သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလာသူ ၁ ထောင်ကျော် အီတလီရေတပ်ကယ်ဆယ်


အီတလီကမ်းခြေစောင့်တပ်က ကယ်တင်လာတဲ့ ရွှေ့ပြောင်းသွားလာသူတွေကို Sicily ကျွန်း၊ သြဂတ်စ်တာ ဆိပ်ကမ်းကို ပို့ဆောင်ပေးစဉ်။ (ဧပြီ ၅၊ ၂၀၁၅)
အီတလီကမ်းခြေစောင့်တပ်က ကယ်တင်လာတဲ့ ရွှေ့ပြောင်းသွားလာသူတွေကို Sicily ကျွန်း၊ သြဂတ်စ်တာ ဆိပ်ကမ်းကို ပို့ဆောင်ပေးစဉ်။ (ဧပြီ ၅၊ ၂၀၁၅)

အီတလီရေတပ်နဲ့ ကမ်းခြေစောင့်သင်္ဘောတွေဟာ ၂၄ နာရီအတွင်းမှာတင် ရွှေ့ပြောင်း အခြေချနေထိုင်သူ ၁၅ဝဝ လောက်ကို ပင်လယ်ထဲကနေ ကယ်တင်ခဲ့ရပါတယ်။

လစ်ဗျားကမ်းလွန် မြေထဲပင်လယ်မှာ ဒုက္ခရောက်နေကြတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်လာသူ သင်္ဘော ၃ စင်းဆီက အရေးပေါ် အကူအညီ တောင်းခံချက်ကို ရရှိခဲ့တယ်လို့ အီတလီတာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။

ကယ်ဆယ်ဖို့အသွားမှာ - ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ နောက်ထပ် စက်လှေနှစ်စင်းကိုလည်း တာဝန်ရှိသူတွေက တွေ့ရှိခဲ့ကြပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ စုစုပေါင်း လူ ၁၅ဝဝ လောက်ကို စစ်စလီ (Sicily) ဒါမှမဟုတ် လမ်ပီဒူစာ (Lampedusa) ကျွန်းတွေဆီ ပို့ဆောင်ခဲ့ပြီး အခုထိတော့ သူတို့ရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဘာမှမသိရသေးပါဘူး။

XS
SM
MD
LG