွေပေးနိုင်မလဲဆိုတာ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ကျမ ခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

ကိုရိုနာရောဂါဆိုးကြီး အန္တရာယ် ကျရောက်ချိန်ကစလို့ အမေရိကန်ပြည်ထောင်စုမှာ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ဒီလိုအကြမ်းဖက်မှုတွေကြောင့် အကူအညီတောင်းခံသူတွေ တိုးလာတဲ့သတင်းတွေလည်း ထွက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာ အသွားအလာကန့်သတ်ချက် ထုတ်ပြန်လိုက်တဲ့ ပထမသီတင်းပတ်အတွင်းမှာပဲ အိမ်အတွင်းအကြမ်းဖက်မှု နှစ်ဆတိုးလာပြီး၊ အလားတူ တောင်အာဖရိကနိုင်ငံမှာလည်း အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန်တဲ့ ပထမသီတင်းပတ်အတွင်းမှာပဲ အိမ်တွင်းအကြမ်းဖက်မှု တိုင်ကြားချက် ၉ ဝ,၀၀၀ နီးပါး ရှိတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာတော့ အိမ်တွင်းအကြမ်းဖက်ခံရမှုေတွေကြာင့် ဖုန်းနဲ့ အင်တာနက် အွန်လိုင်းတွေကနေ အကူအညီတောင်းလာတာတွေ ၇၅ % တိုးလာတယ်လို့ အစိုးရက ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ ပါရီမြို့မှာ တပတ်အတွင်း အိမ်တွင်းအကြမ်းဖက်မှု ၃၆ % တိုးလာပြီး နိုင်ငံတဝှမ်း အနေနဲ့ကတော့ ၃၂ % တိုးလာတယ်လို့ ပြင်သစ်ဝန်ကြီးတယောက်က ပြောဆိုထားပါတယ်။ တူရကီနိုင်ငံမှာလည်း အစိုးရက ပြည်သူတွေကို နေအိမ်တွေထဲမှာပဲ နေဖို့ညွှန်ကြားချက် ထုတ်ပြန်လိုက်တဲ့ မတ်လ ၁၁ ရက်နေ့စလို့ အသတ်ခံရတဲ့အမျိုးသမီး အရေအတွက် တိုးလာတဲ့ အစီရင်ခံစာတွေ ထွက်လာသလို ဘရာဇီး၊ ချီလီ၊ မက္ကဆီကို စတဲ့ လက်တင်အမေရိကား နိုင်ငံတွေမှာလည်း အိမ်တွင်းအကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာနေတာကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက သတိပေးလာကြပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International ရဲ့ အာဂျင်တီးနားနိုင်ငံဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး Mariela Belski က ခုလိုပြောပါတယ်။

''အာဂျင်တီးနားမှာ ကျား မ ခွဲပြားမှုအပေါ်အခြေခံတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ တိုင်ကြားနိုင်တဲ့ ဖုန်းလိုင်း ၁၄၄ လိုင်း ထားရှိတာမှာ၊ အခုကာလအတွင်း ဆက်သွယ် တိုင်ကြားလာတာတွေက သာမန်အချိန်ထက် ၆၀ % ပိုများလာပါတယ်။ ''

အလားတူ ချီလီနိုင်ငံမှာလည်း နေအိမ်တွေမှာနေကြဖို့ ညွန်ကြားချက်ထုတ်ပြီး ပထမ သီတင်းပတ်အတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ဆက်စပ်တဲ့ ဖုန်းဆက်အကူအညီတောင်းခံမှုပေါင်း ၇၀% တိုးလာတယ်လို့ ချီလီအစိုးရက ပြောပါတယ်။

''ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခက် စိန်ခေါ်မှုတွေ အတော်များများ ကျမတို့ ကြုံရပါတယ်။ ဒီအထဲမှာ မိသားစုအတွင်း အကြမ်းဖက်မှုတွေ တိုးလာတာကို တွေ့ရတာပါပဲ။''

ဒါကတော့ ချီလီနိုင်ငံရဲ့ ကျားမ တန်းတူရေးနဲ့ အမျိုးသမီးရေးရာဝန်ကြီး Carolina Cuevas ပြောသွားတာပါ။

အလားတူ အမေရိကန်ပြည်ထောင်စုမှာ COVID-19 အကျပ်အတည်းကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး အကူအညီတောင်းခံမှုတွေ များလာနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် San Francisco မြို့မှာ ဧပြီလ ပထမပတ်အတွင်း အိမ်တွင်းအကြမ်းဖက်မှု တိုင်ကြားချက်ပေါင်း ၆၀ % တိုးလာကြောင်း San Fransisco ခရိုင်ရှေ့နေရုံးက ထုတ်ပြန်ထားပါတယ်။

ခုလိုအချိန်မျိုးမှာ ကူညီစောင့်ရှောက်ရေးဂေဟာတွေမှာ လူတွေ ပြည့်လာတာတွေကို ကြည့်ရင်လည်း အိမ်တွင်းအကြမ်းဖက်မှုတွေ တိုးလာနေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ အကူအညီတွေကို ထိထိရောက်ရောက် မပေးနိုင်ရင် အခြေအနေက နောက်ပိုင်းမှာ အများကြီး ပိုဆိုးသွားနိုင်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် လူမှုကူညီပေးရေးအဖွဲ့တခုဖြစ်တဲ့ Community Health for Asian American အဖွဲ့က လုပ်ငန်းတာဝန်ခံတဦးဖြစ်တဲ့ မနွေဦးက ပြောပါတယ်။

'''ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို သက်သေတာ၊ အသတ်ခံရတာ ရာခိုင်နှုန်းက များပါတယ်။ တကမ္ဘာလုံးမှာဆို ၃၈ % အမျိုးသမီးတွေက ဒီလိုမျိုး အသတ်ခံရတာတွေ ရှိပါတယ်။ ဆိုတော့ ဒီလို ကိုယ့်ကိုယ်ကို သက်သေတဲ့ ရာခိုင်နှုန်းတွေ အရမ်းများလာလိမ့်မယ်လို့ ထင်ပါတယ်။ ကြိုတင်ကာကွယ်မှုတွေ စီစဉ်မှုတွေ မရှိကြဘူးဆိုရင်တော့ နောက်ထပ် နှစ်ပတ်အတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာမယ်။ ကိုယ့်ကိုယ်ကို သက်သေတဲ့ ရာခိုင်နှုန်းလည်း များလာမယ်။ ကလေးတွေမှာလည်း စိတ်ကျရောဂါနဲ့ စိတ်ကစဉ့်ကလျားဖြစ်တဲ့ ရောဂါလက္ခဏာတွေ ပိုပြီး များလာမယ်ဆိုတာကို ကျမတို့အနေနဲ့ တွက်ထားပါတယ်။ ဒါကြောင့် ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဘာလုပ်သင့်သလဲ ဆိုတာကို ကျမတို့အဖွဲ့အစည်း အနေနဲ့လည်း အစိုးရနဲ့တိုင်ပင်ပြီး ပြင်ဆင်လုပ်ဆောင်နေပါတယ်။'''

အဲ့ဒီတော့ ခုလိုအချိန်မျိုးမှာ မနွေဦးတို့လို အဖွဲ့အစည်းတွေက ဘယ်လို အကူအညီတွေ ပေးနေပါလဲ။ အခက်အခဲရော ဘာတွေ ရှိပါသလဲ။

'''အခု လောလောဆယ်ကတော့ အမျိုးသမီးတွေ တချို့ အကူအညီတောင်းလာတာတွေ ရှိတယ်။ သူတို့အခက်အခဲတွေက ဘာတွေလဲ ဆိုတော့ ဝင်ငွေ မရှိဘူး။ ပိုက်ဆံမရှိဘူး။ စားဖို့မရှိဘူး။ အဲ့ဒီအခြေအနေထဲမှာပဲ အကြမ်းဖက်မှုတွေကိုလည်း သူတို့ တွေ့ကြုံနေရတယ်။ ဆိုတော့ အဲ့ဒီလိုမျိုး တွေ့ကြုံနေရတဲ့အချိန်မှာ အစိုးရဆီမှာ shelter တွေ ကူညီစောင့်ရှောက်ရေးဂေဟာ တွေကို အကြောင်းကြားတယ်။ Shelter တွေကလည်း အရမ်းပြည့်နေပြီ။ သူတို့ လောလောဆယ် ဒီအအြေနေမျိုးမှာ လက်ခံလို့မရဘူး။ လက်မခံနိုင်ဘူးဆိုတာကို အကြောင်းကြားလာတယ်။ ပုလိပ်တွေကို ဖုန်းဆက်တော့လည်း သူတို့က ဖုန်း ချက်ချင်း ပြန်မဖြေနိုင်ကြဘူး။ ဆိုတော့ အဲဒီအခက်အခဲကတော့ အရင်ထက်စာရင် နှစ်ဆေ သုံးဆလာက် ပိုများပါတယ်။'''

ဆိုတော့ ကိုယ့်ဘက်က အကူအညီပေးဖို့ကြိုးစားတဲ့အခါမှာလည်း အခက်အခဲတွေက အရင်ထက် ပိုများလာတယ်ဆိုတဲ့ သဘောပါလား။

'''ဟုတ်ကဲ့။ တချို့ အဖွဲ့အစည်းတွေကို ဒီအမျိုးသမီးတွေ အတွက်၊ သူတို့ရဲ့လိုအပ်ချက်တွေကို ကူညီဖို့ ဥပမာ ရှေ့နေရုံးတွေကို အဆက်အသွယ် လုပ်လို့လည်း သူတို့က ဖုန်းမကိုင်ကြဘူး။ တော်တော်များများ ရုံးတွေက တယောက်မှ ဖုန်းမကိုင်နိုင်ကြတဲ့အတွက်က ဒီအမျိုးသမီးတွေမှာကျတော့ အခက်အခဲတွေက ပိုပြီးများလာတယ်။ ကျမ အနေနဲ့စိုးရိမ်တာကကျတော့ သူတို့ကိုယ်သူတို့ သက်သေမယ်ဆိုတဲ့အထိ ပြောလာတာတွေ ရှိပါတယ်။ ဆိုတော့ ကျမတို့ အဖွဲ့အစည်းအနေနဲ့ကတော့ အခက်အခဲတွေကို တတ်နိုင်သလောက် ငွေ သို့မဟုတ် အလုပ် လေ ျှာက်ဖို့လိုရင် လေ ျှာက်ပေးတာမျိုး ရှိတယ်။ စိတ်ကျန်းမာရေး အတွက်ကတော့ ကိုယ့်ကိုယ်ကို ဘယ်လို ဂရုစိုက်မလဲ။ meditation group စိတ်ငြိမ်သက်မှုရအောင် တရားထိုင်တဲ့အဖွဲ့တွေ ဖွဲ့ထားတာတို့ ရှိတယ်။ တခြား အခက်အခဲတွေကိုတော့ အစိုးရဆီကို လှုံ့ဆော်မှုတွေလုပ်နေကြတယ်။ သူတို့ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက်ပါ။ ဥပမာဆိုရင်တော့ အစိုးရဆီက ခရိုင်အစိုးရတို့၊ ပြည်နယ်အစိုးရတို့ဆီက ငွေကြေး အကူအညီလေ ျှာက်ပြီး ဝန်ထမ်းတွေ ပိုခန့်ပြီးတော့ ဒီလူတွေကို ကူညီပေးဖို့ ပြင်ဆင်နေကြပါတယ်။''

လက်ရှိ အခြေအနေမှာ အစိုးရရဲ့ပံ့ပိုးမှုကူညီမှုက အရေးကြီးတယ်လို့ မနွေဦးက ပြောပါတယ်။ ဆိုတော့ ခုချိန်မှာ အမျိုးသမီးတွေကို ဘယ်လို အထိရောက်ဆုံး ကူညီပေးနိုင်ပါမလဲ။

'' ထိထိရောက်ရောက် အကူအညီပေးဖို့ကတော့ - ခုလိုအချိန်မျိုးမှာ လူတွေက အပြင်ထွက် အလုပ်မဆင်းချင်ကြဘူးပေါ့နော်။ အလုပ်လုပ်နိုင်တဲ့ အသိုင်းအဝိုင်းကို တကယ်ကို တန်ဖိုးထားပြီး ကူညီချင်တဲ့ အဓိက social worker (လူမှုရေးကူညီဆောင်ရွက်သူတွေ) က ထွက်ပြီး အသိုင်းအဝိုင်းမှာ မလုပ်ဘူးဆိုရင် အခက်အခဲကြုံနေရတဲ့ မိသားစုတွေမှာ ပိုပြီး အခက်အခဲတွေ ကြုံရဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရက သတ်မှတ်ထားတယ်။ အပြင်ထွက် အလုပ်မဆင်းရဘူး။ ဥပမာ ကျမဆိုရင် social worker တယောက် အနေနဲ့ အကူအညီတောင်းလာတဲ့ မိသားစုတွေအတော်များများ ရှိတယ်။ ကျမတို့အစိုးရက အခု ပိတ်ပင်ထားတယ်ဆိုတော့ အလုပ် ဆင်းလို့မရဘူး။ ဆင်းရင် ဒဏ်ငွေက ဒေါ်လာ ၁,၀၀၀။ ဆိုတော့ ကျမလည်း ကြောက်ရတယ်။ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ဖို့လိုတယ်။ ဆိုတော့ ကျမတို့လို social worker တွေက ဆင်းပြီး အလုပ် မလုပ်နိုင်တဲ့အချိန်မှာ၊ ကျမတို့ထင်တာကတော့ အစိုးရက ဒီလူတွေကို ပံံ့ပိုးသင့်တယ်။ NGO အဖွဲ့တွေ၊ ဘာသာရေး အဖွဲ့တွေနဲ့ ဒီကိစ္စကို အသိုင်းအဝိုင်းတခုလုံး အတွက့်ဖြေရှင်းသွားဖို့အတွက်က လက်တွဲသင့်တယ်လို့ ကျမ ယုံကြည်ပါတယ်။ '''

ကိုရိုနာကပ်ဘေးကာလမှာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေအတွက် အကူအညီရဖို့က သာမန်အချိန်ထက် ပိုခက်ခဲနေတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterress ကလည်း မကြာခင် ရက်ပိုင်းတုန်းကပဲ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

''နိုင်ငံတချို့မှာ အကူအညီပေးရေးဌာနတွေကို ဆက်သွယ်လာတဲ့ အမျိုးသမီးဦးရေက နှစ်ဆ တက်သွားပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေ အတွက်လည်း ဝန်ထမ်းအင်အား မလုံလောက်တာနဲ့ အလုပ်တွေ မနိုင်မနင်း ဖြစ်ရပါတယ်။ ဒေသဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေလည်း ခုချိန်မှာ ငွေကြေးပြတ်လပ်တာနဲ့ လုပ်ငန်း မလည်ပတ်နိုင်တာတွေလည်း ရှိနေတာပါ။ အိမ်တွင်းအကြမ်းဖက်ခံရသူတွေကို ကူညီစောင့်ရှောက်ပေးတဲ့ ဂေဟာတွေမှာ လူတွေ ပြည့်လာသလို၊ တချို့လည်း ပိတ်ထားရတဲ့ အခြေအနေ ရှိနေပါတယ်။''


ဒီလို ခက်ခဲတဲ့အခြေအနေမျိုးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးကြီးကို တညီတညွတ်တည်း ပူးပေါင်းတိုက်ဖျက်ဖို့ အရေးကြီးသလို၊ မိသားစုတွေ အေးအေးချမ်းချမ်း နေထိုင်ကြဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က ဒီလ ၅ ရက်နေ့က ကမ္ဘာ့လူထုကို ပန်ကြားခဲ့ပါတယ်။

"ကမ္ဘာတဝှမ်း နေအိမ်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြပါလို့ ကျနော် မေတ္တာရပ်ခံချင်ပါတယ်။ COVID-19 ရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက် အိမ်ထဲမှာပဲ နေကြဖို့၊ သီးခြားခွဲ နေထိုင်တာတွေ လုပ်ဖို့က မဖြစ်မနေ အရေးကြီးတယ်ဆိုတာ ကျနော်တို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ ဒီလိုနေရတဲ့အချိန်မှာ အမျိုးသမီးတွေ အိမ်တွင်း ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ပိတ်မိသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းတပ်တွေအတွင်း စီးပွားရေးနဲ့ လူမှုရေး ကျပ်တည်းမှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ တိုးလာနေတာနဲ့အမ ျှ ကမ္ဘာတဝှမ်းမှာ အိမ်တွင်း အကြမ်းဖက်မှုတွေလည်း ကြောက်ခမန်းလိလိ တိုးလာတာကို ကျနော်တို့ တွေ့ကြရပါတယ်။''


ခုလိုအချိန်မျိုးမှာ နိုင်ငံအစိုးရတွေ အနေနဲ့ COVID-19 တုံ့ပြန် ဆောင်ရွက်မှုတွေမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ကာကွယ်တားဆီးရေးကို အဓိက အစိတ်အပိုင်းတခုအဖြစ် ထည့်သွင်း ကိုင်တွယ် လုပ်ဆောင်ဖို့ မစ္စတာ Gueterress က တိုက်တွန်းထားပါတယ်။ အကြမ်းဖက်ခံရသူတွေကို ကူညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေကို ခုချိန်မှာ ပိုပြီး ကူညီပံ့ပိုးပေးတာ၊ ဖုန်းနဲ့ အွန်လိုင်းပေါ်ကနေ အကူအညီတောင်းခံနိုင်တဲ့ ဝန်ဆောင်မှုတွေ တိုးချဲ့ ပေးတာလို ဆောင်ရွက်ချက်တွေကို အစိုးရတွေက ခုချိန်မှာ အလေးအနက်ထား လုပ်ဆောင်ဖို့ သူက တိုက်တွန်းပါတယ်။

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားရာမှာ လူစုလူဝေး လုပ်တာတွေကိုရှောင်ပြီး တယောက်နဲ့ တယောက် ခပ်ခွာခွာနေကြဖို့၊ ဖြစ်နိုင်ရင် နေအိမ်ကနေ အပြင်မထွက်ဖို့ ဆိုတဲ့ ညွှန်ကြားချက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်လာကြရသလို၊ ဒီအနေအထားအောက်မှာ စီးပွားရေး လုပ်ငန်း ကြီး ငယ်မရွေး ထိခိုက်မှုတွေ ရှိလာပြီး လူတွေ သန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်လာတဲ့တချိန်တည်းမှာပဲ အိမ်တွင်း ပြဿနာတွေက တပူပေါ်တပူဆင့် ကြုံလာကြရတာပါ။ ဒီလိုအခြေအနေမျိုးမှာ ထိခိုက်အလွယ်ဆုံးကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပဲ ဖြစ်နေတာမို့ သူတို့အတွက် ထိရောက်တဲ့ အကာအကွယ်ပေးမှုတွေကို စနစ်တကျ ချမှတ်လုပ်ဆောင်ဖို့ လိုအပ်နေတယ် ဆိုတာကို တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။

XS
SM
MD
LG