သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်မှာ လွှတ်တော်အမတ်တွေ လုံခြုံရေး တိုးမြှင့်ဖို့စီစဉ်


ဗြိတိန် လွှတ်တော်အမတ် David Amess ဓားထိုးခံရတဲ့ နေရာအနီး လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၅၊ ၂၀၂၁)
ဗြိတိန် လွှတ်တော်အမတ် David Amess ဓားထိုးခံရတဲ့ နေရာအနီး လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ဗြိတိန် ကွန်ဆာဗေးတစ် လွှတ်တော်အမတ် David Amess သောကြာနေ့တုန်းက ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရပြီး သေဆုံးသွားတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လုံခြုံရေး တိုးမြှင့် အကာအကွယ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားလိုက်ပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌ၊ ရဲတပ်ဖွဲ့၊ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သူတို့လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နိုင်အောင် လုံခြုံရေးအစီအမံတွေ လုပ်ဖို့ ပြောထားပါတယ်။” လို့ တိုက်ခိုက်မှုဖြစ်ပြီး နောက်တနေ့မှာပဲ ပြည်ထဲရေးဝန်ကြီး Priti Patel က သတင်းထောက်တွေကို ပြောလိုက်တာပါ။

လွှတ်တော်အမတ် Amess အသတ်ခံရမှုဟာ ဒီမိုကရေစီစနစ်ကို တိုက်ခိုက်ရာ ရောက်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Lindsay Hoyle ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ လုံခြုံရေး ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းခဲ့တာပါ။

မဲဆန္ဒရှင်တွေနဲ့ ဘုရားကျောင်းတခုမှာ သွားရောက်တွေ့ဆုံစဉ် လွှတ်တော်အမတ် Amess ဓားနဲ့ထိုး အသတ်ခံရမှုဟာ အစ္စလာမ် အစွန်းရောက်ဝါဒီ တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့လည်း အာဏာပိုင်တွေ သံသယရှိနေပါတယ်။

အသက် ၆၉ နှစ်အရွယ် Amess ဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အသတ်ခံရတဲ့ ဒုတိယမြောက် လွှတ်တော်အမတ် ဖြစ်ခဲ့ပြီး နိုင်ငံရေးအသိုင်းအဝန်းက လေးစားခံရတဲ့ လွှတ်တော်အမတ် အသတ်ခံရမှုကြောင့် နိုင်ငံအဝန်းမှာ တုန်လှုပ် ဒေါသထွက်နေကြတာပါ။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇွန်လမှာတုန်းကလည်း လေဘာပါတီ လွှတ်တော်အမတ် Jo Cox ဟာ အခုလိုပဲ မဲဆန္ဒရှင်တွေနဲ့ သွားရောက်တွေ့ဆုံစဉ်မှာ လက်ယာစွန်းဝါဒီ စစ်သွေးကြွတဦးက သေနတ်နဲ့ပစ်၊ ဓားနဲ့ထိုး တိုက်ခိုက်ရာက သေဆုံးခဲ့ဖူးပါတယ်။

ဗြိတိန်မှာ လွှတ်တော်အမတ်တွေ လုံခြုံရေး တိုးမြှင့်ဖို့စီစဉ်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

--------------------

(Unicode)









XS
SM
MD
LG