သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာကပ္ေဘးကာလ ကေလးမိခင္ေတြရဲ႕ ႐ုန္းကန္မႈ


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ တေန႔တျခား တိုးလာေနတာနဲ႔အမ ွ် လူေတြ မလိုအပ္ဘဲ အျပင္မထြက္ၾကဖို႔ ၊ တေယာက္နဲ႔တ တေယာက္ ခပ္ခြာခြာ ေနၾကဖို႔ ၫႊန္ၾကားခ်က္ေတြကို တာဝန္ရွိသူေတြက ပိုၿပီး တင္းတင္းက်ပ္က်ပ္ ခ်မွတ္ ေစာင့္ၾကပ္ လာၾကပါတယ္။ အခုဆိုရင္ အမရိကန္ဝန္ထမ္း အမ်ားစု ေနအိမ္ေတြမွာပဲ အလုပ္လုပ္ေနၾကရသလို၊ အလုပ္ခ်ိန္ ေလ ွ်ာ့ခ်ခံရသူေတြ၊ အလုပ္က လုံးဝ ရပ္နားခံလိုက္ရတဲ့ သူေတြကလည္း သန္းနဲ႔ခ်ီ ရွိေနပါတယ္။ တခ်ိန္တည္းမွာပဲ မျဖစ္မေန အိမ္ျပင္ထြက္ အလုပ္လုပ္ရသူေတြအတြက္ အႏၲရာယ္ ကလည္း ႀကီးလွပါတယ္။ ဒီလို အေျခအေနေေတြေအာက္မွာမွ စာသင္ေက်ာင္းေတြကလည္း ပိတ္ထားရတာေၾကာင့္ ကေလးငယ္ေတြ အတြက္ ပုံမွန္သင္ၾကားမႈ ပုံစံေတြ ေျပာင္းလဲသြားတဲ့ အေပၚမွာ စိုးရိမ္ေနၾကတဲ့ မိဘေတြလည္း အမ်ားအျပား ရွိေနတာပါ။ မျမင္ႏိုင္တဲ့ ဒီေရာဂါဆိုးႀကီးနဲ႔ပတ္သက္လို႔ စိုးရိမ္မႈေတြၾကား အေမရိကားမွာရွိေနတဲ့ ျမန္မာ မိခင္တခ်ိဳ႕ ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြနဲ႔ လက္ရွိအေျခအေနကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ဘယ္လို ႀကိဳးစား ႐ုန္းကန္ေနၾကရသလဲ ဆိုတာေတြကို ဒီတပတ္အမ်ိဳးသမီးက႑မွာ တင္ျပေပးခ်င္ပါတယ္။

အေမရိကန္ကန္ျပည္ေထာင္စုဟာ လက္ရွိ ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအမ်ားဆုံး ရွိေနတဲ့ ႏိုင္ငံပါ။ ေရာဂါျပန႔္ပြားမႈေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတဲ့ၾကားမွာကိုပဲ ကူးစက္မႈနဲ႔ေသဆုံးမႈေတြ တေန႔တျခား တိုးလာေနတာပါ။ လူေတြတေယာက္နဲ႔တေယာက္ ခပ္ခြာခြာေနၾကဖို႔၊ မလိုအပ္ဘဲအျပင္မထြက္ၾကဖို႔ ၫြန္ၾကားခ်က္ေတြ ရွိေနတဲ့တိုင္ေအာင္ မျဖစ္မေန အိမ္အျပင္ထြက္ အလုပ္ လုပ္ရသူေတြကလည္း ရွိေနဆဲပါ။ ပင္ဆဲလ္ေဗးနီးယားျပည္နယ္၊ Lancaster ျမိဳ႕က တိရစၦာန္ ေဆး႐ုံတခုမွာ အလုပ္လုပ္တဲ့ ကေလး တေယာက္မိခင္ မဝတ္မႈန္ ကေတာ့ တေန႔ တေန႔ သတင္းဆိုးေတြၾကား အလုပ္ သြားေနရတဲ့ သူ႔ရဲ႕ ပူပန္မႈကို ေျပာျပပါတယ္။

''အမွန္အတိုင္းေျပာရရင္ောတ့ မထြက္ခ်င္ဘူးေပါေ့နာ္။ အခုအခ်ိန္မွာက အိမ္ထဲမွာေနရတာက ေဘးအကင္းဆုံးပဲဆိုတာ သိေနေတာ့ မသြားခ်င္ဘူး။ ဒါေပမဲ့ မသြားလို႔ကလည္း မရေဘူး။ ဒီအလုပ္က လုပ္ကို လုပ္ေနရမယ္ဆိုေတာ့ အလုပ္ထဲ သြားရတာကိုပဲ စိတ္ထဲမွာ၊ ကိုယ္အျပင္ထြက္သြားၿပီးေတာ့မွ အိမ္ျပန္လာရတာကို ကိုယ့္ကိုယ္ကို မယုံသကၤာႀကီး ျဖစ္ေနတယ္။ ကိုယ့္ဆီမွာမ်ား ဒီပိုးႀကီးက ပါလာမလား။ ၿပီးရင္ ကိုယ္ကိုင္တဲ့ ပစၥည္းတခုခုမ်ား ကေလး ကိုင္လိုက္လို႔ ကေလးကိုမ်ား ကူးေနမလား။ အဲ့ဒီလို စိုးရိမ္စိတ္နဲ႔ စိတ္ဖိစီးမႈက အရမ္းမ်ားတယ္။ ကေလးရွိေနေတာ့ေလ။''

ေရာဂါကူးစက္ခံရမွာ စိုးရိမ္ရတဲ့ တခ်ိန္တည္းမွာပဲ လူေတြ အေတာ္မ်ားမ်ား အလုပ္ေတြျပဳတ္ကုန္တာ၊ အလုပ္နာရီ ေလ ွ်ာ့ခ်ခံရတာေတြကလည္း ရွိေနတာေၾကာင့္ လက္ရွိ အလုပ္ေလး ရပ္သြားမွာကိုလည္း စိုးရိမ္ရျပန္ပါတယ္။ ခင္ပြန္းျဖစ္သူက နာတာရွည္ ေရာဂါသည္ျဖစ္တာမို႔ မိသားစုအတြက္ တေယာက္တည္း ႐ုန္းကန္ေနရသူတြက္ ခုခ်ိန္ဟာ စိတ္ဖိစီးမႈ အမ်ားဆုံးပါပဲလို႔ မဝတ္မႈန္က ေျပာပါတယ္။

''အလုပ္က အခု အခ်ိန္နည္းသြားတာေပါ့။ တခ်ိဳ႕ အရင္က တပတ္ဆိုရင္ အခု ၂ ရက္ပဲလုပ္ရတယ္။ တပတ္မွာ ၂ ရက္ေပါ့။ အခ်ိန္နည္းသြားသလို ဝင္ေငြကလည္း ေလ်ာ့သြားတယ္။ ဒါေပမဲ့ ဘယ္ဟာကို ထပ္ၿပီး စိတ္ပူရလဲဆိုေတာ့ - တကယ္လို႔ ဒီေရာဂါ အေျခအေနေတြက ဒီေလာက္နဲ႔ ရပ္မသြားဘဲ ဆက္ၿပီး ဆိုးလာတယ္ဆိုလို႔ရွိရင္ ေဆးခန္းေတြ ဘာေတြပိတ္လိုက္မွာ စိုးရိမ္တာေပါ့ေလ။ အဲ့ဒီလို ပိတ္လိုက္ၿပီဆိုေတာ့ ဝင္ေငြက ဘာမွမရွိေတာ့ဘူးေလ။''

မဝတ္မႈန္လို အျပင္ထြက္ အလုပ္ လုပ္ေနရတဲ့ မိခင္ေတြရွိသလို၊ အခုခ်ိန္မွာ ေနအိမ္ကေန အလုပ္ လုပ္ေနၾကရတဲ့ မိခင္ေတြကလည္း ဒုနဲ႔ေဒးပါ။ ေန႔ကေလးထိန္းေက်ာင္းေတြနဲ႔ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အခ်ိန္၊ ေနအိမ္ကို ႐ုံးခန္းအျဖစ္ ေျပာင္းလဲအလုပ္ လုပ္ေနၾကရတဲ့ မိခင္တေယာက္ရဲ႕ အခက္အခဲ ကေရာ ဘယ္လိုပါလဲ။ ဗာဂ်ီးနီးယားျပည္နယ္က ကေလး ႏွစ္ေယာက္မိခင္ မေအးမြန္ ေျပာျပတာကိုလည္း နားေထာင္ၾကည့္ရေအာင္ပါ။

''အခု telework အိမ္မွာလုပ္ရတဲ့ work from home ေပါ့ေနာ္။ အိမ္ကေန အလုပ္ လုပ္ရတဲ့အခါက်ေတာ့ ကေလးေတြကလည္း ေက်ာင္းပိတ္ထားတဲ့အခါက်ေတာ့ အလုပ္မွာသြားလုပ္သလိုမ်ိဳး ၈ နာရီအတြင္းကို ၈ နာရီလံုး အလုပ္ လုပ္ေနရတာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့။ ကေလးေတြအိပ္ေနတဲ့အခ်ိန္တို႔။ မနက္ အေစာၾကီးထျပီး လုပ္ရတာမ်ိဳးတို႔ေပါ့ေနာ္။ အခုလည္း အလုပ္က ၄ နာရီခြဲ ကေနစျပီး လုပ္ခြင့္ေပးတယ္ဆိုေတာ့ မနက္ေစာေစာ ထလုပ္လုိ႔ရတာေပါ့။ အလုပ္မျပီးေသးဘူးဆိုရင္လည္း ညေန၊ ည သူတို႔အိပ္သြားတဲ့အခ်ိန္မွာ ျပန္လုပ္ရတာေတြေပါ့။ အလုပ္ျပီးေအာင္ လုပ္ရတာေတာ့ ရွိတာေပါ့။ အိမ္မွာလုပ္ရတာဆိုေတာ့ အခ်ိန္ ပိုေပးရတာမ်ိဳး ျဖစ္တာေပါ့ေနာ္။ တခါတေလ ေနာက္က ကေလးေတြ ဆူေနလို႔ ကိုယ္က အာ႐ုံစိုက္လို႔ မရလို႔ အလုပ္က မၿပီးလို႔ရွိရင္ ေနာက္ရက္ကို ၿပီးေအာင္ လုပ္ရတာတို႔။ အခ်ိန္ပိုယူၿပီး လုပ္ရတာတို႔ရွိတယ္။ ပိုၿပီးအားစိုက္ရတာေပါ့ေနာ္။ ေနာက္တခုက ကေလးေတြက အျပင္ကို မသြားရဘဲ အိမ္ထဲမွာခ်ည္းပဲ ေန ေနရတာဆိုေတာ့။ အရင္တုန္းကဆိုရင္ေတာ့ အိမ္နီးနားခ်င္း ကေလးေတြနဲ႔ကစားတယ္။ ဒါပေမဲ့ အခု လူတိုင္းက ဒီေရာဂါကို စိတ္ပူေနေတာ့ အိမ္နီးနားခ်င္း ကေလးေတြနဲ႔လည္း သြားေပး မကစားေတာ့ဘူး။ ဆိုေတာ့ ကေလးေတြအတြက္ေရာ လူႀကီးေတြ အတြက္ေရာ အခက္အခဲပါပဲ။''

