သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားမဝင္ လာေရာက္ဖို႔ ႀကိဳးပမ္းသူေတြ ၿဗိတိန္ကမ္း ကပ္ခြင္႔မေပး


တရားမဝင္ လာေရာက္ဖို႔ ႀကိဳးပမ္းသူေတြ ၿဗိတိန္ကမ္း ကပ္ခြင္႔မေပး

{{Zawgyi/Unicode}}

အဂၤလိပ္ေရလက္ၾကားကို ျဖတ္ၿပီး ၿဗိတိန္ႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးစားသူေတြကို သယ္ေဆာင္လာတဲ့ ဘယ္ေလွသေဘၤာကို မဆို ျပန္လွည့္ခိုင္းဖို႔ ၿဗိတိန္အစိုးရက အတည္ျပဳခ်က္ ခ်လိုက္တာဟာ ဒုကၡသည္ဆိုင္ရာ ၿဗိတိန္နဲ႔ ျပင္သစ္ၾကား သေဘာထားကြဲျပားမႈကို ပိုႀကီးလာေစပါတယ္။

ဒီႏွစ္ထဲမွာပဲ ရာနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြဟာ ေရေၾကာင္းကူးသန္းသြားလာမႈ သိပ္မ်ားလွတဲ့ ဒီေရလက္ၾကားကို ျဖတ္ၿပီး ျပင္သစ္ကေန ၿဗိတိန္ႏိုင္ငံဘက္ကို ေလွငယ္ေလးေတြနဲ႔ ဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္။ ႏွစ္စဥ္ ေႏြရာသီေတြမွာ ဝင္ေရာက္လာေလ့ရွိေပမယ့္ ဒီႏွစ္မွာေတာ့ တျခားလမ္းေၾကာင္းေတြ ပိတ္ထားတာေၾကာင့္ ဒီလမ္းေၾကာင္းက ဝင္သူေတြ ပိုမ်ားေနတာပါ။

ၿဗိတိန္ေရပိုင္နက္ထဲ ေလွသေဘာၤေတြမဝင္ေအာင္ တားဆီးဖို႔ သင္တန္းေပးထားတဲ့ နယ္စပ္ေရးရာ အရာရွိေတြ အေနနဲ႔ အႏၲရာယ္ကင္းတယ္လို႔ ထင္မွသာ ဒီနည္းလမ္းသစ္ကို သံုးဖို႔ ၫႊန္ၾကာထားတယ္လို႔လည္း တာဝန္ခံအရာရွိတဦးက ၾကာသပေတးေန႔မွာ ေျပာပါတယ္။ ဒီမဟာဗ်ဴဟာသစ္ကို ၿဗိတိန္ယာယီ ေရွ႕ေနခ်ဳပ္ Michael Ellis က နယ္စပ္ေရးရာအရာရွိေတြ အတြက္ ခ်မွတ္ေပးခဲ့တာလို႔လည္း ေျပာပါတယ္။

ေလွငယ္ေလးေတြနဲ႔ ျပင္သစ္ကေနဝင္လာသူေတြကို ရပ္ေအာင္လုပ္ဖို႔ပထမဦးစားေပး လုပ္ေဆာင္ေနေၾကာင္း ၿဗိတိန္ ျပည္ထဲေရးဝန္ႀကီး Priti Patel က ျပင္သစ္ျပည္ထဲေရးဝန္ႀကီး Gerald Darmanin ကို ေျပာၾကားခဲ့ပါတယ္။ ျပင္သစ္ဝန္ႀကီးကလည္း ၿဗိတိန္ဟာ ေရေၾကာင္းဆိုင္ရာ ဥပေဒနဲ႔ ျပင္သစ္ကို ေပးထားတဲ့ ကတိကို ေလးစားဖို႔ ေျပာၾကားခဲ့တာပါ။ ဒီကတိျပဳခ်က္ထဲမွာ ျပင္သစ္ရဲ႕ နယ္စပ္ေရေၾကာင္း ေစာင့္ၾကည့္ကင္းလွည့္မႈအတြက္ ေငြေၾကးအကူအညီေပးဖို႔ပါဝင္ပါတယ္။

ၿဗိတိန္သတင္းမီဒီယာေတြကို ေပါက္ၾကားခဲ့တဲ့ ျပင္သစ္ဝန္ႀကီးရဲ႕ ၿဗိတိန္ဝန္ႀကီးဆီ ေပးစာထဲမွာေတာ့ ျပင္သစ္ကမ္း႐ိုးတန္းဘက္ကို ဒီေလွငယ္ေလးေတြ ျပန္သြားေအာင္ လုပ္တာဟာ အႏၲရာယ္ အလြန္ႀကီးသလို ကိုယ့္ႏိုင္ငံ၊ အေျခေနနဲ႔ ေရႊ႕ေျပာင္းသူမ်ားဆိုင္ရာ မူဝါဒေတြထက္ လူ႔အသက္ေတြပင္လယ္ျပင္မွာ မဆံုးပါးေစေရးက အဓိက ဦးစားေပးရမွာ ျဖစ္ေၾကာင္းေျပာ ၾကားထားတာပါ။

တိုက္႐ိုက္ လင့္ခ္

.................................

{{Unicode}}

အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး ဗြိတိန်နိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူတွေကို သယ်ဆောင်လာတဲ့ ဘယ်လှေသင်္ဘောကို မဆို ပြန်လှည့်ခိုင်းဖို့ ဗြိတိန်အစိုးရက အတည်ပြုချက် ချလိုက်တာဟာ ဒုက္ခသည်ဆိုင်ရာ ဗြိတိန်နဲ့ ပြင်သစ်ကြား သဘောထားကွဲပြားမှုကို ပိုကြီးလာစေပါတယ်။

ဒီနှစ်ထဲမှာပဲ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ရေကြောင်းကူးသန်းသွားလာမှု သိပ်များလှတဲ့ ဒီရေလက်ကြားကို ဖြတ်ပြီး ပြင်သစ်ကနေ ဗြိတိန်နိုင်ငံဘက်ကို လှေငယ်လေးတွေနဲ့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်စဉ် နွေရာသီတွေမှာ ဝင်ရောက်လာလေ့ရှိပေမယ့် ဒီနှစ်မှာတော့ တခြားလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ဒီလမ်းကြောင်းက ဝင်သူတွေ ပိုများနေတာပါ။

ဗြိတိန်ရေပိုင်နက်ထဲ လှေသဘောၤတွေမဝင်အောင် တားဆီးဖို့ သင်တန်းပေးထားတဲ့ နယ်စပ်ရေးရာ အရာရှိတွေ အနေနဲ့ အန္တရာယ်ကင်းတယ်လို့ ထင်မှသာ ဒီနည်းလမ်းသစ်ကို သုံးဖို့ ညွှန်ကြာထားတယ်လို့လည်း တာဝန်ခံအရာရှိတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒီမဟာဗျူဟာသစ်ကို ဗြိတိန်ယာယီ ရှေ့နေချုပ် Michael Ellis က နယ်စပ်ရေးရာအရာရှိတွေ အတွက် ချမှတ်ပေးခဲ့တာလို့လည်း ပြောပါတယ်။

လှေငယ်လေးတွေနဲ့ ပြင်သစ်ကနေဝင်လာသူတွေကို ရပ်အောင်လုပ်ဖို့ ပထမဦးစားပေး လုပ်ဆောင်နေကြောင်း ဗြိတိန် ပြည်ထဲရေးဝန်ကြီး Priti Patel က ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmanin ကို ပြောကြားခဲ့ပါတယ်။ ပြင်သစ်ဝန်ကြီးကလည်း ဗြိတိန်ဟာ ရေကြောင်းဆိုင်ရာ ဥပဒေနဲ့ ပြင်သစ်ကို ပေးထားတဲ့ ကတိကို လေးစားဖို့ ပြောကြားခဲ့တာပါ။ ဒီကတိပြုချက်ထဲမှာ ပြင်သစ်ရဲ့ နယ်စပ်ရေကြောင်း စောင့်ကြည့်ကင်းလှည့်မှုအတွက် ငွေကြေးအကူအညီပေးဖို့ပါဝင်ပါတယ်။

ဗြိတိန်သတင်းမီဒီယာတွေကို ပေါက်ကြားခဲ့တဲ့ ပြင်သစ်ဝန်ကြီးရဲ့ ဗြိတိန်ဝန်ကြီးဆီ ပေးစာထဲမှာတော့ ပြင်သစ်ကမ်းရိုးတန်းဘက်ကို ဒီလှေငယ်လေးတွေ ပြန်သွားအောင် လုပ်တာဟာ အန္တရာယ် အလွန်ကြီးသလို ကိုယ့်နိုင်ငံ၊ အခြေနေနဲ့ ရွှေ့ပြောင်းသူများဆိုင်ရာ မူဝါဒတွေထက် လူ့အသက်တွေပင်လယ်ပြင်မှာ မဆုံးပါးစေရေးက အဓိက ဦးစားပေးရမှာ ဖြစ်ကြောင်းပြော ကြားထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG