သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီး ကိုဗစ္ကူးစက္ခံရ


ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘက္။ (ႏုိဝင္ဘာ ၁၁၊ ၂၀၁၂)

(Zawgyi / Unicode)

သက္ေတာ္ ၉၅ ႏွစ္ရွိၿပီျဖစ္တဲ့ ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘက္ COVID-19 ကူးစက္ခံထားရတယ္လို႔ Buckingham နန္းေတာ္က တနဂၤေႏြေန႔က သတင္းထုတ္ျပန္ပါတယ္။ ျပင္းထန္တဲ့ ေရာဂါလကၡဏာေတြ မျပဘဲ သာမန္ အေအးမိတဲ့ လကၡဏာေတြေလာက္ပဲ ရွိတာမို႔ ဒီသီတင္းပတ္ထဲ ေပ့ါေပါ့ပါးပါး တာဝန္ေတြကိုေတာ့ လုပ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာပါတယ္။

ဘုရင္မႀကီးဟာ ေဆးကုသမႈ ဆက္ၿပီး ခံယူသြားမွာျဖစ္သလို သင့္ေတာ္တဲ့ လမ္းၫႊန္ခ်က္ေတြ အားလုံးကို လိုက္နာသြားမယ္လို႔လည္း နန္းေတာ္က ထုတ္ျပန္ပါတယ္။

ဘုရင္မႀကီးရဲ႕ အ႐ိုက္အရာကို ဆက္ခံရမယ့္ သက္ေတာ္ ၇၃ ႏွစ္ရွိၿပီျဖစ္တဲ့ Charles မင္းသားလည္း ဒီလ အေစာပိုင္းတုန္းက ကိုဗစ္ ကူးစက္ခဲ့တာပါ။ မၾကာေသးခင္ ရက္ပိုင္းေတြကပဲ ဘုရင္မႀကီးက သူ႔ရဲ႕သားေတာ္ Charles မင္းသားနဲ႔ ေတြ႔ဆုံခဲ့တယ္လို႔ နန္းေတာ္ သတင္းရင္းျမစ္တခုက ေျပာပါတယ္။

ကမၻာ့အသက္အႀကီးဆုံးနဲ႔ နန္းသက္အရွည္ဆုံး ဘုရင္မႀကီး အဲလိဇဘက္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းကလည္း တိတိက်က် မေဖာ္ျပတဲ့ က်န္းမာေရး အေျခအေနတခုေၾကာင့္ ေဆး႐ုံတညတက္ခဲ့ရတာပါ။ ဒီေနာက္ပိုင္း သူ႔ကို အနားယူဖို႔ ဆရာဝန္ေတြက အႀကံေပးခဲ့ပါတယ္။

ၿဗိတိန္ဘုရင္မႀကီး ကိုဗစ္ကူးစက္ခံရ
please wait

No media source currently available

0:00 0:00:53 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဗြိတိန်ဘုရင်မကြီး ကိုဗစ်ကူးစက်ခံရ

သက်တော် ၉၅ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် COVID-19 ကူးစက်ခံထားရတယ်လို့ Buckingham နန်းတော်က တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မပြဘဲ သာမန် အအေးမိတဲ့ လက္ခဏာတွေလောက်ပဲ ရှိတာမို့ ဒီသီတင်းပတ်ထဲ ပေ့ါပေါ့ပါးပါး တာဝန်တွေကိုတော့ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

ဘုရင်မကြီးဟာ ဆေးကုသမှု ဆက်ပြီး ခံယူသွားမှာဖြစ်သလို သင့်တော်တဲ့ လမ်းညွှန်ချက်တွေ အားလုံးကို လိုက်နာသွားမယ်လို့လည်း နန်းတော်က ထုတ်ပြန်ပါတယ်။

ဘုရင်မကြီးရဲ့ အရိုက်အရာကို ဆက်ခံရမယ့် သက်တော် ၇၃ နှစ်ရှိပြီဖြစ်တဲ့ Charles မင်းသားလည်း ဒီလ အစောပိုင်းတုန်းက ကိုဗစ် ကူးစက်ခဲ့တာပါ။ မကြာသေးခင် ရက်ပိုင်းတွေကပဲ ဘုရင်မကြီးက သူ့ရဲ့သားတော် Charles မင်းသားနဲ့ တွေ့ဆုံခဲ့တယ်လို့ နန်းတော် သတင်းရင်းမြစ်တခုက ပြောပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးနဲ့ နန်းသက်အရှည်ဆုံး ဘုရင်မကြီး အဲလိဇဘက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း တိတိကျကျ မဖော်ပြတဲ့ ကျန်းမာရေး အခြေအနေတခုကြောင့် ဆေးရုံတညတက်ခဲ့ရတာပါ။ ဒီနောက်ပိုင်း သူ့ကို အနားယူဖို့ ဆရာဝန်တွေက အကြံပေးခဲ့ပါတယ်။

XS
SM
MD
LG