သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီဆိုင္ရာညီလာခံ တက္ေရာက္မယ္႔အစီအစဥ္ ၿဗိတိန္ဘုရင္မႀကီး ပယ္ဖ်က္


Queen Elizabeth II - 94th Birthday - 4/21/20

ဥတုရာသီဆိုင္ရာညီလာခံ တက္ေရာက္မယ္႔အစီအစဥ္ ၿဗိတိန္ဘုရင္မႀကီး ပယ္ဖ်က္

{{Zawgyi/Unicode}}

ၿဗိတိန္ဘုရင္မႀကီး Elizabeth ဟာ က်မ္းမာေရးအေျခအေနေၾကာင့္ လာမယ့္ ေအာက္တုိဘာကုန္၊ ဂလပ္စဂုိၿမိဳ႕မွာက်င္းပမယ့္ COP26 ကမၻာရာသီဥတု ညီလာခံမွာ ကုိတက္ေရာက္မယ့္အစီစဥ္ကုိ ပယ္ဖ်က္လုိက္ရပါတယ္။

က်မ္းမာေရးအေျခအေနေၾကာင့္ ဘုရင္မႀကီးကုိ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန့ညက ေဆးရုံတင္ခဲ့ရၿပီး၊ သူရဲ့ ဆရာ၀န္က အနားယူဖုိ့ သတ္မွတ္လုိက္တဲ့အတြက္ ဒီညီလာခံကုိ တက္ေရာက္မယ့္အစီစဥ္ ပယ္ဖ်က္ လုိက္ရတာပါ။

ကနဦးစမ္းသပ္မွုေတြေတာ့ျပုလုပ္ခဲ့ေပမယ့္ ဘာေရာဂါေ၀ဒနာခံစားေနရတယ္ဆုိတာ မသိရေသးပါဘူး၊ ဒါေပမယ့္ ကုိဗစ္ ၁၉ ေတာ့မဟုတ္ဘူးလုိ့တာ၀န္ရွိသူေတြကေျပာဆုိထားပါတယ္။

အသက္ ၉၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဘုရင္မႀကီးဟာ ေအာက္တုိဘာလ ၃၁ ရက္ေန့ တနလၤာေန့မွာစတင္ျပုလုပ္ မယ့္ကမၻာ့ရာသီဥတုဆုိင္ရာညီလာခံကို တက္ေရာက္ဖုိ့ရွိေနခဲ့တာပါ။ ဒီညီလာခံကုိ အေမရိကန္သမတ ဂ်ိဳးဘုိင္ဒင္၊ ၿဗိတိသွ်၀န္ႀကီးခ်ဳပ္ ေဘာရစ္ ဂၽြန္ဆင္၊ ၾသစေတ်းလ်၀န္ႀကီးခ်ဳပ္ စေကာ့ ေမာရစ္ဆင္ တုိ့လုိ ကမၻာေခါင္းေဆာင္ေတြလည္းတက္ေရာက္ၾကမွာျဖစ္ပါတယ္။

ဒီညီလာခံဖြင့္ပဲြကို ဘုရင္မႀကီး Elizabeth မတက္ေရာက္ႏုိင္ေပမယ့္၊ သူ့ရဲ့ သားေတာ္အႀကီး အိမ္ေရွ့မင္းသား ခ်ားလ္ မင္းသားနဲ့ ခ်ားရဲ့သားေတာ္ မင္းသား ၀ီလ်ံတုိ့ကေတာ့ တက္ေရာက္ မွာျဖစ္ပါတယ္။

........................................................

တိုက္႐ိုက္ လင့္ခ္

ဥတုရာသီဆိုင်ရာညီလာခံ တက်ရောက်မယ့်အစီအစဉ် ဗြိတိန်ဘုရင်မကြီး ပယ်ဖျက်

{{Unicode}}

ဗြိတိန်ဘုရင်မကြီး Elizabeth ဟာ ကျမ်းမာရေးအခြေအနေကြောင့် လာမယ့် အောက်တိုဘာကုန်၊ ဂလပ်စဂိုမြို့မှာကျင်းပမယ့် COP26 ကမ္ဘာရာသီဥတု ညီလာခံမှာ ကိုတက်ရောက်မယ့်အစီစဉ်ကို ပယ်ဖျက်လိုက်ရပါတယ်။

ကျမ်းမာရေးအခြေအနေကြောင့် ဘုရင်မကြီးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ဆေးရုံတင်ခဲ့ရပြီး၊ သူရဲ့ ဆရာဝန်က အနားယူဖို့ သတ်မှတ်လိုက်တဲ့အတွက် ဒီညီလာခံကို တက်ရောက်မယ့်အစီစဉ် ပယ်ဖျက် လိုက်ရတာပါ။

ကနဦးစမ်းသပ်မှုတွေတော့ပြုလုပ်ခဲ့ပေမယ့် ဘာရောဂါဝေဒနာခံစားနေရတယ်ဆိုတာ မသိရသေးပါဘူး၊ ဒါပေမယ့် ကိုဗစ် ၁၉ တော့မဟုတ်ဘူးလို့တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။

အသက် ၉၅ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးဟာ အောက်တိုဘာလ ၃၁ ရက်နေ့ တနင်္လာနေ့မှာစတင်ပြုလုပ် မယ့်ကမ္ဘာ့ရာသီဥတုဆိုင်ရာညီလာခံကို တက်ရောက်ဖို့ရှိနေခဲ့တာပါ။ ဒီညီလာခံကို အမေရိကန်သမတ ဂျိုးဘိုင်ဒင်၊ ဗြိတိသျှဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၊ သြစတျေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင် တို့လို ကမ္ဘာခေါင်းဆောင်တွေလည်းတက်ရောက်ကြမှာဖြစ်ပါတယ်။

ဒီညီလာခံဖွင့်ပွဲကို ဘုရင်မကြီး Elizabeth မတက်ရောက်နိုင်ပေမယ့်၊ သူ့ရဲ့ သားတော်အကြီး အိမ်ရှေ့မင်းသား ချားလ် မင်းသားနဲ့ ချားရဲ့သားတော် မင်းသား ဝီလျံတို့ကတော့ တက်ရောက် မှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG