[[Zawgyi/Unicode]]
ၿဗိတိန္ဘုရင္မႀကီး နန္းသက္ ၇၀ ျပည့္အထိမ္းအမွတ္အခမ္းအနားေတြကို ၿဗိတိန္နဲ႔ ဓနႆဟာယႏိုင္ငံေတြမွာ က်င္းပ ေနၾကပါတယ္။ ၿဗိတိန္မွာ ဒီေန႔ ၾကာသပေတးေန႔က စတင္ၿပီး အခမ္းအနားေတြကို ၄ ရက္ၾကာက်င္းပမွာျဖစ္ပါတယ္။ ၿဗိတိန္သမိုင္းမွာ နန္းသက္အရွည္ဆုံးျဖစ္တဲ့ သက္ေတာ္ ၉၆ ႏွစ္ ရွိၿပီျဖစ္တဲ့ ဒုတိယေျမာက္ Elizabeth ဘုရင္မႀကီးရဲ႕ တရားဝင္ေမြးေန႔ကို ဂုဏ္ျပဳတဲ့ စစ္ေရးျပအခမ္းအနားနဲ႔ ဒီေန႔ ဂုဏ္ျပဳပြဲေတြကို လန္ဒန္ၿမိဳ႕မွာ စတင္ခဲ့ပါတယ္။
Buckingham နန္းေတာ္ေရွ႕က ျပန္ထြက္သြားတဲ့ ျမင္းစီးတပ္ေတြကို ဘုရင္မႀကီးက နန္းေတာ္ လသာေဆာင္ကေန ထြက္ၿပီး ဗိုလ္႐ႈခံခဲ့ပါတယ္။
ဘုရင္မႀကီးရဲ႕ ဝမ္းကြဲေမာင္ေတာ္သူ Kent နယ္စားႀကီးနဲ႔အတူ တပ္ေတြကို ႏႈတ္ဆက္ခဲ့ပါတယ္။
နန္းေတာ္နားက Hyde Park ပန္းျခံႀကီးကေနလည္း အေျမွာက္ ၈၂ ခ်က္ပစ္ေဖာက္ၿပီး ဘုရင္မႀကီးကို ဂုဏ္ျပဳခဲ့ပါတယ္။ ဒီေန႔ျပဳလုပ္တဲ့ ဂုဏ္ျပဳပြဲ အခမ္းအနားမွာ ေတာ္ဝင္ေလတပ္နဲ႔ ေရတပ္က ရဟတ္ယဥ္ေတြ ေလယာဥ္ နန္းေတာ္ေပၚက ဂုဏ္ျပဳ ျဖတ္ပ်ံသန္းတာကိုလည္း ဘုရင္မႀကီးက သားသမီး ေျမးျမစ္ေတြနဲ႔အတူ နန္းေတာ္ လသာေဆာင္ကေန ထြက္ၾကည့္ခဲ့ပါတယ္။
လန္ဒန္မွာလုပ္တဲ့ ဘုရင္မႀကီး နန္းသက္ ၇၀ ျပည့္ Jubilee အခမ္းအနားအတြက္ လန္ဒန္ၿမိဳ႕မွာ လူေပါင္း ေထာင္ေပါင္းမ်ားစြ ာလာေရာက္ခဲ့ၾကပါတယ္။ ၄ ရက္ၾကာက်င္းပေနတဲ့ အထိမ္းအမွတ္ အခမ္းအနားေတြအတြင္း Buckingham နန္းေတာ္ေရွ႕ ဂီတေဖ်ာ္ေျဖပြဲ၊ လမ္းေတြေပၚမွာ လူေတြ စုေဝး ေန႔လည္စာစားပြဲေတြ ျပဳလုပ္ၾကမွာျဖစ္ပါတယ္။
[[Unicode]]
ဗြိတိန်ဘုရင်မကြီး နန်းသက် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွေကို ဗြိတိန်နဲ့ ဓနဿဟာယနိုင်ငံတွေမှာ ကျင်းပ နေကြပါတယ်။ ဗြိတိန်မှာ ဒီနေ့ ကြာသပတေးနေ့က စတင်ပြီး အခမ်းအနားတွေကို ၄ ရက်ကြာကျင်းပမှာဖြစ်ပါတယ်။ ဗြိတိန်သမိုင်းမှာ နန်းသက်အရှည်ဆုံးဖြစ်တဲ့ သက်တော် ၉၆ နှစ် ရှိပြီဖြစ်တဲ့ ဒုတိယမြောက် Elizabeth ဘုရင်မကြီးရဲ့ တရားဝင်မွေးနေ့ကို ဂုဏ်ပြုတဲ့ စစ်ရေးပြအခမ်းအနားနဲ့ ဒီနေ့ ဂုဏ်ပြုပွဲတွေကို လန်ဒန်မြို့မှာ စတင်ခဲ့ပါတယ်။
Buckingham နန်းတော်ရှေ့က ပြန်ထွက်သွားတဲ့ မြင်းစီးတပ်တွေကို ဘုရင်မကြီးက နန်းတော် လသာဆောင်ကနေ ထွက်ပြီး ဗိုလ်ရှုခံခဲ့ပါတယ်။
ဘုရင်မကြီးရဲ့ ဝမ်းကွဲမောင်တော်သူ Kent နယ်စားကြီးနဲ့အတူ တပ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။
နန်းတော်နားက Hyde Park ပန်းခြံကြီးကနေလည်း အမြှောက် ၈၂ ချက်ပစ်ဖောက်ပြီး ဘုရင်မကြီးကို ဂုဏ်ပြုခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ဂုဏ်ပြုပွဲ အခမ်းအနားမှာ တော်ဝင်လေတပ်နဲ့ ရေတပ်က ရဟတ်ယဉ်တွေ လေယာဉ် နန်းတော်ပေါ်က ဂုဏ်ပြု ဖြတ်ပျံသန်းတာကိုလည်း ဘုရင်မကြီးက သားသမီး မြေးမြစ်တွေနဲ့အတူ နန်းတော် လသာဆောင်ကနေ ထွက်ကြည့်ခဲ့ပါတယ်။
လန်ဒန်မှာလုပ်တဲ့ ဘုရင်မကြီး နန်းသက် ၇၀ ပြည့် Jubilee အခမ်းအနားအတွက် လန်ဒန်မြို့မှာ လူပေါင်း ထောင်ပေါင်းများစွ ာလာရောက်ခဲ့ကြပါတယ်။ ၄ ရက်ကြာကျင်းပနေတဲ့ အထိမ်းအမှတ် အခမ်းအနားတွေအတွင်း Buckingham နန်းတော်ရှေ့ ဂီတဖျော်ဖြေပွဲ၊ လမ်းတွေပေါ်မှာ လူတွေ စုဝေး နေ့လည်စာစားပွဲတွေ ပြုလုပ်ကြမှာဖြစ်ပါတယ်။