ဒီလို အခက္အခဲၾကားမွာပဲ အဆိုးထဲက အေကာင္း သားသမီးေတြနဲ႔အတူ ေနခြင့္ရတာကိုေတာ့ ၀မ္းသာရတယ္လို႔လည္း မေအးမြန္က ေျပာပါတယ္။

''သူတို႔ကို ဂ႐ုစိုက္ေနရေတာ့ ပင္ေတာ့ ပင္ပန္းတာေပါ့။ ဒါေပမဲ့ အိမ္မွာ ေန ေနရတဲ့အတြက္ ကိုယ့္မ်က္စိေရွ႕မွာဆိုေတာ့၊ ေက်ာင္းမွာ အေ၀းမွာရွိေနသလိုေတာ့ မဟုတ္ဘူးေပါ့။ အရင္တုန္းက ကေလးကို ေန႔ကေလးထိန္းေက်ာင္း ထားတဲ့အတြက္ေၾကာင့္ ေန႔လည္စာ ဆိုရင္လည္း ေကာင္းေကာင္းစားရဲ႕လား။ အိပ္တဲ့အခ်ိန္လည္း ေကာင္းေကာင္း အိပ္ရဲ႕လား။ ေန႔ဆိုလို႔ရွိရင္ nap time ေပါ့။ ေန႔လယ္ အိပ္ရမယ့္အခ်ိန္မွာ ေကာာင္းေကာင္းအိပ္ရဲ႕လား ဆိုတာေတြစိတ္ပူရတာေပါ့။ ျပီးေတာ့ တျခား ကေလးေတြနဲ႔ ေဆာ့ရင္းနဲ႔ ခိုက္မိတာတို႔ ဘာတို႔ ျဖစ္မွာလဲစိုးရိမ္ရတာေတြ၊ ခုေတာ့ စိတ္ပူစရာ မလိုေတာ့ဘူးေပါ့။ ကိုယ့္ေရွ႕မွာ အိမ္မွာ အလုပ္လုပ္ရင္းနဲ႔ သူတို႔ကို ၾကည့္ရတဲ့အတြက္ေၾကာင့္ေပါ့။ အဲ့ဒါတခုေတာ့ work from home က လုပ္ရတာ ပိုျပီးေတာ့ ကေလးေတြနဲ႔ ပိုျပီးေတာ့ နီးကပ္မႈရွိတယ္။ ပိုျပီးေတာ့ ကိုယ္တိုင္ စိတ္တိုင္းက် သူတို႔ကို အနီးကပ္ ျပဳစုလို႔ရတာေပါ။''

ခင္ပြန္းျဖစ္သူက ေဆး ဝန္ထမ္းတေယာက္ ျဖစ္တာမို႔ ကေလးေတြအတြက္ ခုခ်ိန္မွာ ပိုၿပီး ဂ႐ုထားရတဲ့အေၾကာင္းလည္း မေအးမြန္က ေျပာျပပါတယ္။

''အစ္မ အမ်ိဳးသားက nurse သူနာျပဳ ဆိုေတာ့၊ သူတို႔ အခုဆိုရင္ တအား ဂ႐ုစိုက္ရတာေပါ့ေနာ္။ ဒီေရာဂါပိုးနဲ႔ ပတ္သက္ျပီးေတာ့။ အလုပ္ လုပ္ေနရတေပမဲ့ အိမ္ကလူေတြကို မကူးစက္ေအာင္လုိ႔ သူျပန္လာလို႔ရွိရင္လည္း ခါတိုင္း ဝင္ေနက် အိမ္ေရွ႕ေပါက္က မဝင္ဘဲ၊ ေနာက္ေဖးေပါက္ကေန ဝင္ၿပီးေတာ့ သူဝတ္လာတဲ့ အဝတ္အစားေတြကို အဝတ္ေလ ွ်ာ္စက္ထဲ တခါတည္း ထည့္၊ လက္ေတြဘာေတြေဆး၊ ေရခ်ိဳးၿပီးေတာ့မွ ကေလးေတြနဲ႔ ေတြ႕တာမ်ိဳး လုပ္တာေပါ့။ အၿမဲတမ္း အလုပ္မွာလည္း ဂ႐ုစိုက္ရတယ္။ အိမ္အတြက္လည္း ဂ႐ုစိုက္ရတာေပါ့။ ''

လက္ရွိ အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ အမ်ားဆုံး ရွိေနတဲ့ နယူးေယာက္ျပည္နယ္မွာ ေနထိုင္သူ ကေလးတေယာက္ မိခင္ မျမတ္ႏိုးေဇာ္ ကလည္း လက္ရွိ အက်ပ္အတည္းၾကားမွာ စာသင္ေက်ာင္းေတြပိတ္ထားရတာမို႔ သားျဖစ္သူအတြက္ ပညာေရး အဆက္ျပတ္မသြားေအာင္၊ တခ်ိန္တည္းမွာလည္း သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားရတာေတြမျဖစ္ရဘဲ ေလ့လာသင္ယူမႈေတြ ဆက္လုပ္ႏုိင္ဖို႔အတြက္ မိခင္တေယာက္အေနနဲ႔ ႀကိဳစာ႐ုန္းကန္း ေနရတယ္လို႔ေျပာပါတယ္။
'' ဒီအရြယ္က သိတယ္မလား။ သူတို႔ ေက်ာင္းတက္တဲ့အခါ အခ်င္းခ်င္း ထိေတြ႔ဆက္ဆံျပီးေတာ့ ေပါင္းသင္း ဆက္ဆံတဲ့အရြယ္ ဆိုေတာ့ေလ - အခု သားေတြ သမီးေတြ ေက်ာင္းသားေတြ အကုန္လံုး ေက်ာင္းပ်က္သြားတယ္။ ဒါေပမဲ့ ဒီအရြယ္က ၃ တန္းအရြယ္ဆိုေတာ့ စာ အေရးၾကီးတယ္။ သို႔ေသာ္လည္း က်န္တဲ့ဟာေတြကလည္း ပိုအေရးၾကီးလိမ့္မယ္။ က်မတို႔ကေလးေတြကို ရရွည္ ေရွ႕ေရးက်ရင္ အခုျဖစ္ခဲ့တာက ဘယ္လို impact သက္ေရာက္မႈေတြ ျဖစ္လာမလဲဆိုတာ က်မတုိ႔မသိဘူး။ စာနဲ႔ပတ္သက္တာက တမ်ိဳး။ ဒါေပမဲ့ သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာကလည္း က်မထင္တယ္။ အထူး သတိထားဖို႔လုိ္တယ္။ မိဘတေယာက္ အေနနဲ႔ေပါ့ေနာ္။ က်မ သား ဆိုရင္ အခု ေက်ာင္းပိတ္ကတည္းက အစားအစာ သိပ္မစားခ်င္သလို ျဖစ္ေနတယ္။ အဲ့ဒါမ်ိဳးေတြေပါ့ေနာ္။ ေက်ာင္းက အေရးၾကီးေပမဲ့လို႔ သူတုိ႔ အိပ္ခ်ိန္တန္ရင္ အိပ္လား။ စားခ်ိန္တန္ရင္ အရင္တုန္းကလို စားလား။ သူတို႔သူငယ္ခ်င္းေတြကို ဘယ္ေလာက္ေတာင္ လြမ္းေနလဲ။ အဲဒါေတြလည္း အေရးၾကီးတယ္လို႔ က်မ ထင္တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ စာေတြက ျပန္ဖတ္လို႔ရတယ္။ ဒါေပမဲ့ စိတ္နဲ႔ပတ္သက္တာက်ေတာ့ စာလို ျပန္လိုက္လို႔ မရဘူး။ အဲ့ဒါက အခုျဖစ္ေနရင္ အခု ဂ႐ုစိုက္ကိုင္တြယ္ဖို႔ အေရးၾကီးတယ္လို႔ ထင္တယ္။ ''

ဘယ္သူမွ ၾကိဳေတြးမထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ဆိုးၾကီး ဆိုက္ေရာက္လာတဲ့အခါမွာ မိခင္ေတြေရာက္ ကေလးငယ္ေတြေရာ အခက္အခဲ ၾကံဳၾကရတာပါ။ ေက်ာင္းစာသင္ႏွစ္ ေလးပံုတပံု ရပ္သြားရတာေၾကာင့္ ပုံမွန္သင္ၾကားမႈပံုစံကေန ပံုစံေျပာင္းလဲျပီး သင္ၾကားမႈပံုစံအသစ္ အေျခအေနသစ္ တခုေအာက္မွာ ေနသားက်ေအာင္ မိခင္ေရာ ကေလးေရာ ၾကိဳးစားၾကရတယ္လို႔လည္း မျမတ္ႏိုးေဇာ္က ေျပာျပပါတယ္။

''ပထမ တပတ္တုန္းကဆိုရင္ ပိုဆိုးတာေပါ့ေနာ္။ ပထမတပတ္တုန္းက ခ်က္ခ်င္း ေက်ာင္းပိတ္လိုက္ေတာ့ ဆရာမေတြကလည္း အဆင္သင့္ မျဖစ္ေသးဘူးထင္တယ္။ အိမ္စာေတြ စာအုပ္ေတြလည္း မေပးလိုက္ဘူးေလ။ ဆိုေတာ့ ကိုယ္ကပဲ - ကဲ.. ငါဘာလုပ္ရမလဲေပါ့ေနာ္။ ကေလးနဲ႔ တေန႔လံုးဆိုေတာ့။ အဲ့ဒီတုန္းက ပထမတပတ္ကေတာ့ သားကလည္း သိတယ္မလား။ ဆရာမက စာမလုပ္ခိုင္းဘဲ ကိုယ္ကပဲ အတင္းလုပ္ခိုင္းတယ္ ဆိုေတာ့ေလ သူက သိပ္မၾကိဳက္ဘူး။ ျပီးေတာ့ သူငယ္ခ်င္းေတြကိုလည္း အရမ္းလြမ္းေတာ့ တရက္ေတာင္ သူ တခါ အျပင္မွာေဆာ့ေနရင္းနဲ႔ သူငယ္ခ်င္းအိမ္ကို လမ္းေလ ွ်ာက္သြားလိုက္တယ္။ က်မက အိမ္ထဲမွာ ထမင္းခ်က္ေနတုန္းေပါ့ေနာ္။ အဲ့ဒါနဲ႔ သူ႔အသံမၾကားေတာ့ ခ်က္ခ်င္း သိလိုက္တယ္ေလ။ သူ ထြက္သြားတယ္ဆိုတာ။ အဲ့ဒါနဲ႔ သူ႔ေနာက္လိုက္သြားျပီးေတာ့ ရွင္းျပရတာေပါ့ေနာ္။ အခုေလာေလာဆယ္ အရမ္းခက္တယ္။ သူငယ္ခ်င္းေတြနဲ႔ ေတြ႔လုိ႔မရဘူး။ ဆရာမကလည္း ေက်ာင္းလည္း မသြားရဘူး။ ဒါေပမဲ့ အေရးၾကီးတယ္ေပါ့ေန္ာ။ ျဖစ္ေနတဲ့ေရာဂါၾကီးက အိမ္မွာပဲေနရမယ္။ အဲ့ဒီလိုမ်ိဳး အျပင္သြားျပီးေတာ့ သူငယ္ခ်င္းေတြနဲ႔ ေတြ႔လို႔မရေသးတဲ့အခ်ိန္ေပါ့ေနာ္။ အိမ္မွာပဲေနရမယ္ေပါ့ေနာ္။ ''

ခင္ပြန္းျဖစ္သူက ဆရာဝန္ေတေယာက္ ျဖစ္တာမို႔ မိသားစု ေဘးကင္းေရးကိုလည္း အၿမဲ အာ႐ုံစိုက္ေနရၿပီး ပူပန္ေနရတယ္လို႔လည္း မျမတ္ႏိုးေဇာ္က ေျပာပါတယ္။ အသက္အ႐ြယ္မေ႐ြး၊ က်ားမ မေ႐ြး၊ ဆင္းရဲခ်မ္းသာမေ႐ြး လူသားအားလုံးရဲ႕ အသက္ရွင္ေနထိုင္မႈေတြကို အႏၲရာယ္ေပးလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ လူေတြရဲ႕ ေနထိုင္မႈပုံစံေတြ၊ လူမႈဘဝေတြမွာ အခက္အခဲေတြနဲ႔ အေျပာင္းအလဲေတြကေတာ့ သိသိသာသာ ႀကဳံလာေနရတာပါ။ ဒီလို အက်ပ္အတည္းကာလမွာ ကေလးမိခင္ေတြ ရင္ဆိုင္ရတဲ့ အခက္အခဲေတြ၊ အေတြ႕အႀကဳံေတြ ကေတာ့ ေျပာလို႔ကုန္ႏိုင္မယ္ မထင္ပါဘူး။ က်မတို႔ မိခင္ေတြ၊ ကမာၻသူ ကမာၻသားေတြ အားလုံး ကို႐ိုနာေရာဂါ ကပ္ေဘးကေန အျမန္ဆုံး ကင္းလြတ္ႏိုင္ၾကပါေစလို႔ ဆုေတာင္းရင္း ဒီတပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္


-----------------------------------------

[Unicode Version]

ကိုရိုနာကပ်ဘေးကာလ ကလေးမိခင်တွေရဲ့ရုန်းကန်မှု

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တနေ့တခြား တိုးလာနေတာနဲ့အမ ျှ လူတွေ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ၊ တယောက်နဲ့တ တယောက် ခပ်ခွာခွာ နေကြဖို့ ညွှန်ကြားချက်တွေကို တာဝန်ရှိသူတွေက ပိုပြီး တင်းတင်းကျပ်ကျပ် ချမှတ် စောင့်ကြပ် လာကြပါတယ်။ အခုဆိုရင် အမရိကန်ဝန်ထမ်း အများစု နေအိမ်တွေမှာပဲ အလုပ်လုပ်နေကြရသလို၊ အလုပ်ချိန် လေ ျှာ့ချခံရသူတွေ၊ အလုပ်က လုံးဝ ရပ်နားခံလိုက်ရတဲ့ သူတွေကလည်း သန်းနဲ့ချီ ရှိနေပါတယ်။ တချိန်တည်းမှာပဲ မဖြစ်မနေ အိမ်ပြင်ထွက် အလုပ်လုပ်ရသူတွေအတွက် အန္တရာယ် ကလည်း ကြီးလှပါတယ်။ ဒီလို အခြေအနေေတွေအောက်မှာမှ စာသင်ကျောင်းတွေေကလည်း ပိတ်ထားရတာကြောင့် ကလေးငယ်တွေ အတွက် ပုံမှန်သင်ကြားမှု ပုံစံတွေ ပြောင်းလဲသွားတဲ့ အပေါ်မှာ စိုးရိမ်နေကြတဲ့ မိဘတွေလည်း အများအပြား ရှိနေတာပါ။ မမြင်နိုင်တဲ့ ဒီရောဂါဆိုးကြီးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကြား အမေရိကားမှာရှိနေတဲ့ မြန်မာ မိခင်တချို့ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ လက်ရှိအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ ဘယ်လို ကြိုးစား ရုန်းကန်နေကြရသလဲ ဆိုတာတွေကို ဒီတပတ်အမျိုးသမီးကဏ္ဍမှာ တင်ပြပေးချင်ပါတယ်။

အမေရိကန်ကန်ပြည်ထောင်စုဟာ လက်ရှိ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး ရှိနေတဲ့ နိုင်ငံပါ။ ရောဂါပြန့်ပွားမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ကြားမှာကိုပဲ ကူးစက်မှုနဲ့သေဆုံးမှုတွေ တနေ့တခြား တိုးလာနေတာပါ။ လူတွေတယောက်နဲ့တယောက် ခပ်ခွာခွာနေကြဖို့၊ မလိုအပ်ဘဲအပြင်မထွက်ကြဖို့ ညွန်ကြားချက်တွေ ရှိနေတဲ့တိုင်အောင် မဖြစ်မနေ အိမ်အပြင်ထွက် အလုပ် လုပ်ရသူတွေကလည်း ရှိနေဆဲပါ။ ပင်ဆဲလ်ဗေးနီးယားပြည်နယ်၊ Lancaster မြို့က တိရစ္ဆာန် ဆေးရုံတခုမှာ အလုပ်လုပ်တဲ့ ကလေး တယောက်မိခင် မဝတ်မှုန် ကတော့ တနေ့ တနေ့ သတင်းဆိုးတွေကြား အလုပ် သွားနေရတဲ့ သူ့ရဲ့ ပူပန်မှုကို ပြောပြပါတယ်။

''အမှန်အတိုင်းပြောရရင်ောတ့ မထွက်ချင်ဘူးပေါေ့နာ်။ အခုအချိန်မှာက အိမ်ထဲမှာနေရတာက ဘေးအကင်းဆုံးပဲဆိုတာ သိနေတော့ မသွားချင်ဘူး။ ဒါပေမဲ့ မသွားလို့ကလည်း မရဘေူး။ ဒီအလုပ်က လုပ်ကို လုပ်နေရမယ်ဆိုတော့ အလုပ်ထဲ သွားရတာကိုပဲ စိတ်ထဲမှာ၊ ကိုယ်အပြင်ထွက်သွားပြီးတော့မှ အိမ်ပြန်လာရတာကို ကိုယ့်ကိုယ်ကို မယုံသင်္ကာကြီး ဖြစ်နေတယ်။ ကိုယ့်ဆီမှာများ ဒီပိုးကြီးက ပါလာမလား။ ပြီးရင် ကိုယ်ကိုင်တဲ့ ပစ္စည်းတခုခုများ ကလေး ကိုင်လိုက်လို့ ကလေးကိုများ ကူးနေမလား။ အဲ့ဒီလို စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုက အရမ်းများတယ်။ ကလေးရှိနေတော့လေ။''

ရောဂါကူးစက်ခံရမှာ စိုးရိမ်ရတဲ့ တချိန်တည်းမှာပဲ လူတွေ အတော်များများ အလုပ်တွေပြုတ်ကုန်တာ၊ အလုပ်နာရီ လေ ျှာ့ချခံရတာတွေကလည်း ရှိနေတာကြောင့် လက်ရှိ အလုပ်လေး ရပ်သွားမှာကိုလည်း စိုးရိမ်ရပြန်ပါတယ်။ ခင်ပွန်းဖြစ်သူက နာတာရှည် ရောဂါသည်ဖြစ်တာမို့ မိသားစုအတွက် တယောက်တည်း ရုန်းကန်နေရသူတွက် ခုချိန်ဟာ စိတ်ဖိစီးမှု အများဆုံးပါပဲလို့ မဝတ်မှုန်က ပြောပါတယ်။

''အလုပ်က အခု အချိန်နည်းသွားတာပေါ့။ တချို့ အရင်က တပတ်ဆိုရင် အခု ၂ ရက်ပဲလုပ်ရတယ်။ တပတ်မှာ ၂ ရက်ပေါ့။ အချိန်နည်းသွားသလို ဝင်ငွေကလည်း လျော့သွားတယ်။ ဒါပေမဲ့ ဘယ်ဟာကို ထပ်ပြီး စိတ်ပူရလဲဆိုတော့ - တကယ်လို့ ဒီရောဂါ အခြေအနေတွေက ဒီလောက်နဲ့ ရပ်မသွားဘဲ ဆက်ပြီး ဆိုးလာတယ်ဆိုလို့ရှိရင် ဆေးခန်းတွေ ဘာတွေပိတ်လိုက်မှာ စိုးရိမ်တာပေါ့လေ။ အဲ့ဒီလို ပိတ်လိုက်ပြီဆိုတော့ ဝင်ငွေက ဘာမှမရှိတော့ဘူးလေ။''

မဝတ်မှုန်လို အပြင်ထွက် အလုပ် လုပ်နေရတဲ့ မိခင်တွေရှိသလို၊ အခုချိန်မှာ နေအိမ်ကနေ အလုပ် လုပ်နေကြရတဲ့ မိခင်တွေကလည်း ဒုနဲ့ဒေးပါ။ နေ့ကလေးထိန်းကျောင်းတွေနဲ့ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အချိန်၊ နေအိမ်ကို ရုံးခန်းအဖြစ် ပြောင်းလဲအလုပ် လုပ်နေကြရတဲ့ မိခင်တယောက်ရဲ့ အခက်အခဲ ကရော ဘယ်လိုပါလဲ။ ဗာဂျီးနီးယားပြည်နယ်က ကလေး နှစ်ယောက်မိခင် မအေးမွန် ပြောပြတာကိုလည်း နားထောင်ကြည့်ရအောင်ပါ။

''အခု telework အိမ်မှာလုပ်ရတဲ့ work from home ပေါ့နော်။ အိမ်ကနေ အလုပ် လုပ်ရတဲ့အခါကျတော့ ကလေးတွေကလည်း ကျောင်းပိတ်ထားတဲ့အခါကျတော့ အလုပ်မှာသွားလုပ်သလိုမျိုး ၈ နာရီအတွင်းကို ၈ နာရီလုံး အလုပ် လုပ်နေရတာမျိုးတော့ မဟုတ်ဘူးပေါ့။ ကလေးတွေအိပ်နေတဲ့အချိန်တို့။ မနက် အစောကြီးထပြီး လုပ်ရတာမျိုးတို့ပေါ့နော်။ အခုလည်း အလုပ်က ၄ နာရီခွဲ ကနေစပြီး လုပ်ခွင့်ပေးတယ်ဆိုတော့ မနက်စောစော ထလုပ်လို့ရတာပေါ့။ အလုပ်မပြီးသေးဘူးဆိုရင်လည်း ညနေ၊ ည သူတို့အိပ်သွားတဲ့အချိန်မှာ ပြန်လုပ်ရတာတွေပေါ့။ အလုပ်ပြီးအောင် လုပ်ရတာတော့ ရှိတာပေါ့။ အိမ်မှာလုပ်ရတာဆိုတော့ အချိန် ပိုပေးရတာမျိုး ဖြစ်တာပေါ့နော်။ တခါတလေ နောက်က ကလေးတွေ ဆူနေလို့ ကိုယ်က အာရုံစိုက်လို့ မရလို့ အလုပ်က မပြီးလို့ရှိရင် နောက်ရက်ကို ပြီးအောင် လုပ်ရတာတို့။ အချိန်ပိုယူပြီး လုပ်ရတာတို့ရှိတယ်။ ပိုပြီးအားစိုက်ရတာပေါ့နော်။ နောက်တခုက ကလေးတွေက အပြင်ကို မသွားရဘဲ အိမ်ထဲမှာချည်းပဲ နေ နေရတာဆိုတော့။ အရင်တုန်းကဆိုရင်တော့ အိမ်နီးနားချင်း ကလေးတွေနဲ့ကစားတယ်။ ဒါပမေဲ့ အခု လူတိုင်းက ဒီရောဂါကို စိတ်ပူနေတော့ အိမ်နီးနားချင်း ကလေးတွေနဲ့လည်း သွားပေး မကစားတော့ဘူး။ ဆိုတော့ ကလေးတွေအတွက်ရော လူကြီးတွေ အတွက်ရော အခက်အခဲပါပဲ။''

ဒီလို အခက်အခဲကြားမှာပဲ အဆိုးထဲက အကောင်း သားသမီးတွေနဲ့အတူ နေခွင့်ရတာကိုတော့ ဝမ်းသာရတယ်လို့လည်း မအေးမွန်က ပြောပါတယ်။

''သူတို့ကို ဂရုစိုက်နေရတော့ ပင်တော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့ အိမ်မှာ နေ နေရတဲ့အတွက် ကိုယ့်မျက်စိရှေ့မှာဆိုတော့၊ ကျောင်းမှာ အဝေးမှာရှိနေသလိုတော့ မဟုတ်ဘူးပေါ့။ အရင်တုန်းက ကလေးကို နေ့ကလေးထိန်းကျောင်း ထားတဲ့အတွက်ကြောင့် နေ့လည်စာ ဆိုရင်လည်း ကောင်းကောင်းစားရဲ့လား။ အိပ်တဲ့အချိန်လည်း ကောင်းကောင်း အိပ်ရဲ့လား။ နေ့ဆိုလို့ရှိရင် nap time ပေါ့။ နေ့လယ် အိပ်ရမယ့်အချိန်မှာ ကောာင်းကောင်းအိပ်ရဲ့လား ဆိုတာတွေစိတ်ပူရတာပေါ့။ ပြီးတော့ တခြား ကလေးတွေနဲ့ ဆော့ရင်းနဲ့ ခိုက်မိတာတို့ ဘာတို့ ဖြစ်မှာလဲစိုးရိမ်ရတာတွေ၊ ခုတော့ စိတ်ပူစရာ မလိုတော့ဘူးပေါ့။ ကိုယ့်ရှေ့မှာ အိမ်မှာ အလုပ်လုပ်ရင်းနဲ့ သူတို့ကို ကြည့်ရတဲ့အတွက်ကြောင့်ပေါ့။ အဲ့ဒါတခုတော့ work from home က လုပ်ရတာ ပိုပြီးတော့ ကလေးတွေနဲ့ ပိုပြီးတော့ နီးကပ်မှုရှိတယ်။ ပိုပြီးတော့ ကိုယ်တိုင် စိတ်တိုင်းကျ သူတို့ကို အနီးကပ် ပြုစုလို့ရတာပေါ။''

ခင်ပွန်းဖြစ်သူက ဆေး ဝန်ထမ်းတယောက် ဖြစ်တာမို့ ကလေးတွေအတွက် ခုချိန်မှာ ပိုပြီး ဂရုထားရတဲ့အကြောင်းလည်း မအေးမွန်က ပြောပြပါတယ်။

''အစ်မ အမျိုးသားက nurse သူနာပြု ဆိုတော့၊ သူတို့ အခုဆိုရင် တအား ဂရုစိုက်ရတာပေါ့နော်။ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီးတော့။ အလုပ် လုပ်နေရတပေမဲ့ အိမ်ကလူတွေကို မကူးစက်အောင်လို့ သူပြန်လာလို့ရှိရင်လည်း ခါတိုင်း ဝင်နေကျ အိမ်ရှေ့ပေါက်က မဝင်ဘဲ၊ နောက်ဖေးပေါက်ကနေ ဝင်ပြီးတော့ သူဝတ်လာတဲ့ အဝတ်အစားတွေကို အဝတ်လေ ျှာ်စက်ထဲ တခါတည်း ထည့်၊ လက်တွေဘာတွေဆေး၊ ရေချိုးပြီးတော့မှ ကလေးတွေနဲ့ တွေ့တာမျိုး လုပ်တာပေါ့။ အမြဲတမ်း အလုပ်မှာလည်း ဂရုစိုက်ရတယ်။ အိမ်အတွက်လည်း ဂရုစိုက်ရတာပေါ့။ ''

လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အများဆုံး ရှိနေတဲ့ နယူးယောက်ပြည်နယ်မှာ နေထိုင်သူ ကလေးတယောက် မိခင် မမြတ်နိုးဇော် ကလည်း လက်ရှိ အကျပ်အတည်းကြားမှာ စာသင်ကျောင်းတွေပိတ်ထားရတာမို့ သားဖြစ်သူအတွက် ပညာရေး အဆက်ပြတ်မသွားအောင်၊ တချိန်တည်းမှာလည်း သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာတွေမဖြစ်ရဘဲ လေ့လာသင်ယူမှုတွေ ဆက်လုပ်နိုင်ဖို့အတွက် မိခင်တယောက်အနေနဲ့ ကြိုစာရုန်းကန်း နေရတယ်လို့ပြောပါတယ်။
'' ဒီအရွယ်က သိတယ်မလား။ သူတို့ ကျောင်းတက်တဲ့အခါ အချင်းချင်း ထိတွေ့ဆက်ဆံပြီးတော့ ပေါင်းသင်း ဆက်ဆံတဲ့အရွယ် ဆိုတော့လေ - အခု သားတွေ သမီးတွေ ကျောင်းသားတွေ အကုန်လုံး ကျောင်းပျက်သွားတယ်။ ဒါပေမဲ့ ဒီအရွယ်က ၃ တန်းအရွယ်ဆိုတော့ စာ အရေးကြီးတယ်။ သို့သော်လည်း ကျန်တဲ့ဟာတွေကလည်း ပိုအရေးကြီးလိမ့်မယ်။ ကျမတို့ကလေးတွေကို ရရှည် ရှေ့ရေးကျရင် အခုဖြစ်ခဲ့တာက ဘယ်လို impact သက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာ ကျမတို့မသိဘူး။ စာနဲ့ပတ်သက်တာက တမျိုး။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း ကျမထင်တယ်။ အထူး သတိထားဖို့လိုတယ်။ မိဘတယောက် အနေနဲ့ပေါ့နော်။ ကျမ သား ဆိုရင် အခု ကျောင်းပိတ်ကတည်းက အစားအစာ သိပ်မစားချင်သလို ဖြစ်နေတယ်။ အဲ့ဒါမျိုးတွေပေါ့နော်။ ကျောင်းက အရေးကြီးပေမဲ့လို့ သူတို့ အိပ်ချိန်တန်ရင် အိပ်လား။ စားချိန်တန်ရင် အရင်တုန်းကလို စားလား။ သူတို့သူငယ်ချင်းတွေကို ဘယ်လောက်တောင် လွမ်းနေလဲ။ အဲဒါတွေလည်း အရေးကြီးတယ်လို့ ကျမ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာတွေက ပြန်ဖတ်လို့ရတယ်။ ဒါပေမဲ့ စိတ်နဲ့ပတ်သက်တာကျတော့ စာလို ပြန်လိုက်လို့ မရဘူး။ အဲ့ဒါက အခုဖြစ်နေရင် အခု ဂရုစိုက်ကိုင်တွယ်ဖို့ အရေးကြီးတယ်လို့ ထင်တယ်။ ''

ဘယ်သူမှ ကြိုတွေးမထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကြီး ဆိုက်ရောက်လာတဲ့အခါမှာ မိခင်တွေရောက် ကလေးငယ်တွေရော အခက်အခဲ ကြုံကြရတာပါ။ ကျောင်းစာသင်နှစ် လေးပုံတပုံ ရပ်သွားရတာကြောင့် ပုံမှန်သင်ကြားမှုပုံစံကနေ ပုံစံပြောင်းလဲပြီး သင်ကြားမှုပုံစံအသစ် အခြေအနေသစ် တခုအောက်မှာ နေသားကျအောင် မိခင်ရော ကလေးရော ကြိုးစားကြရတယ်လို့လည်း မမြတ်နိုးဇော်က ပြောပြပါတယ်။

''ပထမ တပတ်တုန်းကဆိုရင် ပိုဆိုးတာပေါ့နော်။ ပထမတပတ်တုန်းက ချက်ချင်း ကျောင်းပိတ်လိုက်တော့ ဆရာမတွေကလည်း အဆင်သင့် မဖြစ်သေးဘူးထင်တယ်။ အိမ်စာတွေ စာအုပ်တွေလည်း မပေးလိုက်ဘူးလေ။ ဆိုတော့ ကိုယ်ကပဲ - ကဲ.. ငါဘာလုပ်ရမလဲပေါ့နော်။ ကလေးနဲ့ တနေ့လုံးဆိုတော့။ အဲ့ဒီတုန်းက ပထမတပတ်ကတော့ သားကလည်း သိတယ်မလား။ ဆရာမက စာမလုပ်ခိုင်းဘဲ ကိုယ်ကပဲ အတင်းလုပ်ခိုင်းတယ် ဆိုတော့လေ သူက သိပ်မကြိုက်ဘူး။ ပြီးတော့ သူငယ်ချင်းတွေကိုလည်း အရမ်းလွမ်းတော့ တရက်တောင် သူ တခါ အပြင်မှာဆော့နေရင်းနဲ့ သူငယ်ချင်းအိမ်ကို လမ်းလေ ျှာက်သွားလိုက်တယ်။ ကျမက အိမ်ထဲမှာ ထမင်းချက်နေတုန်းပေါ့နော်။ အဲ့ဒါနဲ့ သူ့အသံမကြားတော့ ချက်ချင်း သိလိုက်တယ်လေ။ သူ ထွက်သွားတယ်ဆိုတာ။ အဲ့ဒါနဲ့ သူ့နောက်လိုက်သွားပြီးတော့ ရှင်းပြရတာပေါ့နော်။ အခုလောလောဆယ် အရမ်းခက်တယ်။ သူငယ်ချင်းတွေနဲ့ တွေ့လို့မရဘူး။ ဆရာမကလည်း ကျောင်းလည်း မသွားရဘူး။ ဒါပေမဲ့ အရေးကြီးတယ်ပေါ့နေ်ာ။ ဖြစ်နေတဲ့ရောဂါကြီးက အိမ်မှာပဲနေရမယ်။ အဲ့ဒီလိုမျိုး အပြင်သွားပြီးတော့ သူငယ်ချင်းတွေနဲ့ တွေ့လို့မရသေးတဲ့အချိန်ပေါ့နော်။ အိမ်မှာပဲနေရမယ်ပေါ့နော်။ ''

ခင်ပွန်းဖြစ်သူက ဆရာဝန်တေယောက် ဖြစ်တာမို့ မိသားစု ဘေးကင်းရေးကိုလည်း အမြဲ အာရုံစိုက်နေရပြီး ပူပန်နေရတယ်လို့လည်း မမြတ်နိုးဇော်က ပြောပါတယ်။ အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ ဆင်းရဲချမ်းသာမရွေး လူသားအားလုံးရဲ့ အသက်ရှင်နေထိုင်မှုတွေကို အန္တရာယ်ပေးလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့မှုတွေကြောင့် လူတွေရဲ့ နေထိုင်မှုပုံစံတွေ၊ လူမှုဘဝတွေမှာ အခက်အခဲတွေနဲ့ အပြောင်းအလဲတွေကတော့ သိသိသာသာ ကြုံလာနေရတာပါ။ ဒီလို အကျပ်အတည်းကာလမှာ ကလေးမိခင်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေ ကတော့ ပြောလို့ကုန်နိုင်မယ် မထင်ပါဘူး။ ကျမတို့ မိခင်တွေ၊ ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး ကိုရိုနာရောဂါ ကပ်ဘေးကနေ အမြန်ဆုံး ကင်းလွတ်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီတပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG