သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ Heathrow ေလဆိပ္ ကိုဗစ္ကန္႔သတ္ခ်က္ေတြ ႐ုပ္သိမ္းလိုက္ၿပီ


A woman runs to greet a child as passengers arrive at Terminal 5 of Heathrow Airport in London, Monday, Aug. 2, 2021. Travelers fully vaccinated against coronavirus from the United States and much of Europe were able to enter Britain without…

ကိုဗစ္-၁၉ ကာကြယ္ေဆးအျပည့္ထိုးထားတဲ့ အေမရိကန္နဲ႔ ဥေရာပသမဂၢ အဖဲြ႕၀င္ ႏိုင္ငံအေတာ္မ်ားမ်ားက ခရီးသည္ေတြအေနနဲ႔ ၿဗိတိန္ႏိုင္ငံ လန္ဒန္ ဟီသ႐ိုးေလဆိပ္မွာ တနလၤာေန႔က ပထမဆံုးေန႔အျဖစ္ ကြာရန္တင္း လုပ္စရာမလိုပဲ ၀င္ခြင့္ရခဲ့ပါတယ္။
အခုလို ကိုဗစ္ကန္႔သတ္ခ်က္ျဖစ္တဲ့ ကြာရန္တင္း စည္းမ်ဥ္းစည္းကမ္းကို ႐ုပ္သိမ္းလိုက္တာဟာ ေအာင္ျမင္မႈမွတ္တိုင္တခုျဖစ္ေၾကာင္း ဟီသ႐ိုး ေလဆိပ္ အမႈေဆာင္အရာရွိခ်ဳပ္ John Holland-Kaye ကေျပာၾကားခဲ့ပါတယ္။


ဒါအျပင္ ကိုဗစ္-၁၉ ကပ္ေရာဂါ ကန္႔သတ္ခ်က္ေတြေၾကာင့္ ကဲြကြာေနရတဲ့ မိသားစုေတြအတြက္ ၁၈ လ အထိ ျပန္လည္ေတြ႕ဆံုခြင့္ ျပဳထားေၾကာင္းလည္း သူက ဆိုပါတယ္။ ေလဆိပ္မွာရွိတဲ့ ဗြီဒီယိုေတြကေန စိတ္လႈပ္ရွားမႈအျပည့္နဲ႔ ျပန္လည္ဆံုေတြၾကတဲ့ မိသားစုေတြကို ေတြ႕ျမင္ၾကရပါတယ္။


ဒါေပမဲ့ ေလဆိပ္ကို ေရာက္လာတဲ့ ခရီးသည္ေတြအေနနဲ႔ သူတို႔ ထြက္လာမယ့္ႏိုင္ငံက ေလယာဥ္ ေပၚမတက္ခင္မွာ ေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးခဲ့ရမွာျဖစ္သလို ၿဗိတိန္ႏိုင္ငံကို ေရာက္ၿပီး ႏွစ္ရက္အတြင္း မ်ဳိး႐ိုးဗီဇ ကြင္းဆက္တုန္႔ျပန္မႈ PCR ကိုဗစ္-၁၉ ကို စမ္းသပ္စစ္ေဆးရမွာျဖစ္ပါတယ္။ PCR စမ္းသပ္စစ္ေဆးမႈက ေစ်းႀကီးတဲ့ အတြက္ သူ႔အစားအျခားနည္းလမ္းကို ရွာေဖြဖို႔ Holland-Kaye က ၿဗိတိန္အစိုးရကို တိုက္တြန္းခဲ့ပါတယ္။
အိႏၵိယမွာပထမဆံုးေတြ႕ရွိခဲ့ၿပီး လက္ရွိ ၿဗိတိန္နဲ႕ အျခားႏိုင္ငံေတြမွာပါ ျမင့္တက္ေနတဲ့ Delta မ်ဳိးကဲြဗိုင္းရပ္စ္ပိုး ကူးစက္မႈဟာ ႏိုင္ငံတကာခရီးသြားေတြအတြက္ မေသခ်ာမေရရာမႈကို ျဖစ္ေစပါတယ္။ ဒါေပမဲ့လည္း ကာကြယ္ေဆးထိုးထားသူ ခရီးသြားေတြ အဲဒီထဲက အရြယ္ေရာက္ၿပီးသူ ၇၂ % ေက်ာ္ ကာကြယ္ေဆးအျပည့္အ၀ထိုးထားသူေတြ ၿဗိတိန္ႏိုင္ငံကို လာေရာက္ၾကတဲ့အတြက္ ကာကြယ္ေဆးအေပၚမွာယံုၾကည္မႈ ရရွိေစတယ္လို႔ Holland-Kaye ကေျပာဆိုခဲ့ပါတယ္။

ဒါေပမယ္လို႔ ျပင္သစ္ႏိုင္ငံမွာ beta မ်ဳိးကဲြဗိုင္းရပ္စ္ပိုးကူးစက္မႈစိုးရိမ္ခ်က္ေၾကာင့္ ျပင္သစ္ ခရီးသြားေတြအေနနဲ႔ ကြာရန္တင္း မျဖစ္မေန လုပ္ရမွာျဖစ္တယ္လို႔ ၿဗိတိန္မွာ ျပဌာန္းထားပါတယ္။

----------------------------------------

ဗြိတိန် Heathrow လေဆိပ် ကိုဗစ်ကန့်သတ်ချက်တွေ ရုပ်သိမ်းလိုက်ပြီ

ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအတော်များများက ခရီးသည်တွေအနေနဲ့ ဗြိတိန်နိုင်ငံ လန်ဒန် ဟီသရိုးလေဆိပ်မှာ တနင်္လာနေ့က ပထမဆုံးနေ့အဖြစ် ကွာရန်တင်း လုပ်စရာမလိုပဲ ဝင်ခွင့်ရခဲ့ပါတယ်။
အခုလို ကိုဗစ်ကန့်သတ်ချက်ဖြစ်တဲ့ ကွာရန်တင်း စည်းမျဉ်းစည်းကမ်းကို ရုပ်သိမ်းလိုက်တာဟာ အောင်မြင်မှုမှတ်တိုင်တခုဖြစ်ကြောင်း ဟီသရိုး လေဆိပ် အမှုဆောင်အရာရှိချုပ် John Holland-Kaye ကပြောကြားခဲ့ပါတယ်။
ဒါအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက်တွေကြောင့် ကွဲကွာနေရတဲ့ မိသားစုတွေအတွက် ၁၈ လ အထိ ပြန်လည်တွေ့ဆုံခွင့် ပြုထားကြောင်းလည်း သူက ဆိုပါတယ်။ လေဆိပ်မှာရှိတဲ့ ဗွီဒီယိုတွေကနေ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြန်လည်ဆုံတွေကြတဲ့ မိသားစုတွေကို တွေ့မြင်ကြရပါတယ်။
ဒါပေမဲ့ လေဆိပ်ကို ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ သူတို့ ထွက်လာမယ့်နိုင်ငံက လေယာဉ် ပေါ်မတက်ခင်မှာ ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ရမှာဖြစ်သလို ဗြိတိန်နိုင်ငံကို ရောက်ပြီး နှစ်ရက်အတွင်း မျိုးရိုးဗီဇ ကွင်းဆက်တုန့်ပြန်မှု PCR ကိုဗစ်-၁၉ ကို စမ်းသပ်စစ်ဆေးရမှာဖြစ်ပါတယ်။ PCR စမ်းသပ်စစ်ဆေးမှုက ဈေးကြီးတဲ့ အတွက် သူ့အစားအခြားနည်းလမ်းကို ရှာဖွေဖို့ Holland-Kaye က ဗြိတိန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
အိန္ဒိယမှာပထမဆုံးတွေ့ရှိခဲ့ပြီး လက်ရှိ ဗြိတိန်နဲ့ အခြားနိုင်ငံတွေမှာပါ မြင့်တက်နေတဲ့ Delta မျိုးကွဲဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ နိုင်ငံတကာခရီးသွားတွေအတွက် မသေချာမရေရာမှုကို ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ဆေးထိုးထားသူ ခရီးသွားတွေ အဲဒီထဲက အရွယ်ရောက်ပြီးသူ ၇၂ % ကျော် ကာကွယ်ဆေးအပြည့်အဝထိုးထားသူတွေ ဗြိတိန်နိုင်ငံကို လာရောက်ကြတဲ့အတွက် ကာကွယ်ဆေးအပေါ်မှာယုံကြည်မှု ရရှိစေတယ်လို့ Holland-Kaye ကပြောဆိုခဲ့ပါတယ်။
ဒါပေမယ်လို့ ပြင်သစ်နိုင်ငံမှာ beta မျိုးကွဲဗိုင်းရပ်စ်ပိုးကူးစက်မှုစိုးရိမ်ချက်ကြောင့် ပြင်သစ် ခရီးသွားတွေအနေနဲ့ quarantine ကွာရန်တင်း မဖြစ်မနေ လုပ်ရမှာဖြစ်တယ်လို့ ဗြိတိန်မှာ ပြဌာန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG