သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ေနာက္ထပ္ ၄ ေယာက္ COVID-19 ကူးစက္


ေ၀ဘာဂီေဆးရံု (ဇန္န၀ါရီ ၃၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတည္ျပဳႏိုင္သူ ေနာက္ထပ္ ၄ ေယာက္ ထပ္ေတြ႔တဲ့အတြက္ စုစုေပါင္း ၁၉ ေယာက္႐ွိၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေျပာပါတယ္။

သတင္းဓာတ္ပံု - Ministry of Health and Sports, Myanmar
သတင္းဓာတ္ပံု - Ministry of Health and Sports, Myanmar

အတည္ျပဳလူနာ Case - 15 ရဲ႕ မိသားစုဝင္ေတြျဖစ္ၾကတဲ့ အသက္ ၄၇ ႏွစ္အ႐ြယ္ ခင္ပြန္း၊ အသက္ ၁၀ ႏွစ္႐ြယ္ သားျဖစ္သူ၊ အသက္ ၈ ႏွစ္အ႐ြယ္သမီးျဖစ္သူနဲ႔ အဆက္ ၁၈ ႏွစ္အ႐ြယ္ တူမျဖစ္သူ တို႔ ျဖစ္ၾကပါတယ္။

သူတုိ႔ကို ပဲခူးတိုင္းေဒသႀကီး ေပါက္ေခါင္းၿမိဳ႕က ေနအိမ္မွာ ေစာင့္ၾကည့္ၿပီး ေဆးစစ္ခဲ့တာကေန COVID-19 ေရာဂါ႐ွိေနေၾကာင္း ေတ႔ြခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အခုေတာ့ သူတို႔ကို သတ္မွတ္ေဆး႐ံုေတြမွာ သီးျခားခဲြကုသေပးမွာျဖစ္ပါတယ္။ ဒီကေန႔ ဧၿပီ ၂ ရက္ေန႔အထိ COVID-19 အတည္ျပဳလူနာ ၁၉ ေယာက္မွာ လူနာသစ္ ၄ ေယာက္အပါအဝင္ ၁၇ ေယာက္ရဲ႕ က်န္းမာေရးအေျခအေန တည္ၿငိမ္တယ္လို႔ က်န္းမာေရးဌာနထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

က်န္ ၂ ေယာက္ကေတာ့ ေဝဘာဂီ အထူးကုေဆး႐ံု အထူးၾကပ္မတ္ခန္းမွာ သီးျခားၿပီး ေဆးကုေပးေနတယ္လို႔လည္း ေျပာပါတယ္။

ေစာင့္ၾကည့္လူနာနဲ႕ ေဆး႐ံု ဒါမွ မဟုတ္ အိမ္မွာ အသြား အလာကန္႔သတ္ၿပီး ေစာင့္ၾကည့္ခဲ့သူ ၆၂ ေယာက္ထဲက ဒီကေန႔ ေရာဂါအတည္ျပဳသူ ၄ ေယာက္လဲြလို႔ က်န္တဲ့ ၅၈ ေယာက္မွာ Coronavirus ပုိးကင္း႐ွင္းတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါေၾကာင့္ ေသဆံုးသူေလာေလာဆယ္ ၁ ေယာက္ ႐ွိပါတယ္႐ွင္။

ျမန္မာမွာ ေနာက္ထပ္ ၄ ေယာက္ COVID-19 ကူးစက္
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာမှာ နောက်ထပ် ၄ ယောက် COVID-19 ကူးစက်

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုနိုင်သူ နောက်ထပ် ၄ ယောက် ထပ်တွေ့တဲ့အတွက် စုစုပေါင်း ၁၉ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။

အတည်ပြုလူနာ Case - 15 ရဲ့ မိသားစုဝင်တွေဖြစ်ကြတဲ့ အသက် ၄၇ နှစ်အရွယ် ခင်ပွန်း၊ အသက် ၁၀ နှစ်ရွယ် သားဖြစ်သူ၊ အသက် ၈ နှစ်အရွယ်သမီးဖြစ်သူနဲ့ အဆက် ၁၈ နှစ်အရွယ် တူမဖြစ်သူ တို့ ဖြစ်ကြပါတယ်။

သူတို့ကို ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့က နေအိမ်မှာ စောင့်ကြည့်ပြီး ဆေးစစ်ခဲ့တာကနေ COVID-19 ရောဂါရှိနေကြောင်း တေ့ွခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုတော့ သူတို့ကို သတ်မှတ်ဆေးရုံတွေမှာ သီးခြားခွဲကုသပေးမှာဖြစ်ပါတယ်။ ဒီကနေ့ ဧပြီ ၂ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၁၉ ယောက်မှာ လူနာသစ် ၄ ယောက်အပါအဝင် ၁၇ ယောက်ရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန် ၂ ယောက်ကတော့ ဝေဘာဂီ အထူးကုဆေးရုံ အထူးကြပ်မတ်ခန်းမှာ သီးခြားပြီး ဆေးကုပေးနေတယ်လို့လည်း ပြောပါတယ်။

စောင့်ကြည့်လူနာနဲ့ ဆေးရုံ ဒါမှ မဟုတ် အိမ်မှာ အသွား အလာကန့်သတ်ပြီး စောင့်ကြည့်ခဲ့သူ ၆၂ ယောက်ထဲက ဒီကနေ့ ရောဂါအတည်ပြုသူ ၄ ယောက်လွဲလို့ ကျန်တဲ့ ၅၈ ယောက်မှာ Coronavirus ပိုးကင်းရှင်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ COVID 19 ရောဂါကြောင့် သေဆုံးသူလောလောဆယ် ၁ ယောက် ရှိပါတယ်ရှင်။

XS
SM
MD
LG