သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ကို ခရီးမသြားၾကဖို႔ ကန္ႏိုင္ငံျခားေရးဌာနသတိေပးတိုက္တြန္း


(Zawgyi/Unicode)
Covid-19 ေရာဂါကူးခံရသူေတြတိုးလာေနတဲ့ ၿဗိတိန္နုိင္ငံကိုခရီးမသြားၾကဖို႔ အေမရိကန္ႏုိင္ငံျခားေရးဌာနက ျပည္သူေတြကို တုိက္တြန္းလိုက္ပါတယ္။ ၿဗိတိန္ႏုိင္ငံအတြက္ ခရီးသြားလာမႈဆုိင္ရာသတိေပးခ်က္ကို အျမင့္ဆုံးအျဖစ္ ႏုိင္ငံျခားေရးဌာနကေရာ အေမရိကန္ ကူုးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန CDC ကပါ တနလၤာေန႔မွာ တိုးျမွင့္သတ္မွတ္လိုက္တာျဖစ္ပါတယ္။ ၿဗိတိန္ကိုခရီးသြားမယ္ဆိုရင္လည္း အရင္ဆုံး ကာကြယ္ေဆးအျပည့္ထိုးထားဖို႔လိုတယ္လို႔လည္း ေျပာပါတယ္။ "Freedom Day" ဆုိၿပီး ၿဗိတိန္ႏုိင္ငံမွာ ကပ္ေရာဂါဆုိင္ရာကန္႔သတ္ခ်က္အားလုံးနီးပါး ရုပ္သိမ္းလို္က္တဲ့ေန႔မွာပဲ အေမရိကန္ရဲ ႔ ခရီးသြားအႀကံေပးခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒီထဲမွာ ႏွာေခါင္းစည္း မျဖစ္မေနတပ္ဖို႔မလိုေတာ့သလို လူစုလူေ၀းမလုပ္ရကန္႔သတ္ခ်က္ေတြလည္း ေျဖေလ်ာ့ေပးတာလည္းပါပါတယ္။

ၿဗိတိန္မွာ ဇန္န၀ါရီလကစၿပီးေန႔စဥ္ပိုးကူးသူ ၅ ေသာင္းေက်ာ္ရွိေနၿပီး ကူးစက္ျမန္ Delta ပိုး အဓိကကူးစက္ေနတာပါ။ ကေနဒါႏိုင္ငံကေတာ့ ၾသဂုတ္လ ၉ ရက္ေန႔ကၿပီး အေမရိကန္နဲ႔နယ္စပ္ကိုျပန္ဖြင့္မွာျဖစ္သလို ၇၂ နာရီအတြင္း ပိုးမရွိေၾကာင္း ေဆးစစ္ထားတဲ့သူေတြကို ၀င္ခြင့္ျပဳမယ္လို႔ တနလၤာေန႔က ေၾကျငာပါတယ္။ စက္တင္ဘာ ၇ ရက္ေန႔ကစၿပီး ကာကြယ္ေဆးအျပည့္ထိုးထားသူတဲ့ တျခားတုိင္းျပည္ကလူေတြကို ၀င္ခြင့္ေပးမယ္လို႔လည္းကေနဒါ တာ၀န္ရွိသူေတြကေျပာပါတယ္။ ၂၀၂၀ မတ္လကစၿပီး အေမရိကန္နဲ႔ ကေနဒါႏိုင္ငံၾကားမလိုအပ္ပဲ ခရီးသြားတာအားလုံးတားျမစ္ဖို႔ သေဘာတူထားတာပါ။

တခါၾသစေတးလ် ေတာင္ပိုင္းျပည္နယ္မွာလည္းပိုးကူးသူသစ္ ၅ ဦးေတြ႔ရွိခဲ့တာေၾကာင့္ အဂၤါေန႔ကစၿပီး တပတ္ၾကာကန္႔သတ္ခ်က္ေတြ ျပန္လိုက္ပါတယ္။ Victoria နဲ႔ New South Wales ျပည္နယ္ေတြမွာလည္း ဂၽြန္လေနွာင္းပိုင္းကတည္းက ကန္႔သတ္ခ်က္ေတြထုတ္ျပန္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

Covid-19 ရောဂါကူးခံရသူတွေတိုးလာနေတဲ့ ဗြိတိန်နိုင်ငံကိုခရီးမသွားကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ ဗြိတိန်နိုင်ငံအတွက် ခရီးသွားလာမှုဆိုင်ရာသတိပေးချက်ကို အမြင့်ဆုံးအဖြစ် နိုင်ငံခြားရေးဌာနကရော အမေရိကန် ကူုးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC ကပါ တနင်္လာနေ့မှာ တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဗြိတိန်ကိုခရီးသွားမယ်ဆိုရင်လည်း အရင်ဆုံး ကာကွယ်ဆေးအပြည့်ထိုးထားဖို့လိုတယ်လို့လည်း ပြောပါတယ်။ "Freedom Day" ဆိုပြီး ဗြိတိန်နိုင်ငံမှာ ကပ်ရောဂါဆိုင်ရာကန့်သတ်ချက်အားလုံးနီးပါး ရုပ်သိမ်းလိုက်တဲ့နေ့မှာပဲ အမေရိကန်ရဲ့ ခရီးသွားအကြံပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီထဲမှာ နှာခေါင်းစည်း မဖြစ်မနေတပ်ဖို့မလိုတော့သလို လူစုလူဝေးမလုပ်ရကန့်သတ်ချက်တွေလည်း ဖြေလျော့ပေးတာလည်းပါပါတယ်။

ဗြိတိန်မှာ ဇန်နဝါရီလကစပြီးနေ့စဉ်ပိုးကူးသူ ၅ သောင်းကျော်ရှိနေပြီး ကူးစက်မြန် Delta ပိုး အဓိကကူးစက်နေတာပါ။ ကနေဒါနိုင်ငံကတော့ သြဂုတ်လ ၉ ရက်နေ့ကပြီး အမေရိကန်နဲ့နယ်စပ်ကိုပြန်ဖွင့်မှာဖြစ်သလို ၇၂ နာရီအတွင်း ပိုးမရှိကြောင်း ဆေးစစ်ထားတဲ့သူတွေကို ဝင်ခွင့်ပြုမယ်လို့ တနင်္လာနေ့က ကြေငြာပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ကစပြီး ကာကွယ်ဆေးအပြည့်ထိုးထားသူတဲ့ တခြားတိုင်းပြည်ကလူတွေကို ဝင်ခွင့်ပေးမယ်လို့လည်းကနေဒါ တာဝန်ရှိသူတွေကပြောပါတယ်။ ၂၀၂၀ မတ်လကစပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံကြားမလိုအပ်ပဲ ခရီးသွားတာအားလုံးတားမြစ်ဖို့ သဘောတူထားတာပါ။

တခါသြစတေးလျ တောင်ပိုင်းပြည်နယ်မှာလည်းပိုးကူးသူသစ် ၅ ဦးတွေ့ရှိခဲ့တာကြောင့် အင်္ဂါနေ့ကစပြီး တပတ်ကြာကန့်သတ်ချက်တွေ ပြန်လိုက်ပါတယ်။ Victoria နဲ့ New South Wales ပြည်နယ်တွေမှာလည်း ဂျွန်လနှောင်းပိုင်းကတည်းက ကန့်သတ်ချက်တွေထုတ်ပြန်ထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG